ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၃/၁၅ စာ. ၂၄-၂၅
  • သူ့နှလုံးလိုအင်ကို သူသဘောပေါက်ခဲ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူ့နှလုံးလိုအင်ကို သူသဘောပေါက်ခဲ့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေရှိယဆိုင်ရာပရောဖက်ပြုချက်များသည် မျှော်လင့်ချက်ကိုပေး
  • သို့တိုင်မေရှိယမပေါ်လာသေး!
  • တရားကိုရိုသေသောသူ
  • ရှုမောင်၏ပရောဖက်ပြုစကားများ
  • မာရိအား ရှုမောင်ဖော်ပြသည့်အချက်
  • မေရှိယဆိုင်ရာပရောဖက်ပြုချက်များကို ရှုမောင်ရည်ညွှန်း
  • ကတိတော်ဆိုင်ရာသား
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဘုရား ကတိပြုထားတဲ့ကလေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • အသင်းတော်အတွက် တန်ဖိုးကြီးတဲ့ အသက်ကြီးသူများ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ဘုရားသခင်ထံ သင်နီးကပ်လာနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၃/၁၅ စာ. ၂၄-၂၅

သူ့နှလုံးလိုအင်ကို သူသဘောပေါက်ခဲ့

မြေကြီးတစ်ခွင်လုံး မေရှိယနိုင်ငံတော်လွှမ်းမိုးအုပ်စိုးခြင်းကို တွေ့မြင်ရန် သင်ဆန္ဒရှိသလော။ သို့ဖြစ်လျှင် ထိုကောင်းကင်နိုင်ငံတော်အောက်တွင် ကတိပြုထားသည့် မြေကြီးဆိုင်ရာကောင်းချီးများကို သင်မျှော်မှန်းတမ်းတပြီး ဆုတောင်းပေမည်။ “အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်” သောကြောင့် သည်းခံခြင်းကိုကျင့်သုံးပါလေ။—သု. ၁၃:၁၂; ယာကုပ် ၅:၇၊ ၈။

လွန်ခဲ့သည့်နှစ်ပေါင်း ၂,၀၀၀ နီးပါးခန့်က ယေရုရှလင်မြို့တွင် ရှုမောင်အမည်ရှိ “ဖြောင့်မတ်သောသူ၊ တရားကိုရိုသေသောသူ” တစ်ဦးရှိသည်။ သူသည် မေရှိယဆိုင်ရာပရောဖက်ပြုချက်များကို ယုံကြည်ပြီး စိတ်ရှည်စွာ “ဣသရေလအမျိုး၏သက်သာခြင်းအကြောင်းကို မျှော်လင့်သောသူ” ဖြစ်သည်။—လုကာ ၂:၂၅။

မေရှိယဆိုင်ရာပရောဖက်ပြုချက်များသည် မျှော်လင့်ချက်ကိုပေး

အပြစ်နှင့်သေခြင်းတွင် နစ်မွန်းနေသည့်လူသားများအား မျှော်လင့်ချက်ပေးသော—ပထမဆုံး မေရှိယဆိုင်ရာပရောဖက်ပြုချက်အတွက် ယေဟောဝါအားယုံကြည်စိတ်ချနိုင်သည်။ ဘုရားသခင်သည် မိမိ၏ “မိန်းမ”၊ သို့မဟုတ် စကြဝဠာအဖွဲ့အစည်း၏ မျိုးနွယ်တော်ပေါ်ထွန်းမည့်အကြောင်းကို ကြို၍မိန့်တော်မူခဲ့သည်။—ကမ္ဘာဦး ၃:၁၅။

ထိုသူသည် အာဗြဟံ၏မျိုးနွယ်အဖြစ် သတ်မှတ်ဖော်ပြခြင်းခံရပြီး ယာကုပ်က သူရောက်ရှိမည့်အကြောင်းကို ကြိုပြောခဲ့သည်။ (ကမ္ဘာဦး ၂၂:၁၇၊ ၁၈; ၄၉:၁၀) မေရှိယနိုင်ငံတော်၏ဘုန်းအသရေကို ဆာလံကျမ်းတွင် ချီးမွမ်းထောမနာပြုထားသည်။ (ဆာလံ ၇၂:၁-၂၀) ထိုမျိုးနွယ်တော်သည် အပျိုကညာမှမွေးဖွားခံရမည်ဟု ဟေရှာယကြိုပြောခဲ့ပြီး ဗက်လင်မြို့တွင်မွေးဖွားမည်အကြောင်း မိက္ခာက ပရောဖက်ပြုထားသည်။ (ဟေရှာယ ၇:၁၄; မိက္ခာ ၅:၂) ယင်းတို့သည် မေရှိယဆိုင်ရာပရောဖက်ပြုချက်မြောက်မြားစွာတို့မှ အနည်းငယ်မျှသာဖြစ်သည်။

သို့တိုင်မေရှိယမပေါ်လာသေး!

အတိတ်ကိုပြန်ပြောင်းပြီး စီ.အီး. ပထမရာစုနားချဉ်းကပ်လာသည့်အချိန်ကို စဉ်းစားကြည့်ပါ။ ဘုရားသခင်၏ မေရှိယဆိုင်ရာဦးဆုံးပရောဖက်ပြုချက်သည် နှစ်ပေါင်း ၄,၀၀၀ ကြာညောင်းလာခဲ့ပြီဖြစ်သည်။ ဂျူးလူမျိုးသည် ယေဟောဝါ၏ဗိမာန်တော်ဖျက်ဆီးခံရခြင်း၊ မိမိတို့၏နေရင်းဒေသဖျက်ဆီးခံရခြင်း၊ ဗာဗုလုန်တွင် နှစ်ပေါင်း ၇၀ ပြည်နှင်ခံရခြင်း၊ အနှစ် ၅၀၀ ကျော် တစ်ပါးအမျိုးသားမင်းများ၏ အုပ်စိုးခံရခြင်းတို့ကို ကြုံတွေ့ခဲ့ကြရသည်။ သို့တိုင် မေရှိယမပေါ်လာသေး!

ဘုရားသခင်ကိုကြောက်ရွံ့သည့်ဂျူးများသည် မေရှိယကြွလာခြင်းကို တမ်းတလိုက်ကြမည်ဖြစ်ခြင်း! ကိုယ်တော်မှတစ်ဆင့် သူတို့နှင့် လူမျိုးများအားလုံးထံသို့ ကောင်းချီးများသက်ရောက်မည်ဖြစ်သည်။

တရားကိုရိုသေသောသူ

မေရှိယကြွလာခြင်းကို မျှော်မှန်းပြီးဆုတောင်းသည့် ဘုရားတရားရိုသေကိုင်းရှိုင်းသောဂျူးများထဲတွင် ယုဒပြည်၏မြို့တော်တွင်နေထိုင်သည့် ယေဟောဝါ၏သစ္စာရှိကျေးကျွန်အသက်ကြီးသူရှုမောင်လည်း ပါဝင်သည်။ ထူးခြားမှုတစ်ခုကို ရှုမောင်ရင်ဆိုင်ခဲ့ရသည်။

ဘုရားသခင်သည် ရှုမောင်အပေါ်သို့ မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းပြီး သူ့အား ဗျာဒိတ်တော်တစ်ခုဖြင့် ဆုလာဘ်ပေးသနားတော်မူခဲ့သည်။ မေရှိယဖြစ်လာမည့်သူကို မမြင်ရမချင်း ရှုမောင်မသေရပါ။ သို့သော် ရက်လများသာကုန်လွန်လာခဲ့သည်။ ရှုမောင်လည်း အသက်ကြီးလာပြီး နောက်ကြာကြာနေရရန် မမျှော်လင့်နိုင်တော့ပါ။ သူ့အပေါ်ဘုရားသခင်၏ကတိတော် ပြည့်စုံလာပါမည်လော။

တစ်နေ့ (ဘီ.စီ.အီး. ၂ ခုနှစ်) တွင် ကလေးငယ်တစ်ဦးနှင့်မောင်နှံတစ်စုံသည် ဗက်လင်မြို့မှနေ၍ ဗိမာန်တော်သို့ရောက်လာသည်။ ဤအချိန်သည် ကြာရှည်စွာစောင့်မျှော်လာခဲ့သည့်အချိန်ဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်က ရှုမောင်အားဖွင့်ပြသည်။ ပရောဖက်များ ရေးသားဖော်ပြထားသူကိုတွေ့ရန် ဗိမာန်တော်သို့သူသွားခဲ့သည်။ အိုမင်းသည့်သူ့ခန္ဓာစွမ်းအားရှိသရွေ့ အလျှင်အမြန်သွားလိုက်ရာ ယောသပ်၊ မာရိနှင့် သူငယ်တော်ကို သူတွေ့မြင်ရသည်။

ရှုမောင်သည် ဝမ်းသာရွှင်လန်းစွာဖြင့် သူငယ်တော်ယေရှုကို ပွေ့ယူလိုက်သည်! ဤကား ကတိထားရာမေရှိယ—“ယေဟောဝါ၏ဘိသိက်ခံ” ဖြစ်လာမည့်သူပေတည်း။ ဤမျှအသက်အရွယ်ကြီးရင့်နေသော ရှုမောင်အနေနှင့် ယေရှု၏မြေကြီးဆိုင်ရာတာဝန်များ ပြီးမြောက်စေခြင်းကို မြင်တွေ့ရန် မမျှော်လင့်နိုင်တော့ပါ။ သို့သော် ကိုယ်တော်အား သူငယ်တော်အဖြစ်မြင်တွေ့ခွင့်ရခြင်းကား ထူးခြားလှပေသည်။ မေရှိယဆိုင်ရာပရောဖက်ပြုချက်များသည် ပြည့်စုံစပြုလာသည်။ ရှုမောင်ပျော်လိုက်မည်ဖြစ်ခြင်း! ယခုအခါ ရှင်ပြန်ထမြောက်ချိန်အထိ သူသေပျော်ပြီဖြစ်သည်။—လုကာ ၂:၂၅-၂၈။

ရှုမောင်၏ပရောဖက်ပြုစကားများ

အသံကိုမြှင့်၍ ယေဟောဝါကိုချီးမွမ်းသည့် ရှုမောင်၏စကားကို အောက်ပါအတိုင်းကျွန်ုပ်တို့ကြားရသည်– “အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာစုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။ [လူမျိုးများအား ဖုံးကွယ်နေသည့်အရာကို ဖယ်ရှားပြီး၊ ကဘ] ကိုယ်တော်၏လူဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှာလည်းကောင်း၊ တစ်ပါးအမျိုးသားတို့ကို လင်းစေခြင်းငှာလည်းကောင်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသောအလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏။” ယေရှု၏မွေးစားဖခင်ယောသပ်နှင့် မိခင်မာရိတို့သည် ဤစကားများကြောင့် ဆက်၍အံ့အားသင့်နေကြသည်။—လုကာ ၂:၂၉-၃၃။

ယောသပ်နှင့်မာရိတို့သည် ကလေးငယ်အပေါ်မိမိတို့၏တာဝန်ကို ကျေပွန်စေရာတွင် ယေဟောဝါ၏ကောင်းချီးခံစားရရန် သူတို့အားကောင်းချီးပေးနေသော ရှုမောင်၏မျက်နှာအသွင်အပြင်သည် ကြည်လင်ရွှင်ပြနေသည်။ ထို့နောက် ထိုအသက်ကြီးသူ၏မျက်နှာသည် လေးနက်တည်တံ့စွာဖြစ်လာသည်။ မာရိတစ်ဦးတည်းကိုသာရည်ညွှန်း၍ ဤသို့ဆက်ပြောသည်– “ဤသူငယ်ကား ဣသရေလလူအများလဲမည်အကြောင်း၊ အများထမည်အကြောင်း၊ လူအများတို့၏အကြံအစည်ကို ထင်ရှားစေခြင်းငှာ ငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသောသူဖြစ်၏။ ထိုမှတစ်ပါး သန်လျက်သည် သင်၏စိတ်နှလုံးကိုခွင်းလိမ့်မည်။”—လုကာ ၂:၃၄၊ ၃၅။

မာရိအား ရှုမောင်ဖော်ပြသည့်အချက်

မာရိမည်သို့ခံစားရမည်ကို စဉ်းစားကြည့်ပါ။ ရှုမောင်က ဘာကိုဆိုလိုသနည်း။ လူအချို့တို့သည် ခရစ်တော်ကိုယုံကြည်၍ သူတို့၏လဲနေသည့်အခြေအနေမှ ထူမခြင်းခံရကြမည်။ သို့သော် အချို့တို့သည် ကိုယ်တော်ကိုငြင်းပယ်ပြီး ကိုယ်တော်အားဖြင့်တိုက်မိ၍ လဲကျကြမည်။ ကြိုတင်ပြောထားသည့်အတိုင်း ယေရှုသည် ဂျူးလူမျိုးများစွာတို့အတွက် ထိမိလဲစရာကျောက်ဖြစ်မည်။ (ဟေရှာယ ၈:၁၄; ၂၈:၁၆) ရှုမောင်၏စကားများက ဣသရေလလူတစ်ဦးစီသည် အစ၌ မယုံကြည်မှုဖြင့်လဲကျပြီးနောက် ယေရှုကိုလက်ခံခြင်းအားဖြင့် ယုံကြည်မှုနှင့်ပြန်ထလာမည်ဟု မဆိုလိုပါ။ ကိုယ်တော်အားတုံ့ပြန်မှုသည် တစ်ဦးချင်းအလိုက်ကွာခြားပြီး လူတို့နှလုံး၏တွေးတောကြံစည်မှုများကို လှစ်ဟပြကာ သူတို့အတွက် ကောင်းကျိုး သို့မဟုတ် ဆိုးကျိုးဖြစ်လာမည့် ဘုရားသခင့်တရားစီရင်မှုကို ခံရစေမည်။ မယုံကြည်သူများအတွက် ကိုယ်တော်သည် လက္ခဏာသက်သေတစ်ခု သို့မဟုတ် စက်ဆုပ်ရွံရှာဖွယ်ရာအတားအဆီးတစ်ခုဖြစ်မည်။ ကိုယ်တော်ကိုယုံကြည်ခြင်းအားဖြင့် အခြားသူများသည် လွန်ကျူးခြင်းနှင့်အပြစ်များတွင် သေနေရသည့်အဖြစ်မှ ထူမခြင်းခံရပြီး ဘုရားသခင်နှင့်ဖြောင့်မတ်သောရပ်တည်မှုကို မွေ့လျော်လာကြမည်ဖြစ်သည်။ မေရှိယနှင့်ပတ်သက်သည့် လူတို့၏ပြုမူကျင့်ကြံမှုသည် သူတို့၏နှလုံးထဲတွင်ရှိသည့်အရာကို ဖော်ပြမည်။

“သန်လျက်သည် သင်၏စိတ်နှလုံးကိုခွင်းလိမ့်မည်” ဟူသော ရှုမောင်၏စကားက မည်သို့နည်း။ မာရိသည် တကယ့်သန်လျက်နှင့်ခွင်းခံရသည်ဟူသည့် ကျမ်းစာဖော်ပြချက်တစ်ခုမျှမရှိပါ။ သို့သော် လူအများစုက ယေရှုကိုငြင်းဆန်ခြင်းသည် သူမအားပူပင်သောကရောက်စေမည်ဖြစ်သည်။ သံချောင်းများဖြင့်ထိုးဖောက်၍ နှက်တိုင်ပေါ်အတင်ခံထားရသောယေရှုကို မြင်ရသောမာရိခမျာ မည်မျှနှလုံးသည်းပွတ်နာကျင်စွာ ခံစားရမည်ပါတကား! ယင်းက သူမအား သန်လျက်နှင့်ခွင်းသကဲ့သို့ပင်ဖြစ်သည်။

မေရှိယဆိုင်ရာပရောဖက်ပြုချက်များကို ရှုမောင်ရည်ညွှန်း

မေရှိယဆိုင်ရာပရောဖက်ပြုချက်များသည် ယေရှုနှင့်သက်ဆိုင်ကြောင်းရည်ညွှန်းရန် ရှုမောင်အား ဘုရားသခင်၏ဝိညာဉ်တော်က လှုံ့ဆော်ခဲ့သည်။ ‘ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှာလည်းကောင်း၊ တစ်ပါးအမျိုးသားတို့ကို လင်းစေခြင်းငှာလည်းကောင်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ပြင်ဆင်တော်မူသော အလင်းတည်းဟူသောကယ်တင်သောသခင်ကို သူ့မျက်စိနှင့်မြင်ရသောကြောင့်’ ရှုမောင်သည် ငြိမ်းချမ်းစွာ သို့မဟုတ် ငြိမ်ဝပ်စွာ အသက်ချုပ်ငြိမ်းနိုင်ပြီဖြစ်သည်။ (လုကာ ၂:၃၀-၃၂) ယင်းတို့သည် ဟေရှာယ၏ပရောဖက်ပြုစကားများကို ချက်ကျလက်ကျရည်ညွှန်းလိုက်ခြင်းပါတကား!

ထိုပရောဖက်ဤသို့ကြိုပြောခဲ့သည်– “ထာဝရဘုရား၏ဘုန်းတော်ပေါ်ထွန်း၍၊ လူအပေါင်းတို့သည် အတူမြင်ရကြလတ္တံ့။” “သင်သည် မြေကြီးစွန်းတိုင်အောင် ငါ [ယေဟောဝါ] ၏ကယ်တင်ခြင်းကိုပြုစိမ့်သောငှာ၊ သင့် [မေရှိယ] ကို တစ်ပါးအမျိုးသားတို့လင်းစရာဖို့ ငါခန့်ထားသည်။” (ဟေရှာယ ၄၀:၅; ၄၂:၆; ၄၉:၆; ၅၂:၁၀) မေရှိယတည်းဟူသောယေရှုခရစ်သည် လူမျိုးများအတွက်လင်းစရာအမှန်ဖြစ်ပြီး သူတို့တွင်ဖုံးကွယ်နေသည့်ဝိညာဏမှောင်မိုက်ကို ဖယ်ရှားပေးကာ လူသားများအား ကယ်တင်ခြင်းသို့ပို့ဆောင်ပေးမည့်သူဖြစ်ကြောင်း ခရစ်ယာန်ဂရိကျမ်းစာနှင့် လက်တွေ့ဖြစ်ရပ်များက အခိုင်အမာဖြစ်စေသည်။

ဘုရားသခင့်နှုတ်ကပါဌ်တော်က အသက်ကြီးသူရှုမောင်အကြောင်း နောက်ထပ်ဘာမျှပြောမထားပါ။ ကောင်းကင်အသက်တာကို ယေရှုလမ်းဖွင့်မပေးမီ သူသေဆုံးခဲ့ကြောင်းထင်ရှားသည်။ ရှုမောင်သည် မကြာမီ မြေကြီးပေါ်တွင် ပြန်လည်ရှင်ပြန်ထမြောက်ခြင်းခံရတော့မည်။ ဘုရားသခင့်မေရှိယနိုင်ငံတော်အောက်ရှိ ကမ္ဘာသစ်ကို သူ—နှင့်သင်—တို့သည် မည်မျှရွှင်လန်းဝမ်းမြောက်ဖွယ် တွေ့ကြုံရမည်ပါတကား!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ