ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၃/၁ စာ. ၂၄-၂၈
  • ကျွန်တော့်အသက်တာတွင် ‘ယေဟောဝါ၏လက်တော်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်တော့်အသက်တာတွင် ‘ယေဟောဝါ၏လက်တော်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကနဦးဟောပြောခြင်းလုပ်ဆောင်မှု
  • ကနေဒါတွင်ကျွန်တော်တို့၏လုပ်ငန်းပိတ်ပင်ခံခဲ့ရ
  • အချိန်ပြည့်လုပ်ငန်း၏အသွင်အမျိုးမျိုး
  • ဘရာဇီးတွင် သားသမီးများမွေးမြူခြင်း
  • ကနေဒါသို့ ပြန်ခြင်း
  • မှန်ကန်သောရွေးချယ်မှုက အသက်တာတစ်လျှောက် ကောင်းချီးရစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • စည်းလုံးသော မိသားစုအဖြစ် ယေဟောဝါအမှုတော်ကို ထမ်းဆောင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဘုရားသခင့် မဟာကရုဏာကို နည်းလမ်းမျိုးစုံနဲ့ ခံစားခဲ့ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခြောက်နှစ်အရွယ်က ဆုံးဖြတ်ထားသည့် ပန်းတိုင်ကို မီအောင်လိုက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၃/၁ စာ. ၂၄-၂၈

ကျွန်တော့်အသက်တာတွင် ‘ယေဟောဝါ၏လက်တော်’

လာရဲန့်စ်သာ်မဆင် ပြာပြသည်

၁၉၄၆ ခုနှစ်၏ညတစ်ညတွင် အဖေနှင့်ကျွန်တော်တို့သည် ကားထဲတွင်ထိုင်ပြီး ကောင်းကင်တွင်ယှက်ဖြာနေသည့် မြောက်ဝင်ရိုးစွန်းအလင်းတန်းများကို ကြည့်နေကြသည်။ ကျွန်တော်တို့သည် ယေဟောဝါ၏ကြီးမြတ်တော်မူခြင်းနှင့် ကျွန်တော်တို့၏သေးသိမ်ခြင်းအကြောင်း ပြောနေခဲ့ကြသည်။ ကနေဒါနိုင်ငံတွင် ယေဟောဝါသက်သေများ၏လုပ်ငန်း ပိတ်ပင်ခံခဲ့ရသောနှစ်များက အဖြစ်အပျက်များကို ကျွန်တော်တို့စားမြုံ့ပြန်ကြသည်။ ထိုနှစ်များတစ်လျှောက် ယေဟောဝါသည် မိမိ၏လူများကို မည်သို့ထောက်ပံ့ပြီး မည်သို့လမ်းညွှန်ခဲ့သည်များကို အဖေကကျွန်တော့်အား စွဲမြဲမှတ်သားစေခဲ့သည်။

ကျွန်တော့်အသက် ၁၃ နှစ်သာရှိသေးသော်လည်း အဖေပြောသည့်အမှန်တရားများကို ကျွန်တော်ကောင်းကောင်းသဘောပေါက်သည်။ ယခုအချိန်အထိလုပ်နေရမည့် ဟောပြောခြင်းလုပ်ငန်း၏ အရေးတကြီးဖြစ်ခြင်းနှင့် ကြီးမားကျယ်ပြန့်ခြင်းတို့ကိုလည်း ကျွန်တော့်ကို အဖေကစွဲမှတ်စေခဲ့သည်။ အဖေက တောလည်ရာ ၁၁:၂၃ ကိုကိုးကားပြီး ယေဟောဝါ၏လက်တော်သည် ဘယ်တော့မျှမတိုကြောင်း ကျွန်တော့်အား ဖိအားပေး၍ပြောခဲ့သည်။ ကျွန်တော်တို့ဘက်မှ သစ္စာစောင့်ခြင်းနှင့် ယုံစားခြင်းကင်းမဲ့မှုတို့ကသာ ကျွန်တော်တို့အားကိုယ်တော်ပြုပေးမည့်အရာများကို အကန့်အသတ်ဖြစ်စေမည်ဖြစ်သည်။ ယင်းကား ကျွန်တော်ဘယ်တော့မျှမမေ့သည့် တန်ဖိုးရှိသော သားအဖချင်းပြောဆိုဆက်ဆံရေးပင်ဖြစ်သည်။

ကင်းမျှော်စင်အသင်းစာပေများ၊ အထူးသဖြင့် ၁၉၃၉ ခုနှစ်တွင်ထုတ်ဝေသည့် ကယ်တင်ခြင်း စာအုပ်ကိုလေ့လာခြင်းကလည်း ကျွန်တော်၏ငယ်ရွယ်စဉ်အသက်တာကို အလွန်သြဇာညောင်းခဲ့သည်။ ထိုစာအုပ်၏ စိတ်စွဲငြိစရာအဖွင့်ပုံဥပမာကို ကျွန်တော်ဘယ်တော့မျှမမေ့နိုင်ပါ– “ခရီးသည်များပြည့်ကျပ်နေသော အမြန်ရထားတစ်စင်းသည် တစ်နာရီလျှင်မိုင်တစ်ရာနှုန်းဖြင့် သွားနေသည်။ ယင်းသည် နောက်ဆုံးတွဲမှ ရထားစက်ခေါင်းကိုမြင်နိုင်သည့် ငါးဆယ်ရာခိုင်နှုန်းနီးပါးကွေ့ကောက်နေသောတံတားရှိ မြစ်တစ်ခုကို ဖြတ်သွားရမည် . . . နောက်ဆုံးတွဲတွင် စီးလာသောလူနှစ်ဦးက . . . တံတား၏အခြားတစ်ဖက်သည် မီးလောင်နေပြီး မြစ်ထဲသို့ ပြိုကျနေသည်ကို တွေ့ ကြသည်။ ကြီးမားသည့်အန္တရာယ်ကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း သူတို့သိလိုက်ကြသည်။ ယင်းကား တကယ့်အရေးပေါ်ကိစ္စဖြစ်သည်။ စီးနင်းလိုက်ပါလာသော ခရီးသည်များ၏အသက်ကိုကယ်နိုင်ရန် ရထားကိုအချိန်မီရပ်နိုင်ပါမည်လော။”

စာအုပ်က ဥပမာကိုတင်ပြပြီးနောက် ဤသို့နိဂုံးချုပ်လိုက်သည်– “ယနေ့လည်း အလားတူပင် မြေကြီးပေါ်ရှိလူမျိုးအားလုံးနှင့် လူအားလုံးတို့သည် အကြီးမားဆုံးသောအရေးပေါ်ကိစ္စတစ်ခုကို ထိပ်တိုက်ရင်ဆိုင်နေကြရသည်။ အာမဂေဒုန်ကပ်ဘေးသည် မဝေးတော့ကြောင်း ဘုရားသခင်မိန့်မှာချက်များအားဖြင့် သူတို့သတိပေးခံရကြသည်။ . . . သတိပေးခံရသောကြောင့် သတိပေးခံရသူတစ်ဦးစီသည် မိမိလျှောက်ရမည့်လမ်းစဉ်ကို ယခုရွေးချယ်ရတော့မည်ဖြစ်သည်။”

အရှိန်ပြင်းစွာသွားနေသည့်ရထားကြီး၊ မီးလောင်နေသည့်တံတားနှင့် ဟောပြောခြင်းလုပ်ငန်း၏ အရေးတကြီးဖြစ်ခြင်းတို့သည် ကျွန်တော့်စိတ်ထဲတွင် မပျောက်ပျက်နိုင်အောင် စွဲထင်ကျန်ခဲ့သည်။

ကနဦးဟောပြောခြင်းလုပ်ဆောင်မှု

၁၉၃၈ ခု၊ ကျွန်တော့်အသက်ငါးနှစ်အရွယ်၌ ဟောပြောခြင်းလုပ်ငန်းတွင် စတင်ပါဝင်ခဲ့သည်။ ရှေ့ဆောင် (အချိန်ပြည့်ဓမ္မအမှုဆောင်) များဖြစ်ကြသည့် ဟယ်နရီနှင့် အဲလပ်စ်တွစ်ဒ်တို့က ကျွန်တော့်ကိုသူတို့နှင့်အတူခေါ်ပြီး တစ်ရက်လျှင် ၁၀ နာရီမှ ၁၂ နာရီအထိကြာသည့် လူများနှင့်စကားပြောဆိုခြင်းကို ပြုလေ့ရှိကြသည်။ ယေဟောဝါ၏လုပ်ငန်းတော်တွင် တစ်နေကုန်ပါဝင်ရသည့် ထိုနေ့ရက်များကို ကျွန်တော်အပြည့်အဝပျော်မွေ့ခဲ့သည်။ ထို့ကြောင့် ကျွန်တော်၏အမှုဆောင်မှတ်တမ်းကို အတည်သွင်းရမည့် ကြေညာသူတစ်ဦးဖြစ်လာရန် အဖေနှင့်အမေတို့ထံမှခွင့်ပြုချက်ရမည့် လာမည့်နှစ်များကို စိတ်လှုပ်ရှားစွာကျွန်တော်စောင့်မျှော်နေခဲ့သည်။

ထိုအဦးပိုင်းအချိန်များက ဗာဗုလုန်ဘာသာရေးကိုဖော်ထုတ်ပြီး ဘုရားသခင့်နိုင်ငံတော်အကြောင်း ကြေညာသည့်ကြော်ငြာစာများကို ကိုယ်ပေါ်တွင်ချိတ်ဆွဲကာ မြို့လယ်လမ်းမများတွင် ကြေညာခြင်း၌ ကျွန်တော်တို့ပါဝင်ခဲ့ကြသည်။ သယ်ရလွယ်သည့်ဓာတ်စက်များအားဖြင့်လည်း ကျမ်းစာအခြေခံသည့်သတင်းစကားများကို အိမ်တံခါးဝများတွင် ဖွင့်ပြကြသည်။ ကင်းမျှော်စင်အသင်းဥက္ကဋ္ဌ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်၏ ဟောပြောချက်များကို ကျွန်တော်တို့ဖွင့်ပြလေ့ရှိသည်။ ယင်းတို့မှအချို့ကို ကျွန်တော်အလွတ်ရနေသည်။ သူပြောသည့်ဤအချက်ကို ကျွန်တော်ပီပီပြင်ပြင်ကြားယောင်နေဆဲဖြစ်သည်– “ဘာသာရေးဆိုတာ ထောင်ချောက်၊ ကလိန်ဆင်မှုပဲလို့ ပြောလေ့ရှိကြတယ်!”

ကနေဒါတွင်ကျွန်တော်တို့၏လုပ်ငန်းပိတ်ပင်ခံခဲ့ရ

ဒုတိယကမ္ဘာစစ်အတွင်းတွင် နာဇီဂျာမနီနှင့်အခြားနိုင်ငံများကဲ့သို့ ကနေဒါတွင်လည်း ယေဟောဝါသက်သေများ၏လုပ်ငန်း ပိတ်ပင်ခံခဲ့ရသည်။ ထို့ကြောင့် ကျွန်တော်တို့သည် သမ္မာကျမ်းစာ၏ညွှန်ကြားချက်ကို နာခံသောအားဖြင့် ကျမ်းစာကိုသာအသုံးပြုပြီး ဘုရားသခင်အပ်နှင်းထားသည့်လုပ်ငန်းကို ဆက်၍လုပ်ကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်တော် ၅:၂၉) ကျွန်တော်တို့၏အစည်းအဝေးများနှင့် အိမ်များသို့ ရဲများရုတ်တရက်ချင်းနင်းဝင်ရောက်ရှာဖွေခြင်းကို ရင်ဆိုင်ဖြေရှင်းတတ်လာကြသည်။ တရားသူကြီးများရှေ့တွင် သက်သေခံခြင်း၊ အပြန်အလှန်လှည့်ပတ်စစ်ဆေးမေးမြန်းသူများကို အဖြေပေးခြင်းများတွင်လည်း ကျွန်တော်တို့အတွေ့အကြုံရလာသည်။

ကျွန်တော်နှင့်ကျွန်တော့်အစ်ကို ဂျင်းမ်တို့သည် သွားနေသည့်ကားပေါ်မှနေ၍ အိမ်တံခါးဝနှင့် ဝရန်တာများပေါ်သို့ စာအုပ်ငယ်များပစ်တင်ရာတွင် အလွန်ကျွမ်းကျင်သူများဖြစ်လာကြသည်။ ထို့အပြင် ကျွန်တော်တို့သည် ခြေလျင်အမှုထမ်းအဖြစ် လုပ်ဆောင်ကြပြီး တစ်ခါတစ်ရံ အမေရိကန်နိုင်ငံသို့ ခရိုင်စည်းဝေးပွဲသွားတက်ရန် နယ်စပ်ကိုဖြတ်ကူးသူများအတွက် ကင်းစောင့်လုပ်ပေးရသည်။

ကျွန်တော်တို့၏အိမ်သည် အော်န်တယ်ရီယိုခရိုင်၊ ပေါ့တ်အာသာမြို့ (ယခု သန်းဒဘေးမြို့) ၏မြို့စွန်ပိုင်း၊ သစ်ပင်နှင့် ချုံပုတ်များ ဧကများစွာဝိုင်းရံထားသည့်နေရာတွင်ရှိသည်။ ကျွန်တော်တို့တွင် နွားမ၊ နွားကလေး၊ ဝက်နှင့်ကြက်များရှိသည်—ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းကြောင့် ထောင်ချရန် လိုက်လံဖမ်းဆီးခြင်းခံနေရသော ကျွန်တော်တို့၏အဖော်ခရစ်ယာန်လူငယ်များကို အထောက်အကူပေးနေသည့်ကျွန်တော်တို့၏အလုပ်ကို ယင်းတို့အားလုံးက ကောင်းစွာကိုယ်ယောင်ဖျောက်ပေးထားသည်။

ညဘက်တွင် ခရစ်ယာန်လူငယ်များကို တင်ဆောင်လာသော ကား၊ ကုန်ကားနှင့် ယာဉ်နောက်တွဲများသည် ကျွန်တော်တို့၏သီးသန့်နေရာလေးသို့ ဝင်ထွက်သွားလာလေ့ရှိသည်။ ကျွန်တော်တို့က ထိုလူငယ်များကို တည်းခိုစရာလုပ်ပေး၊ ဝှက်ထားပေး၊ ရုပ်ဖျက်ပေး၊ ကျွေးမွေးပေးပြီး သူတို့၏လမ်းကိုဆက်သွားရန် လွှတ်လိုက်လေ့ရှိသည်။ ကျွန်တော့်အဖေ၊ အမေနှင့်အတူ ထိုအဦးပိုင်းလုပ်သားများသည် ယေဟောဝါဘုရားအားချစ်ရန်နှင့် အမှုဆောင်ရန် ကျွန်တော်၏နုနယ်သည့်နှလုံးသားကို ဩဇာသက်ရောက်စေခဲ့သည့် စိုးလ်အကြွင်းမဲ့အမှုထမ်းများဖြစ်ကြသည်။

၁၉၄၁ ခု၊ ဩဂုတ်လတွင် ကျွန်တော့်အသက်တာကို ယေဟောဝါထံတော်တွင်အပ်နှံခဲ့ပြီး တောနက်ထဲရှိရေကန်ငယ်ကလေးတစ်ခုတွင် နှစ်ခြင်းခံခဲ့သည်။ ထိုအခမ်းအနားအတွက် ကျွန်တော်တို့အတော်များများသည် ညဉ့်နက်သည့်အခါ မီးခွက်ထွန်းထားသောတဲအိမ်ကလေးတစ်ခုတွင် စုဝေးကြသည်။ မသင်္ကာပုံရသည့်ရဲများသည် ရေကန်ကိုမီးမောင်းထိုး၍ ပိုက်စိပ်တိုက်ရှာဖွေကြသော်လည်း ကျွန်တော်တို့ကိုမတွေ့ပါ။

အချိန်ပြည့်လုပ်ငန်း၏အသွင်အမျိုးမျိုး

၁၉၅၁ ခုနှစ်တွင် ကျွန်တော်အထက်တန်းပညာအောင်မြင်ခဲ့ပြီး အော်န်တယ်ရီယိုခရိုင်၊ ကိုဘာ့ဂ်မြို့တွင် ရှေ့ဆောင်တာဝန်ထမ်းဆောင်ရန် မိုင်တစ်ထောင်နီးပါးခရီးဆန့်ခဲ့ရသည်။ အသင်းတော်ငယ်ကလေးဖြစ်ပြီး ကျွန်တော့်အတွက် ရှေ့ဆောင်တွဲဖက်မရှိချေ။ သို့သော် ယေဟောဝါ၏လက်တော်မတိုကြောင်း သတိရသည်နှင့် အခန်းတစ်ခန်းငှား၊ ကိုယ်တိုင်ချက်ပြုတ်စားသောက်ကာ ယေဟောဝါ၏အမှုတော်ဆောင်ခြင်းတွင် ပျော်ရွှင်ခဲ့သည်။ နောက်တစ်နှစ်တွင် တိုရန်တိုမြို့ရှိ ကင်းမျှော်စင်အသင်း၏ဌာနခွဲရုံးတွင် အမှုဆောင်ရန် ခေါ်ဖိတ်ခံခဲ့ရသည်။ ထိုတွင် အနာဂတ်ဘုရားနိုင်ငံတော်လုပ်ငန်းအတွက် ကျွန်တော့်ကိုပြုပြင်လေ့ကျင့်ပေးသည့် တန်ဖိုးရှိသင်ခန်းစာများစွာကို သင်ယူရရှိခဲ့သည်။

တိုရန်တိုမြို့တွင် ရှေ့ဆောင်အဖြစ် တစ်နှစ်ကျော်ကျော်အမှုဆောင်ပြီးနောက် လူစီထရူဒိုနှင့်ကျွန်တော်လက်ထပ်ခဲ့ပြီး ၁၉၅၄ ခုနှစ် ဆောင်းရာသီတွင် ကွိဘက်ခရိုင်၊ လီဗာ့စ်မြို့၌ ရှေ့ဆောင်ရန်တာဝန်ကို ကျွန်တော်တို့လက်ခံရရှိခဲ့သည်။ ရာသီဥတုက ပြင်းထန်စွာအေး၊ လူထုနှင့်ရဲများ၏အနှောင့်အယှက်က ခြိမ်းခြောက်မှုဖြစ်၊ ပြင်သစ်ဘာသာစကားကို သင်ယူရခြင်းကလည်း စိန်ခေါ်မှုဖြစ်ခဲ့သည်။ ယင်းအချိန်တစ်လျှောက် ယေဟောဝါ၏လက်တော်မတိုသောကြောင့် ခက်ခဲသည့်အချိန်များရှိခဲ့သည့်နည်းတူ ကောင်းချီးများစွာကိုလည်း ကျွန်တော်တို့ခံစားခဲ့ကြရသည်။

ဥပမာ၊ ၁၉၅၅ ခုနှစ်တွင်ကျင်းပသည့် ဥရောပတစ်ခွင်အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးများကို တက်ရောက်မည့်ကိုယ်စားလှယ်များအား တင်ဆောင်ပေးရန် အသင်းမအစီအစဉ်ရှိသည့် (အရိုစာစတား နှင့် အရိုစာကွမ်း အမည်ရှိ) သင်္ဘောနှစ်စင်းကို သွား၍စစ်ဆေးကြည့်ရှုရန် ကျွန်တော်တို့တာဝန်ပေးခံခဲ့ရသည်။ အသင်းမကို ဖောက်သည်ဖြစ်လိုသောကြောင့် သင်္ဘောစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက အခါအားလျော်စွာ ကျွန်တော်တို့ကိုဧည့်ဝတ်ပြုကြရာ ယင်းက ကွိဘက်တွင် ခက်ခဲစွာအမှုဆောင်ရခြင်းမှ နှစ်လိုဖွယ်သက်သာမှုကို ခဏခံစားရစေသည်။

၁၉၅၅ ခုနှစ်ဦးပိုင်းတွင် နယ်လှည့်ကြီးကြပ်မှူးအဖြစ်ထမ်းဆောင်ရန် ကျွန်တော်ခေါ်ဖိတ်ခံရပြီး ထိုနှစ်ဆောင်းတွင်းတွင် အလွန်အေးစိမ့်သော အော်န်တယ်ရီယိုမြောက်ပိုင်းရှိ ဝေးလံသည့်အသင်းတော်များဆီသို့ ကျွန်တော်တို့လည်ပတ်ကြသည်။ နောက်တစ်နှစ်တွင် အမေရိကန်နိုင်ငံ၌ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာသင်ကျောင်းတက်ပြီးနောက် တောင်အမေရိကရှိ ဘရာဇီးနိုင်ငံသို့ သာသနာပြုအဖြစ် စေလွှတ်ခံရကြသည်။

ကျွန်တော်တို့တာဝန်ရသည့်ဒေသတွင် အင်တိုက်အားတိုက်လုပ်ဆောင်လိုက်ရာ မကြာမီ ပေါ်တူဂီဘာသာစကားဖြင့် ကျွန်တော်တို့ဟောပြောသွန်သင်လာနိုင်သည့်အထိဖြစ်သည်။ ၁၉၅၇ ခုနှစ်ဦးပိုင်းတွင် ကျွန်တော်နယ်လှည့်ကြီးကြပ်မှူးအဖြစ်ထမ်းဆောင်ရန် တာဝန်ပေးခံရပြန်သည်။ ယခုအခါတွင် မြောက်ပိုင်းဒေသ၏အေးစိမ့်သောဒဏ်အစား တောင်ပိုင်းဒေသ၏ အပူဖုများပေါက်အောင်ပူပြင်းသည့် အပူဒဏ်နှင့်လုံးပန်းရသည်။ ကျွန်တော်တို့ရပ်နား၍ရှူးဖိနပ်များထဲမှ သဲမှုန့်ပူများဖယ်ထုတ်ခြင်း သို့မဟုတ် အားသစ်ပြန်ရရန် ကြံများကိုဖြတ်၍စုပ်ခြင်းတို့ကို မကြာခဏလုပ်ရကြသည်။ သို့သော် ထိုတွင်ကောင်းချီးများခံစားရသည်။

ရေဇယ်န်တီဖေဇူမြို့တွင် ရဲချုပ်နှင့်ကျွန်တော်စကားပြောပြီးသောအခါ သူက ဈေးဆိုင်အားလုံးပိတ်ပြီး လူအားလုံး မြို့လယ်ရင်ပြင်တွင်စုကြရန် အမိန့်ပေးလိုက်သည်။ ဗြက်ကျယ်သောအရွက်နှင့်အပွင့်များရှိ သစ်ပင်တစ်ပင်၏အရိပ်အောက်တွင် မြို့နေလူထုတစ်ရပ်လုံးကို ကျမ်းစာဟောပြောချက်ကျွန်တော်ပေးခဲ့သည်။ ယခုအခါ ထိုနေရာတွင် ယေဟောဝါသက်သေများ၏ အသင်းတော်တစ်ခုရှိနေပေပြီ။

ဘရာဇီးတွင် သားသမီးများမွေးမြူခြင်း

၁၉၅၈ ခုနှစ်တွင် လူစီကိုယ်ဝန်ရှိလာသောအခါ ကျွန်တော်တို့သည် ဇွက်ဇ်ဒဖိုရာမြို့တွင် အထူးရှေ့ဆောင်အဖြစ် အခြေချကြသည်။ နောက်နှစ်နှစ်အတွင်း ကျွန်တော်တို့၏သမီးဆူဇန်နှင့်ကင်မ်တို့ မွေးဖွားလာကြသည်။ သူတို့သည် ဓမ္မအမှုတွင် အမှန်ပင်ကောင်းချီးများဖြစ်လာကြပြီး ထိုမြို့အတွက် အထူးအဆန်းဖြစ်နေသည်။ သူတို့ကို တွန်းလှည်းကလေးများပေါ်တင်၍ ကျောက်စရစ်ခင်းလမ်းပေါ်တွင် တွန်းသွားသောအခါ လူများကထွက်ကြည့်ကြသည်။ ရစီဖာမြို့တွင် ကြေညာသူများအတွက် အကူအညီအလွန်လိုအပ်နေသဖြင့် အီကွေတာ၏တောင်ဘက်နားကလေးတွင်ရှိသည့် အလွန်ပူပြင်းသောထိုမြို့သို့ ကျွန်တော်တို့ပြောင်းရွှေ့ခဲ့ကြသည်။

၁၉၆၁ ခုနှစ်တွင် စယ်အူပယ်အူလူမြို့တွင်ကျင်းပသည့် ခရိုင်စည်းဝေးပွဲသို့ သက်သေခံများသွားရန် လေယာဉ်စီစဉ်ပေးနိုင်သည်သာမက ကျွန်တော်ကိုယ်တိုင်လည်း ထိုအမှတ်တရစည်းဝေးပွဲကြီးကို တက်ရောက်နိုင်ခဲ့သည်။ ပျံသန်းပြီး မိနစ် ၂၀ အကြာတွင် လေယာဉ်သည် ရုတ်တရက်အောက်သို့ထိုးစိုက်ကျသွားပြီး ခရီးသည်များလေယာဉ်ခေါင်းခန်းနားဆီသို့ စုပြုံကျလာသည်။ လေယာဉ်ထဲတွင် ပျက်စီးမှုများဖြစ်; ထိုင်ခုံများသည် ထိုင်နေရာမှလှန်ချိုးခံရသကဲ့သို့ ဖြစ်ကာ ခရီးသည်များထံပြုတ်ကျ၍ပိမိပြီး သွေးထွက်သံယိုဖြစ်စေခဲ့သည်။ တော်သေးသည်ကား လေယာဉ်မှူးသည် လေယာဉ်ကို ပြန်တည့်မတ်နိုင်ခဲ့ပြီး မြေပေါ်သို့ဘေးကင်းစွာ ပြန်ဆင်းသက်နိုင်ခဲ့သည်။ အခြားလေယာဉ်တစ်စီးဖြင့် စယ်အူပယ်အူလူမြို့သို့ ဆက်မသွားနိုင်တော့လောက်သည့်အထိ ကျွန်တော်တို့တစ်ယောက်မျှ ပြင်းပြင်းထန်ထန်ဒဏ်ရာမရရှိခဲ့ချေ။ အလွန်ကောင်းသည့်စည်းဝေးပွဲကြီးကို ကျွန်တော်တို့ပျော်မွေ့ခဲ့ကြသော်လည်း နောင်ဘယ်တော့မျှလေယာဉ်မစီးတော့ဘူးဟု ကျွန်တော်ပြောခဲ့သည်!

သို့ရာတွင် စည်းဝေးကြီးမှအပြန် အိမ်အရောက်တွင် အခြားတာဝန်တစ်ခုက ကျွန်တော့်ကိုစောင့်ကြိုနေသည်။ ပီအယ်အူပြည်နယ်၊ တယ်ရဇီးနားမြို့၌ တောနက်ကြီးထဲတွင်ကျင်းပမည့် စည်းဝေးပွဲတစ်ခုကို သွားရောက်ကြီးကြပ်ပေးရန်ဖြစ်သည်။ ထိုနေရာသို့ လေယာဉ်ဖြင့် ကျွန်တော်သွားရမည်ဖြစ်သည်။ လေယာဉ်စီးရမည်ကိုကြောက်သော်လည်း ယေဟောဝါ၏လက်တော်ကို ယုံကြည်အားထားကာ ထိုတာဝန်ကိုလက်ခံလိုက်သည်။

၁၉၆၂ ခုနှစ်တွင် ကျွန်တော်တို့၏သားဖြစ်သူဂရက်ဂ်ကို ရစီဖာမြို့တွင်မွေးဖွားခဲ့သည်။ ကျွန်တော့်မိသားစုကြီးလာသောကြောင့် ရှေ့ဆောင်ဆက်မလုပ်နိုင်တော့သော်လည်း အသင်းတော်ငယ်ကလေးတွင် ထိရောက်စွာအကျိုးပြုနိုင်ရန် ကျွန်တော်ကြိုးစားနိုင်သေးသည်။ ဓမ္မအမှုဆောင်ခြင်းကို သူတို့အတွက်စိတ်ဝင်စားစရာဖြစ်အောင် ကျွန်တော်တို့လုပ်ထားပေးသောကြောင့် ကလေးများသည် ကျွန်တော်တို့နှင့်အတူတကွအမှုဆောင်ရန် အမြဲစိတ်ထက်သန်ကြသည်။ သူတို့တစ်ဦးစီသည် အသက်သုံးနှစ်အရွယ်ကတည်းက တံခါးဝတွင်ဟောပြောတတ်နေကြပြီ။ အစည်းအဝေးတက်ခြင်း၊ လယ်ကွင်းအမှုဆောင်ထွက်ခြင်းတို့ကို ဘယ်တော့မျှမပျက်အောင် ကျွန်တော်တို့အကျင့်လုပ်ထားပေးသည်။ မိသားစုတွင် တစ်ယောက်ယောက်ဖျားနာသည့်တိုင် သူနှင့်အတူတစ်ယောက်နေခဲ့ပြီး ကျန်လူအားလုံးက အစည်းအဝေးတက် သို့မဟုတ် လယ်ကွင်းဓမ္မအမှုဆောင်ထွက်ကြသည်။

နှစ်များတစ်လျှောက် ကလေးများ၏ကျောင်းအစီအစဉ်များနှင့် ဘဝပန်းတိုင်များကို ကျွန်တော်တို့ မိသားစုလိုက်မှန်မှန်ဆွေးနွေးကြပြီး ယေဟောဝါ၏အဖွဲ့အစည်းနှင့်အတူ အလုပ်တစ်ခုလုပ်ရန် သူတို့ကို ပြင်ဆင်ပေးသည်။ ရုပ်မြင်သံကြားကဲ့သို့သော အားလျော့စေသည့်သြဇာလွှမ်းမိုးမှုများအောက်တွင် သူတို့ကိုလှစ်ဟမထားမိရန် ကျွန်တော်တို့ဂရုစိုက်ကြသည်။ သူတို့ဆယ်ကျော်သက်အရွယ်မလွန်မချင်း ကျွန်တော်တို့အိမ်တွင် တီဗွီမထားပေးပါ။ ကျွန်တော်တို့တွင် ဥစ္စာအင်ခွင်ရှိသော်လည်း သူတို့ကို ရုပ်ပစ္စည်းများအားဖြင့် မဖျက်ဆီးပါ။ ဥပမာ၊ သူတို့သုံးဦးဝေမျှသုံးရန် စက်ဘီးတစ်စီးသာ ကျွန်တော်တို့ဝယ်ထားပေးသည်။

ဖြစ်နိုင်သရွေ့ ကျွန်တော်တို့အတူတူလုပ်ကိုင်ကြ၊ ဘတ်စကက်ဘောကစားကြ၊ ရေကူးကြ၊ မိသားစုလိုက်ခရီးများထွက်ကြသည်။ ကျွန်တော်တို့၏ခရီးများသည် ခရစ်ယာန်စည်းဝေးပွဲများတက်ရောက်ခြင်း၊ သို့မဟုတ် နိုင်ငံအသီးသီးရှိဗေသလအိမ်များသို့ သွားရောက်လည်ပတ်ခြင်းများနှင့် ဆက်စပ်နေသည်။ ကျွန်တော်တို့ကလေးများ၏နှလုံးထဲတွင် ဘာရှိသည်ကို ကျွန်တော်နှင့်လူစီတို့သိလာရန် လွတ်လပ်စွာစကားပြောကြဖို့ ထိုခရီးများကအချိန်ရစေသည်။ ထိုရွှင်လန်းဖွယ်နှစ်များအတွက် ယေဟောဝါကို ကျွန်တော်တို့ကျေးဇူးတင်လိုက်သည့်ဖြစ်ခြင်း!

နောက်ဆုံးတွင် ဆယ်နှစ်တာကြာ အီကွေတာနှင့်နီးသောအပူပိုင်းတွင် နေထိုင်ခြင်းဖြင့် လူစီ၏ကျန်းမာရေးကိုအန္တရာယ်ပြုလာသည်။ ထို့ကြောင့် သာ၍ရာသီဥတုမျှတသော တောင်ပိုင်းဒေသရှိ ပယ်ရနားခရိုင်၊ ကူရတီဘာမြို့သို့ပြောင်းရွှေ့ခန့်အပ်ခြင်းကို ကျွန်တော်တို့လက်ခံခဲ့သည်။

ကနေဒါသို့ ပြန်ခြင်း

ဘရာဇီးတွင် အနှစ်နှစ်ဆယ်ခန့် ကြာပြီးနောက် ၁၉၇၇ ခုနှစ်တွင် ဖျားနာနေသည့်ကျွန်တော့်ဖခင်ကို ပြုစုရန် ကျွန်တော်နှင့်လူစီတို့သည် သားသမီးများနှင့်အတူ ကနေဒါသို့ ပြန်လာခဲ့ကြသည်။ ကျွန်တော်တို့မိသားစုအတွက် ဓလေ့စရိုက်ခြားနားသည့်အသိုင်းအဝိုင်းပါတကား! သို့သော် ကျွန်တော်တို့ချစ်သော ခရစ်ယာန်ညီအစ်ကိုအသိုင်းအဝိုင်းနှင့်အတူ ကျွန်တော်တို့၏လုပ်ရိုးလုပ်စဉ်ကို ဆက်လက်ထိန်းသိမ်းခဲ့သဖြင့် ဝိညာဉ်ရေးအရမူ ခြားနားမှုမရှိပါ။

ကနေဒါတွင် ကျွန်တော်တို့၏သမီးများသည် အချိန်ပြည့်ရှေ့ဆောင်ဓမ္မအမှုတွင် တစ်လှည့်စီပါဝင်လာရာ အချိန်ပြည့်ဓမ္မအမှုသည် ကျွန်တော်တို့မိသားစုတစ်ခုလုံး၏ အရေးကိစ္စဖြစ်လာသည်။ မိသားစု စုပေါင်းလုပ်ငန်းတွင် ကျွန်တော်တို့အားလုံးငွေထည့်ဝင်ကြသည်။ အချိန်ပိုင်းလုပ်ငန်းမှရရှိလာသည့် မည်သည့်ဝင်ငွေမဆို အိမ်နှင့် ကျွန်တော်တို့၏ပြန့်ကျဲနေသည့်ရပ်ကွက်များသို့ရောက်ရန်အတွက်လိုသော ကားသုံးစီးကို ပြုပြင်ထိန်းသိမ်းခြင်းကုန်ကျစရိတ်ရန်ပုံငွေထဲသို့ ထည့်ကြသည်။ အပတ်တိုင်း မိသားစုကျမ်းစာသင်အံမှုပြီးနောက် မိသားစုအစီအစဉ်များကို ကျွန်တော်တို့ဆွေးနွေးကြသည်။ ထိုဆွေးနွေးခြင်းများက ကျွန်တော်တို့ယောက်တိုင်းအတွက် ဘဝတွင် ဘာလုပ်နေခဲ့သည်၊ ဘယ်သွားနေခဲ့သည်များကို သိသာထင်ရှားရန် အကူအညီဖြစ်စေသည်။

ကျွန်တော်တို့၏သားဂရက်ဂ်ကလည်း သူ့အစ်မကြီးများကဲ့သို့ပင် အချိန်ပြည့်ဓမ္မအမှုဆောင်ဖြစ်ရန် ပန်းတိုင်ရှိသည်။ သူ့အသက်ငါးနှစ်အရွယ်ကတည်းက ဗေသလအိမ်ခေါ် အသင်းမ၏ဌာနခွဲရုံးတွင် အလုပ်လုပ်လိုသည့်ဆန္ဒကို တင်ပြခဲ့သည်။ သူ့ပန်းတိုင်ကို ဘယ်တော့မျှမျက်ခြည်မပြတ်ခဲ့ပါ။ အထက်တန်းကျောင်းအောင်ပြီးသောအခါ သူ့အမေနှင့်ကျွန်တော့်အား “ဗေသလလျှောက်လွှာတင်ရင်ကောင်းမလား” ဟုမေးလာသည်။

ယင်းကသားကို ထွက်သွားခွင့်ပြုရမည့်အတွက် ကျွန်တော်တို့စိတ်ထိခိုက်သော်လည်း မဆိုင်းမတွပင် ကျွန်တော်တို့ဤသို့ ပြန်ဖြေလိုက်သည်– “မင်းယေဟောဝါအဖွဲ့အစည်းရဲ့ အတွင်းအကျဆုံး—ဗေသလအိမ်မှာနေနေသရွေ့ ယေဟောဝါရဲ့လက်တော်တိုတယ်လို့ဘယ်တော့မှခံစားရမှာမဟုတ်ဘူး။” နှစ်လအတွင်း ကနေဒါဗေသလအိမ်သို့ သူထွက်ခွာသွားသည်။ ယင်းအချိန်ကား ၁၉၈၀ ခုနှစ်ဖြစ်ပြီး ထိုအချိန်မှစ၍ ထိုတွင်သူအမှုဆောင်ခဲ့သည်။

၁၉၈၀ ပြည့်လွန်နှစ်များသည် လူစီနှင့်ကျွန်တော်တို့အတွက် စိန်ခေါ်ချက်အသစ်များကို ရင်ဆိုင်ရစေသည်။ အစကကဲ့သို့ ကျွန်တော်တို့နှစ်ဦးတည်း တစ်ခါပြန်ဖြစ်ရပြန်သည်။ ထိုအချိန်က ဆူဇန်အိမ်ထောင်ကျသွားပြီး သူမ၏ခင်ပွန်းနှင့်အတူ ရှေ့ဆောင်လုပ်နေသည်။ ကင်မ်နှင့်ဂရက်ဂ်တို့နှစ်ဦးလုံး ဗေသလအိမ်တွင် အမှုဆောင်နေကြသည်။ ကျွန်တော်တို့ဘာလုပ်ရမည်နည်း။ ကနေဒါနိုင်ငံကို မိုင်ပေါင်း ၁,၂၀၀ ခန့်ဖြတ်၍ပြန့်ကျဲနေသည့် ပေါ်တူဂီတိုက်နယ်တွင် အမှုဆောင်ရန် ခေါ်ဖိတ်ခံရသည့် ၁၉၈၁ ခုနှစ်တွင် ထိုမေးခွန်းသည် မြန်မြန်ဆန်ဆန်အဖြေထွက်လာခဲ့သည်။ ကျွန်တော်တို့ခရီးထွက်ခြင်းလုပ်ငန်း၌ ပျော်ပိုက်နေတုန်းပင်ဖြစ်သည်။

ထိုအချိန်တွင် ကင်မ်အိမ်ထောင်ကျပြီး ဂိလဒ်ကျောင်းတက်ခဲ့ရာ ယခုအခါ သူမသည် ခင်ပွန်းဖြစ်သူနှင့်အတူ ဘရာဇီးနိုင်ငံ၌ တိုက်နယ်လုပ်ငန်းတွင်ပါဝင်နေသည်။ ဆူဇန်နှင့်သူမခင်ပွန်းတို့သည် ကနေဒါတွင်ပင်ဆက်၍ရှိနေကြပြီး သူတို့၏ကလေးနှစ်ယောက်ကို ကျွေးမွေးပြုစုနေကြသည်။ သူမ၏ခင်ပွန်းက ရှေ့ဆောင်လုပ်နေသည်။ ကျွန်တော်တို့မိသားစုသည် အသီးသီးသောအချိန်ပြည့်လုပ်ငန်းတာဝန်များကြောင့် နှစ်အနည်းငယ်အတွင်း ကိုယ်ကာယအရကွဲကွာနေကြရသော်လည်း ဝိညာဉ်ရေးနှင့်စိတ်ပိုင်းဆိုင်ရာအရတို့တွင်မူ စုစည်းနေကြမြဲဖြစ်သည်။

လူစီနှင့်ကျွန်တော်တို့သည် သန့်စင်ထားသည့်ကမ္ဘာတွင် မိသားစုနှင့်ပျော်ရွှင်သည့်အနာဂတ်ကို မျှော်လင့်ထားကြသည်။ (၂ ပေတရု ၃:၁၃) ရှေးအချိန်ကမောရှေကဲ့သို့ပင် တောလည်ရာ ၁၁:၂၃ တွင်ပါသည့် ဆွဲဆောင်မှုရှိသည့်မေးခွန်း၏ အဖြေသည် တိကျမှန်ကန်မှုရှိကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပေပြီ– “ထာဝရဘုရားက၊ ထာဝရဘုရားလက်တိုသလော။ ငါ့စကားတည်မည်မတည်မည်ကို သင်သိလိမ့်မည်။” စိတ်နှလုံးအကြွင်းမဲ့အမှုဆောင်သည့် မိမိ၏ကျေးကျွန်များအား ယေဟောဝါချပေးသည့်ကောင်းချီးကို မည်သည့်အရာကမျှမတားဆီးနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ကျွန်တော့်ဇနီးလူစီနှင့်အတူ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ