ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၇/၁ စာ. ၃
  • ယေရှုခရစ်ကိုအဘယ်ကြောင့် ယုံကြည်ရသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုခရစ်ကိုအဘယ်ကြောင့် ယုံကြည်ရသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုခရစ်—ကိုယ်တော်ကား မည်သူနည်း
    ယေရှုကိုယ်တော်ကား မည်သူနည်း
  • ခရစ်ဝင်ကျမ်းများ—သမိုင်းဝင်လော၊ ဒဏ္ဍာရီလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေရှု အစစ်အမှန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၇/၁ စာ. ၃

ယေရှုခရစ်ကိုအဘယ်ကြောင့် ယုံကြည်ရသနည်း

“ကိုယ်တော်သည် ကြီးမြတ်၍ပညာရှိသော ဆရာဖြစ်ကြောင်းကို ခရစ်ယာန်မဟုတ်သူများပင်၊ ယုံကြည်ကြ၏။ သူသည် အသက်ရှင်ခဲ့သမျှတွင် လူတို့ကို အမှန်ပင် ဩဇာအလွှမ်းနိုင်ဆုံးသူတစ်ဦးဖြစ်သည်။” (ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း) “သူ” ကားမည်သူနည်း။ ခရစ်ယာန်ဘာသာကို စတင်ခဲ့သူ ယေရှုခရစ်ဖြစ်သည်။

သို့သော် စွယ်စုံကျမ်းက ထိုသို့ဆိုထားသည့်တိုင် အရှေ့တိုင်းနှင့် အခြားဒေသရှိ သန်းပေါင်းများစွာသောသူတို့အတွက် ယေရှုခရစ်သည် သူစိမ်းတစ်ဦး၊ အထက်တန်းကျောင်းသင်ရိုးစာအုပ်မှ မှတ်မိပေမည့် အမည်တစ်ခုမျှသာဖြစ်သည်။ ခရစ်ယာန်ဘောင်ချာ့ချ်များ၌ပင် ယေရှုကို ကျွန်ုပ်တို့အမှန်ပင်မသိကြောင်းနှင့် သမ္မာကျမ်းစာတွင်ပါသော ကိုယ်တော့်အသက်တာဆိုင်ရာ မပျောက်မပျက်ရှိနေသေးသည့် (ခရစ်ဝင်ကျမ်းများ) မှတ်တမ်းလေးခု၏စစ်မှန်မှုကို သံသယရှိစေသည်ဟုဆိုကြသည့် ဓမ္မပညာရှင်များနှင့် ဓမ္မဆရာများရှိသည်။

ခရစ်ဝင်ကျမ်းရေးသားသူတို့သည် ယေရှု၏ဘဝအတ္ထုပ္ပတ္တိကို လိမ်လည်ရေးသားနိုင်မည်လော။ လုံးဝမရေးနိုင်ကြပါ! ကျော်ကြားသော သမိုင်းဆရာ ဝီလ်ဒူးရဲန့်က ထိုခရစ်ဝင်ကျမ်းမှတ်တမ်းများကို လေ့လာသုံးသပ်ပြီးနောက် ဤသို့ရေးသားခဲ့သည်– “လူမျိုးတစ်ဆက်အတွင်း ထိုသာမန်လူအနည်းငယ်သည် ဤမျှသြဇာကြီးမားပြီး ဆွဲဆောင်မှုရှိသောဥပဓိရုပ်တစ်ခု၊ ဤမျှမြင့်မားသောကျင့်ဝတ်စံချိန်တစ်ခု၊ ဤမျှလှုံ့ဆော်မှုဖြစ်စေသည့် လူ့ညီအစ်ကိုအသင်းအပင်းကို ဖန်တီးပေးနိုင်ခဲ့ခြင်းတို့သည် ခရစ်ဝင်ကျမ်းပါ အံ့ဖွယ်အမှုများထက် ပိုမို၍မယုံနိုင်စရာ အံ့ဖွယ်ရာတစ်ခုဖြစ်လိမ့်မည်။ ရာစုနှစ်ခုကြာ အပြင်းအထန်ပြစ်တင်ဝေဖန်ခံရပြီးနောက် ခရစ်တော်၏ဘဝအသက်တာ၊ အကျင့်စရိုက်နှင့် သွန်သင်ချက်အကျဉ်းချုပ်သည် အတော်အသင့်ရှင်းလင်းပြီး အနောက်တိုင်းသား၏သမိုင်းတွင် စိတ်ဝင်စားစရာအကောင်းဆုံးထူးခြားချက်ဖြစ်သည်။”

သို့တိုင် ကိုယ်တော့်တပည့်နောက်လိုက်ဟု အမည်ခံသူများ၏လုပ်ရပ်ကြောင့် အလေးမထားထိုက်သူအဖြစ် ယေရှုခရစ်ကိုငြင်းပယ်သူတို့ရှိသည်။ ဂျပန်နိုင်ငံမှ အချို့တို့ကဤသို့ဆိုပေမည်– ‘သူတို့နာဂါဆာကီမြို့ကို အဏုမြူဗုံးကြဲခဲ့တယ်။ တကယ်တော့ ဂျပန်နိုင်ငံရဲ့ တခြားမြို့တွေထက် နာဂါဆာကီမြို့မှာ ခရစ်ယာန်ပိုများတာ။’ သို့ရာတွင် ဆရာဝန်၏ညွှန်ကြားမှုကို လူနာတစ်ဦးမလိုက်နာလျှင် သူ၏ဖျားနာမှုအတွက် ဆရာဝန်ကိုအပြစ်တင်နိုင်မည်လော။ ခရစ်ယာန်အမည်ခံသူအများစုသည် လူ့ဘဝဆင်းရဲခြင်းမျိုးစုံကိုကျော်လွှားရန် ယေရှု၏ညွှန်ကြားချက်ကို လျစ်လျူရှုခဲ့သည်မှာ ကြာခဲ့ပေပြီ။ သို့တိုင် ယေရှုသည် ကျွန်ုပ်တို့၏နေ့စဉ်ပြဿနာများအပြင် ကမ္ဘာသားတို့၏ဝေဒနာများကို ကုစားနည်းပေးခဲ့သည်။ ထို့ကြောင့် နောက်ဆောင်းပါးကိုဖတ်ရှုပြီးနောက် ကိုယ်တော်သည် မည်သို့သောလူစားမျိုးဖြစ်ကြောင်း ကိုယ်တိုင်သုံးသပ်ကြည့်ရန် သင့်အားဖိတ်ခေါ်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ