ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၄/၁၅ စာ. ၂၈-၃၀
  • အစွမ်းကုန်သင်လုပ်ဆောင်နေသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အစွမ်းကုန်သင်လုပ်ဆောင်နေသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏အစွမ်းကုန်လုပ်ဆောင်နိုင်ခြင်းကိုတိုးပွားနိုင်
  • အခြားသူများကိုကူညီရာတွင် အစွမ်းကုန်လုပ်ဆောင်ခြင်း
  • လူများကိုစိတ်ဝင်စားမှုပြရာတွင် အစွမ်းကုန်လုပ်ဆောင်ခြင်း
  • သင့်အစွမ်းကုန်ထိလုပ်ဆောင်ပါ
  • “အစွမ်းကုန်ကြိုးစားအားထုတ်လော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံမှုနှင့်အညီ “နေ့စဉ်ရက်ဆက်” အသက်ရှင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေဟောဝါအတွက် ကိုယ့်ရဲ့ အကောင်းဆုံးကို ပေးဆက်ခြင်းက ပျော်ရွှင်စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၄/၁၅ စာ. ၂၈-၃၀

အစွမ်းကုန်သင်လုပ်ဆောင်နေသလော

“အကောင်းဆုံးငါလုပ်မယ်။” ဤစကားများနောက်ဝယ် “ဒါပေမယ့်” နှင့် အားမထုတ်လိုသောအကြောင်းပြချက်တသီတတန်းကြီး လိုက်ပါလာလေ့ရှိသည်မှာ မနည်းတော့ပါတကား။ ယေဟောဝါအားကျွန်ုပ်တို့ဆက်ကပ်အပ်နှံခြင်းကောမည်သို့နည်း။ ကျွန်ုပ်တို့၏အကောင်းဆုံးအရာကို ကိုယ်တော်အား ပေးမည်ဟူသောကတိကို ကျွန်ုပ်တို့ဖြည့်ဆည်းနေသလော။

ဆက်ကပ်အပ်နှံခြင်းမည်သည် ‘ဘုရားတစ်ပါး၏အမှုတော် သို့မဟုတ် ဝတ်ပြုရေးအတွက် သို့မဟုတ် မြင့်မြတ်သောလုပ်ငန်းအတွက်အသုံးခံရန် မိမိကိုယ်ကို သီးသန့်ပေးဆက်ခြင်း’ ဖြစ်သည်။ ယေရှုက “ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်” ဟုမိန့်တော်မူခြင်းအားဖြင့် ယေဟောဝါအားဆက်ကပ်အပ်နှံခြင်းတွင် မည်သည့်အရာများပါဝင်ကြောင်းကိုတင်ပြတော်မူခဲ့သည်။ (မဿဲ ၁၆:၂၄) မိမိကိုယ်ကို ငြင်းပယ်ပြီး ဘုရားသခင်အားဆက်ကပ်အပ်နှံသောသူသည် ဘုရားသခင်အလိုတော်ဆောင်ခြင်းကို ဘဝအတွက် အရေးအကြီးဆုံးလုပ်ဆောင်စရာအဖြစ် ထားရှိသည်။

ကျွန်ုပ်တို့သည် ဆက်ကပ်အပ်နှံထားကြသူများအနေနှင့် ဆက်ကပ်အပ်နှံမှုနှင့်အညီနေထိုင်ခြင်းရှိမရှိကို မိမိတို့ကိုယ်ကိုပြန်ဆန်းစစ်ရမည်။ တမန်တော်ပေတရုက ဘိသိက်ခံခရစ်ယာန်များကိုအားပေးရာတွင် ကျွန်ုပ်တို့ကိုယ်ကိုအဘယ်ကြောင့်စစ်ဆေးသင့်ကြောင်း သူထောက်ပြခဲ့သည်။ “သင်တို့ခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲစေခြင်းငှာ သာ၍ [အစွမ်းကုန်၊ ကဘ] ကြိုးစားအားထုတ်ကြလော့။ သို့ပြုလျှင် ရွေ့လျော့ခြင်းနှင့်အစဉ်ကင်းလွတ် [မည်။]” (၂ ပေတရု ၁:၁၀) မှန်ပါသည်။ ကျွန်ုပ်တို့အစွမ်းကုန်လုပ်ဆောင်ပါက ဝိညာဏဆုံးရှုံးမှုဖြင့်နိဂုံးချုပ်ရမည်မဟုတ်ပါ။

ကျွန်ုပ်တို့၏အစွမ်းကုန်လုပ်ဆောင်နိုင်ခြင်းကိုတိုးပွားနိုင်

သာ၍ကျယ်ပြန့်သည့်သဘောဖြင့် ဘုရားသခင်ထံဆက်ကပ်အပ်နှံထားကြသည့် ကျေးကျွန်အားလုံးတို့သည် ယေဟောဝါနှစ်သက်စေရန် အစွမ်းကုန် သို့မဟုတ် အကောင်းဆုံးလုပ်ဆောင်ရန် မျှော်လင့်ခံရကြသည်။ သို့သော် ဘုရားသခင်၏အလိုတော်ဆောင်ခြင်းတွင် ကျွန်ုပ်တို့အစွမ်းကုန်လုပ်ဆောင်သည့်အတိုင်းအတာသည် တိုးပွားလာနိုင်သည်။ သုံးနှစ်သားကလေးတစ်ဦးအတွက် ခိုင်းသည့်ကိစ္စကို ပြေးလွှားလုပ်ဆောင်ပေးခြင်းသည် မိခင်အတွက်အကောင်းဆုံးအကူအညီဖြစ်ပေမည်။ သို့သော် သူကြီးလာသည်နှင့်အမျှ ထိုထက်မကသာ၍လုပ်ဆောင်လာနိုင်ပေမည်။ ကျွန်ုပ်တို့၏ဝိညာဏကြီးထွားမှုတွင်လည်း အလားတူပင်ဖြစ်သည်။ ယခင်က ကျွန်ုပ်တို့အစွမ်းကုန်လုပ်ဆောင်ခြင်းသည် ယခုအစွမ်းကုန်မဟုတ်တော့ပါ။ ကျွန်ုပ်တို့သည် ယေဟောဝါအတွက်တိုးတက်လုပ်ဆောင်ရန် တိုက်တွန်းခံရကြသည်။

ယေဟောဝါအား ကျွန်ုပ်တို့ကျေးဇူးတင်လေးမြတ်မှုတိုးပွားခြင်းသည် ပိုမိုလုပ်ဆောင်လိုသည့်စိတ်ဆန္ဒကို တွန်းအားပေးသည်။ ကိုယ်တော့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာကို ကိုယ်ပိုင်လေ့လာခြင်းက ကျွန်ုပ်တို့အားကိုယ်တော်ပြုပေးရာများအတွက် ကျေးဇူးတင်လေးမြတ်ခြင်းကို အားဖြည့်ပေးသည်။ ဥပမာ၊ သားတော်၏စိုးလ်ကိုပေးဆက်၍ လူသားများအားအပြစ်မှကယ်နှုတ်ရန် မိမိသားတော်အားယေဟောဝါစေလွှတ်လိုက်ခြင်းကို ကျွန်ုပ်တို့ ဂရုတစိုက်စူးစမ်းစစ်ဆေးပြီး တွေးတောဆင်ခြင်လိုက်သောအခါ ရွေးဖိုးအစီအစဉ်ကို အစပြုပေးတော်မူသည့်အရှင်၏ အမှုတော်ကိုထမ်းဆောင်ရန် ကျွန်ုပ်တို့လှုံ့ဆော်ခံရကြသည်။ (ယောဟန် ၃:၁၆၊ ၁၇။ ၁ ယောဟန် ၄:၉-၁၁) “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍သိမှတ်” လေလေ ကိုယ်တော်အား ပို၍အမှုဆောင်လိုလေလေပင်ဖြစ်သည်။—ဆာလံ ၃၄:၈။

ဂျက်တာအမည်ရှိအချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦး ဤအချက်ကိုသဘောပေါက်ခဲ့သည်။ သူမလေ့လာသိရှိခဲ့တဲ့အရာများကို ပို၍လေးလေးနက်နက်သိနားလည်နိုင်ရန်ရည်ရွယ်ချက်ဖြင့် သူမ၏အိမ်ထဲတွင် အခန်းကလေးတစ်ခုဖွဲ့ထားသည်။ စူးစမ်းလေ့လာမှုပြုစဉ် အာရုံစူးစိုက်နိုင်ရန် ထိုသို့သူမစီစဉ်ခြင်းဖြစ်သည်။ သူမလက်လှမ်းမီနိုင်သည့်စာအုပ်စင်တွင် Watchtower Publications Indexes စာအုပ်အပြင် ကင်းမျှော်စင် နှင့် နိုးလော့ နှစ်ချုပ်စာအုပ်များလည်းရှိသည်။ “စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကို ကျွန်မရှာဖွေစုဆောင်းမိတဲ့အခါမှာ ချက်ချင်းဘဲသူများကိုပြောပြချင်စိတ်ပေါ်လာတယ်” ဟုသူမပြောသည်။

သို့သော် အထူးကောင်းမွန်သည့်အစားအစာများကို ရံဖန်ရံခါမျှသာစားခြင်းသည် လူတစ်ဦးအား နေ့စဉ်ပုံမှန်အစာစားရန်လိုအပ်ခြင်းမှ မလွတ်ကင်းစေသကဲ့သို့ သမ္မာကျမ်းစာကို လေးလေးနက်နက်စူးစမ်းရှာဖွေမှုတစ်ကြိမ်သည် နေ့စဉ်ဝိညာဏအစာစားသောက်ရန်လိုအပ်ချက်ကို မပယ်ဖျက်ပါ။ ဤလိုအပ်ချက်ကို ရုသ်ကောင်းစွာသဘောပေါက်ခဲ့သည်။ သူမပြန်သတိရသရွေ့ဆိုလျှင် သူမ၏မိသားစုသည် နံနက်စာ၊ ညစာစားပြီးတိုင်း အတူတကွကျမ်းစာဖတ်ခဲ့ကြသည်။ နှစ်ပေါင်း ၆၀ ကျော် အချိန်ပြည့်ဓမ္မအမှုတွင်ပါဝင်ခဲ့ပြီးနောက် ယခုသူမအသက် ၈၁ နှစ်တွင်လည်း သူမအိပ်ယာနိုးသည့် နံနက် ၆ နာရီတွင် ကျမ်းစာကိုမှန်မှန်ဖတ်မြဲရှိသည်။ ကင်းမျှော်စင် နှင့် နိုးလော့မဂ္ဂဇင်းများကိုရရချင်း ဖတ်ရန်အချိန်ကိုသူမရှာယူသည်။ အသင်းတော်တွင်မလေ့လာမီ အနည်းဆုံးသုံးလေးခေါက် သူမဖတ်ပြီးသားဖြစ်သည်။ “သမ္မာကျမ်းစာကိုနားလည်ခြင်းဟာ ယုံကြည်ခြင်းသန်စွမ်းဖို့အတွက် လိုအပ်ချက်ဖြစ်တယ်” ဟုသူမပြောသည်။ သာသနာပြုလုပ်ငန်းတွင် နှစ်ပေါင်းများစွာပါဝင်ရန်လည်း ယင်းက သူမအားအကူအညီပေးခဲ့သည်။

အခြားသူများကိုကူညီရာတွင် အစွမ်းကုန်လုပ်ဆောင်ခြင်း

ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မှန်မှန်ကန်ကန်နှင့် လေးလေးနက်နက်လေ့လာခြင်းအားဖြင့် ဘုရားသခင်အားအမှုဆောင်လိုသည့် ကျွန်ုပ်တို့၏စိတ်ဇောထက်သန်မှုကြီးထွားလာပြီး ကျွန်ုပ်တို့အတွင်း၌ရှိသောအရာတစ်ခုက ကျွန်ုပ်တို့ပိုမိုလုပ်ဆောင်ရန်တိုက်တွန်းသည်။ (ယေရမိ ၂၀:၉ နှိုင်းယှဉ်။) ထိုစိတ်ဇောထက်သန်မှုက ဟီရိုဟီစာအား သူ၏ဓမ္မအမှုကျေပွန်ရန် လှုံ့ဆော်ပေးခဲ့သည်။ (၂ တိမောသေ ၄:၅) ကြင်ဖော်မဲ့မိဘမိသားစုတွင် သူအောက်ညီငယ်ညီမငယ်လေးဦးနှင့် နေသူဖြစ်သည်။ သူဆယ်ကျော်သက်အရွယ်တွင် ဟီရိုဟီစာသည် နံနက်သုံးနာရီအိပ်ရာထ၍ သတင်းစာပို့ခြင်းအားဖြင့် မိသားစုကိုထောက်ပံ့ခဲ့သည်။ သူတစ်ပါးအား ယေဟောဝါအကြောင်းပြောပြခြင်းတွင် ပိုမိုလုပ်ဆောင်လိုသောကြောင့် ရှေ့ဆောင်လုပ်ငန်းဟုခေါ်သော ယေဟောဝါသက်သေများ၏အချိန်ပြည့်ဓမ္မအမှုတွင် ပါဝင်ရန်သူလျှောက်လွှာတင်ခဲ့သည်။ ငယ်ရွယ်သည့်အလျောက် ယေဟောဝါအားအစွမ်းကုန်ချီးမွမ်းခြင်းလုပ်ငန်းတွင် သူနှင့်အတူပါဝင်ရန် သူတစ်ပါးအားကူညီခြင်းကို သူပျော်မွေ့ခဲ့သည်။

အခြားသူများအားကူညီရာ၌ အစွမ်းကုန်လုပ်ဆောင်ခြင်းတွင် ထိရောက်စွာဓမ္မအမှုဆောင်ခြင်းပါဝင်သည်။ တစ်ခါက တပည့်တော်များအား ယေရှုဤသို့အားပေးခဲ့သည်။ “ဤအရာများကိုသင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။” (ယောဟန် ၁၃:၁၇) ကျွန်ုပ်တို့ဓမ္မအမှုကိုတိုးတက်စေရန် ယေဟောဝါအဖွဲ့အစည်းပေးသည့်အကြံဉာဏ်များကို လက်တွေ့ကျင့်သုံးရာတွင် နေအိုမိသည် ကောင်းသောပုံသက်သေဖြစ်သည်။ တစ်အိမ်မှတစ်အိမ်သွားရာတွင် သူစိမ်းများနှင့်စကားပြောဆိုခြင်းသည် သူမအတွက်အလွန်ခက်ခဲပြီး မကြာခဏဆိုသလို တံခါးဝတွင်ရပ်ပြီး ဘာပြောရမည်မသိဖြစ်နေတတ်သည်။ အသင်းတော်အကြီးအကဲများက Reasoning From the Scriptures စာအုပ်၊ “လယ်ကွင်းဓမ္မအမှုတွင်အသုံးပြုရန်နိဒါန်းများ” ကဏ္ဍပါ အကြံပေးချက်များကို လိုက်လျှောက်ရန် သူမအားတိုက်တွန်းခဲ့သည်။a “မိသားစု/ကလေးများ” ဟူသောခေါင်းစဉ်အောက်ရှိနိဒါန်းကို သူမအလွတ်ကျက်ပြီး အကြိမ်ကြိမ်လေ့ကျင့်ခဲ့သည်။ ရလဒ်ကား အသက် ၃၀ ကျော်အိမ်ရှင်မတစ်ဦးနှင့် သူမစကားပြောဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးအား နေအိုမိပြန်လည်ပတ်မှုမပြုမီမှာပင် ဘုရားနိုင်ငံတော်ခန်းမသို့ သူမရောက်လာသည်။ ကျမ်းစာသင်အံမှုစတင်ခဲ့သည်။ ယခုအခါ သူမနှင့်သူမခင်ပွန်းတို့သည် နှစ်ခြင်းခံပြီးသောခရစ်ယာန်များဖြစ်ကြပြီး၊ သူတို့၏ကလေးများနှင့်အတူ ပျော်ရွှင်သည့်ခရစ်ယာန်မိသားစုဘဝကို မွေ့လျော်သောသူများ ဖြစ်နေကြပြီ။

လူများကိုစိတ်ဝင်စားမှုပြရာတွင် အစွမ်းကုန်လုပ်ဆောင်ခြင်း

တမန်တော်ပေါလုကိုလည်း ကျွန်ုပ်တို့အတုယူနိုင်သည်။ သူဤသို့ပြောခဲ့သည်။ ‘သူတစ်ပါးနှင့်သတင်းကောင်းကိုဆက်ဆံခြင်းအလို့ငှာ သတင်းကောင်းတရားကြောင့် အရာခပ်သိမ်းကိုငါပြုလေ့ရှိ၏။’—၁ ကောရိန္သု ၉:၂၂၊ ၂၃။

ဟပ်တ်စူမီသည် ဤသဘောထားကိုတုပခဲ့သည်။ ဟပ်တ်စူမီဓမ္မအမှုဆောင်စဉ်တွင် အမျိုးသမီးတစ်ဦးက စကားပြောရန်လုံးဝမအားကြောင်း အိမ်တွင်းဆက်သွယ်ရေးဖုန်းမှ ယဉ်ကျေးစွာပြောလိုက်သည်။ အိမ်ရှင်၏အသံသည် နူးညံ့သိမ်မွေ့မှုရှိသဖြင့် သူမထံ ဟပ်တ်စူမီဆက်၍လည်ပတ်ခဲ့သည်။ အိမ်ရှင်က အိမ်တွင်းပြောဖုန်းဖြင့်သာစကားပြောပြီး အပြင်သို့တစ်ခါမျှထွက်မလာချေ။ ယင်းသို့ပင် နှစ်နှစ်ခွဲအထိကြာခဲ့သည်။

တစ်ခါသော် ဟပ်တ်စူမီသည် မိမိလည်ပတ်သည့်အချိန်ကို ပြောင်းလိုက်သည်။ နေစောင်းချိန်တွင် သူမလည်ပတ်သည်။ မည်သူမျှ ပြန်မထူးချေ။ သူမပြန်ထွက်ရန်ပြုသောအခါ အကျွမ်းဝင်သောအသံတစ်သံက သူမနောက်မှပေါ်လာပြီး “ရှင်ဘယ်သူပါလဲ” ဟုမေးသည်။ ထိုအမျိုးသမီးသည် ယခုမှအပြင်ကပြန်လာခြင်းဖြစ်သည်။ ဟတ်တ်စူမီ၏အမည်ကိုသိလိုက်သောအခါ သူမက “ဩ၊ ကျွန်မဆီလာလာလည်ပတ်နေတာ ရှင်ပဲကိုး။ ကျွန်မကိုအမြဲဂရုစိုက်တာ ကျေးဇူးတင်ပါတယ်” ဟုတုံ့ပြန်လိုက်သည်။ သူမသည် အခြားတစ်နေရာတွင် ယေဟောဝါသက်သေများနှင့် ကျမ်းစာသင်အံမှုဖြတ်တောက်ခဲ့ဖူးသောကြောင့် ဟပ်တ်စူမီအား တံခါးဖွင့်ပေးရန် ဝန်လေးနေခဲ့ခြင်းဖြစ်သည်။ ကျမ်းစာသင်အံမှုပြန်လည်စတင်ပြီး အိမ်ရှင်သည် အလွန်တိုးတက်လာသည်။ တစ်အိမ်တက်ဆင်းဓမ္မအမှုတွင် ကျွန်ုပ်တို့သည် လူများကို ထိုမျှဂရုစိုက်သလော။

သင့်အစွမ်းကုန်ထိလုပ်ဆောင်ပါ

ယေဟောဝါသည် ကိုယ်တော်အားဝတ်ပြုရေးတွင် ကျွန်ုပ်တို့အစွမ်းကုန်ကြိုးစားလုပ်ဆောင်ခြင်းကို လေးမြတ်တော်မူသည်။ ကိုယ်တော်သည် လက်ဆောင်များနှင့်လာသောသား၏ဖခင်ကဲ့သို့ဖြစ်သည်။ နှစ်များစွာကြာလာသည်နှင့်အမျှ သား၏အသက်အရွယ်နှင့် ပစ္စည်းဥစ္စာပေါ်မူတည်၍ လက်ဆောင်လည်းကွာခြားလာပေမည်။ သားက တလိုတလားပေးလှာသော မည်သည့်လက်ဆောင်မဆိုအတွက် ဖခင်ကဝမ်းသာသကဲ့သို့ ကျွန်ုပ်တို့၏ဝိညာဏကြီးထွားမှုနှင့်အညီ စိတ်နှလုံးအကြွင်းမဲ့အမှုဆောင်ခြင်းကို ယေဟောဝါသည် ရှောရှောရှူရှူလက်ခံတော်မူသည်။

အစွမ်းကုန်လုပ်ဆောင်နိုင်သည့် ကျွန်ုပ်တို့၏အတိုင်းအတာကို အခြားသူများ၏အတိုင်းအတာနှင့် နှိုင်းယှဉ်စရာအကြောင်းမရှိပါ။ ပေါလုပြောသကဲ့သို့ ကျွန်ုပ်တို့သည် မိမိကိုယ်နှင့်ပတ်သက်၍ ဝမ်းမြောက်စရာအကြောင်းဖြစ်မည်။ “အခြားသူတစ်စုံတစ်ယောက်၏အပြုအမူနှင့် နှိုင်းယှဉ်ကြည့်ရန်မလို” ပေ။ (ဂလာတိ ၆:၄၊ သက) တမန်တော်ပေတရု၏ဆုံးမစကားကို ကျွန်ုပ်တို့အမြဲလိုက်နာကြပါစို့။ “ရှေ့တော်၌စိတ်နှလုံးဖြူစင်သန့်ရှင်း၊ အပြစ်ကင်းစင်စေရန်နှင့် ကိုယ်တော်နှစ်သက်လက်ခံဖွယ်ဖြစ်ကြစေရန် အစွမ်းကုန်ကြိုးစားအားထုတ်ကြလော့။”—၂ ပေတရု ၃:၁၄၊ သက။

[အောက်ခြေမှတ်ချက်များ]

a နယူးယောက်မြို့ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေသည်။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

လယ်ကွင်းဓမ္မအမှုဆိုင်ရာ အကြံပေးချက်များကို အသုံးချရာ၌ သင်အတတ်နိုင်ဆုံး ဆောင်ရွက်နေပါသလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ