ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၇/၁၅ စာ. ၃-၄
  • သင့်ဘဝသည် ပို၍အဓိပ္ပာယ်ရှိနိုင်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ဘဝသည် ပို၍အဓိပ္ပာယ်ရှိနိုင်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ငွေလော၊ သင့်အသက်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင်
    နိုးလော့!—၂၀၁၅
  • ဝိညာဉ်ရေးအဖိုးတန်ရာများ လိုက်စားခြင်းမှ အကျိုးရယူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ငွေဟာ မကောင်းမှု အမျိုးမျိုးရဲ့ ဇာစ်မြစ်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၇/၁၅ စာ. ၃-၄

သင့်ဘဝသည် ပို၍အဓိပ္ပာယ်ရှိနိုင်သလော

တန်ဖိုးအစစ်အမှန်သည် ဖော်ပြထားသည့်အတိုင်း အမြဲမဟုတ်တတ်ပါ။ အမေရိကန်ပြည်ထောင်စုတွင် ထုတ်လုပ်သည့်တန်ဖိုးအမြင့်ဆုံးငွေစက္ကူမှာ ဒေါ်လာ ၁၀,၀၀၀ တန်ဟုဖော်ပြထားသည်။ သို့သော် ယင်းကိုရိုက်နှိပ်ထားသောစက္ကူမှာ တန်ဖိုးအနည်းငယ်သာရှိ၏။

ပင်ကိုတန်ဖိုးအနည်းငယ်သာရှိသော စက္ကူစများသည် သင့်ဘဝကို စစ်မှန်သောအဓိပ္ပာယ်ပေးနိုင်ပါမည်လောဟု သင်စဉ်းစားခဲ့ဖူးသလော။ ပေးနိုင်သည်ဟု လူအများယူဆကြသည်။ ငွေရနိုင်သ၍ရရှိနိုင်ဖို့ နေ့ရောညပါအလုပ်လုပ်ကြသူ သန်းပေါင်းများစွာရှိသည်။ တစ်ခါတစ်ရံ ငွေရှာဖွေဖို့အတွက် မိမိတို့၏ကျန်းမာရေး၊ မိမိတို့၏မိတ်ဆွေများနှင့် မိမိတို့၏မိသားစုကိုပင် စွန့်လွှတ်ကြရသည်။ သို့ဖြင့် အဘယ်အကျိုးရှိသနည်း။ ငွေ—သို့မဟုတ် ငွေနှင့်ကျွန်ုပ်တို့ဝယ်ယူနိုင်ရာသည်—စစ်မှန်၍ တည်မြဲသောကျေနပ်မှု ပေးနိုင်သလော။

သုတေသီများအရ ရုပ်ပစ္စည်းရှိခြင်းအပေါ်အခြေပြုသော ကျေနပ်မှုကို ကျွန်ုပ်တို့အာရုံစိုက်လေ ၎င်းကိုရှာတွေ့ဖို့ အကြောင်းနည်းလေဖြစ်၏။ သတင်းစာဆရာ အယ်လ်ဖီ ခေါန်က ဤသို့မှတ်ချက်ချသည်– “ကျေနပ်ရောင့်ရဲခြင်းကို ရောင်းဝယ်၍မရပါ။ . . . ဘဝတွင် ချမ်းသာကြွယ်ဝခြင်းကို ဦးစားပေးသူများသည် စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျမှုအပြင် ကျန်းမာရေးမကောင်းခြင်းကို များစွာတွေ့ကြုံတတ်ကြသည်။”—အင်တာနေရှင်နယ် ဟယ်ရယ်လ် ထရီဘျွန်း။

အဓိပ္ပာယ်ပြည့်ဝသောဘဝဟူသည် ငွေအပြင် အခြားအရာရှိဖို့လိုအပ်ကြောင်း သုတေသီများက သိရှိနေကြပြီဖြစ်သော်လည်း လူအများက ထိုသို့မယူဆကြချေ။ ယင်းသည် အံ့ဩစရာမဟုတ်ပါ၊ အကြောင်းမှာ အနောက်တိုင်းနိုင်ငံများ၌ နေထိုင်သူတို့သည် တစ်နေ့လျှင် ကြော်ငြာသတင်း ၃,၀၀၀ ခန့်ကို တွေ့မြင်ကြားသိနေကြရ၏။ ကား သို့မဟုတ် သကြားလုံး ကြော်ငြာပင်ဖြစ်ပါစေ အရင်းခံသဘောတရားမှာ ‘ဤပစ္စည်းကိုဝယ်ပါ၊ သို့ပြုလျှင် သင်ပို၍ပျော်ရွှင်လိမ့်မည်’ ဖြစ်၏။

ရုပ်ပစ္စည်းများ၏တန်ဖိုးများကို တိုး၍မြှင့်တင်နေခြင်း၏ ရလဒ်ကားအဘယ်နည်း။ ဝိညာဉ်ရေးစံနှုန်းများကို လျစ်လျူရှုစေ၏! နယူးစ်ဝိခ်မဂ္ဂဇင်းမှ သတင်းတစ်ပုဒ်အရ ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့မှ ဂိုဏ်းချုပ်က “ကျွန်ုပ်တို့၏အဖွဲ့အစည်းတွင် ဘုရားသခင်အကြောင်း ဆွေးနွေးခြင်းမရှိတော့ပါ” ဟုမကြာသေးမီက ကြေညာခဲ့သည်။

သင်သည် သင့်ခွန်အားရှိသမျှနီးပါးကို အသက်မွေးမှု၌ မြှုပ်နှံထားခဲ့ပြီဖြစ်မည်။ အခြားအဘယ်အရာတစ်ခုကိုမျှ ပြုလုပ်ဖို့ အချိန်မရှိဟု သင်ခံစားရကောင်း ခံစားရပေမည်။ သို့သော် ဘဝဟူသည် ကျန်းမာရေး သို့မဟုတ် အသက်အရွယ်ကြောင့် ငြီးငွေ့စရာအလုပ်တစ်ခုကို ဆက်မလုပ်ကိုင်နိုင်တော့သည်အထိ လုပ်ကိုင်နေရခြင်းကိုမဆိုလိုကြောင်း တစ်ခါတစ်ရံ သင်ခံစားရပေမည်။

ဝိညာဉ်ရေးရာကို ပို၍အာရုံစိုက်ခြင်းက ကျေနပ်မှုတိုးများလာစေနိုင်သလော။ အဘယ်အရာက သင့်ဘဝကို ပို၍အဓိပ္ပာယ်ရှိစေမည်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ