ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၀ ၁၁/၁ စာ. ၃-၄
  • ကိုယ်ကျင့်တရား စံနှုန်းများ ကျဆင်းနေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုယ်ကျင့်တရား စံနှုန်းများ ကျဆင်းနေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာပါကိုယ်ကျင့်တရားသည် အံဝင်ပါသလော
  • ကျမ်းစာကိုယ်ကျင့်တရားသည် အကောင်းဆုံးလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ခရစ်ယာန်ကိုယ်ကျင့်တရားကို သင်ယူပြီး သွန်သင်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ကိုယ်ကျင့်တရားစံနှုန်း လိုအပ်ချက်
    နိုးလော့!—၂၀၁၉
  • အိမ်ထောင်အစီအစဉ်သည် မုန်တိုင်းဒဏ်ခံနိုင်မည်လော
    နိုးလော့!—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
က၀၀ ၁၁/၁ စာ. ၃-၄

ကိုယ်ကျင့်တရား စံနှုန်းများ ကျဆင်းနေ

“အဲဒီလိုမျိုး တစ်ခါမှမဖြစ်ခဲ့ဖူးဘူး” ဟုဂျာမန်ဝန်ကြီးချုပ်ဟောင်း ဟဲလ်မတ် ရှမစ်ထ်က မှတ်ချက်ချခဲ့သည်။ သူသည် သတင်းစာခေါင်းစီးတွင်ဖော်ပြထားသော လူထုအရာရှိများ၏ မကြာသေးမီက အလွန်ဆိုးရွားသည့်မရိုးသားမှုများကြောင့် မြည်တမ်းနေခြင်းဖြစ်၏။ သူက “တပ်မက်လုံးကြီးမှုကြောင့် ကိုယ်ကျင့်တရားစံနှုန်းများ ပျက်စီးသွားပြီ” ဟုဆိုခဲ့သည်။

သူနှင့်သဘောတူသူ များပေမည်။ ဘုရားသခင့် နှုတ်မြွက်စကားတော် သမ္မာကျမ်းစာပေါ်အခြေပြုပြီး အမှားအမှန်လမ်းညွှန်တစ်ရပ်အဖြစ် ကြာမြင့်စွာကတည်းက ကျယ်ပြန့်စွာလက်ခံခဲ့ကြသည့် ကိုယ်ကျင့်တရား စံနှုန်းများသည် ဘေးချိတ်ခံနေရပြီ။ ခရစ်ယာန်ဘာသာ တရားနှင့် ဆက်စပ်သည်ဟုဆိုသည့်နိုင်ငံများ၌ပင် ထိုသို့ဖြစ်နေသည်။

ကျမ်းစာပါကိုယ်ကျင့်တရားသည် အံဝင်ပါသလော

ကျမ်းစာသွန်သင်ချက်များပေါ်အခြေပြုထားသော ကိုယ်ကျင့်တရားတွင် ရိုးသားဖြောင့်မတ်ခြင်းနှင့် တည်ကြည်ခြင်းတို့ပါဝင်သည်။ သို့တိုင် လိမ်လည်လှည့်ဖြားမှု၊ အကျင့်ပျက်မှုနှင့် ကလိမ်ကျမှုတို့မှာ ပျံ့နှံ့လျက်ရှိ၏။ လန်ဒန်မြို့ထုတ် သည်တိုင်းမ်စ်သတင်းစာက အချို့စုံထောက်များသည် “ဖမ်းမိထားသောမူးယစ်ဆေးဝါးများကို ပြန်ယူပေးရန် သို့မဟုတ် နာမည်ကြီးရာဇဝတ်ဂိုဏ်းခေါင်းဆောင်များ၏ အထောက်အထားများကို ဖျောက်ဖျက်ပေးရန် တစ်ကြိမ်လုပ်ပေးလျှင် စတာလင်ပေါင် ၁၀၀,၀၀၀ အထိတောင်းကြသည်ဟု စွပ်စွဲခံရကြသည်” ဟုဆိုသည်။ ဩစတြီးယားတွင် အာမခံထားမှုဆိုင်ရာလိမ်လည်မှုသည် သာမန်အလေ့အထဖြစ်လာပြီဟုဆိုကြသည်။ ၎င်းပြင် မကြာသေးမီက “ဂျာမန်သိပ္ပံပညာ၌ ရှက်ဖွယ်အကောင်းဆုံးလိမ်လည်မှုတစ်ခု” ကို သုတေသီများတွေ့ရှိကြသောအခါ

ဂျာမနီနိုင်ငံသိပ္ပံပညာဆိုင်ရာနယ်ပယ်တွင် ထိတ်လန့်သွားခဲ့သည်။ “ဂျာမန်မျိုးရိုးဗီဇပညာရှင်များထဲမှ နာမည်ကြီး” ပါမောက္ခတစ်ဦးသည် အချက်အလက်များကို အကြီးအကျယ် မှားယွင်းဖော်ပြခြင်း သို့မဟုတ် လုပ်ကြံဖန်တီးထားသည်ဟု စွပ်စွဲခံခဲ့ရသည်။

ကျမ်းစာအခြေပြုကိုယ်ကျင့်တရားတွင် ထာဝရဆက်ဆံရေးဖြစ်ဖို့ ရည်ရွယ်ထားသည့် အိမ်ထောင်ရေးတွင် သစ္စာရှိခြင်းလည်းပါဝင်သည်။ သို့သော် တရားရုံး၌ ကွာရှင်းကာအဆုံးသတ်ကြသည့် မောင်နှံစုံဦးရေတိုးများလာသည်။ ကက်သလစ်သတင်းစာ ခရစ် အင် ဒါ ဂေဂဲန်ဝါန့်ထ် (မျက်မှောက်ခေတ်ခရစ်ယာန်) က “‘ရှေးရိုးစွဲ’ ဆွစ်ဇလန်နိုင်ငံ၌ပင် ပြိုကွဲသည့်အိမ်ထောင် များသည်ထက်များလာသည်” ဟုဖော်ပြသည်။ နယ်သာလန်တွင် ထိမ်းမြားမှု၏ ၃၃ ရာခိုင်နှုန်းမှာ ကွာရှင်းမှုဖြင့်အဆုံးသတ်ခဲ့ကြသည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ဂျာမနီနိုင်ငံ၏ လူမှုရေးပြောင်းလဲမှုများကို သတိပြုမိခဲ့သူအမျိုးသမီးတစ်ဦးက သူ၏စိုးရိမ်ပူပန်မှုကို ဤသို့ရေးသားခဲ့သည်– “ယခုအခါ ထိမ်းမြားမှုသည် ခေတ်နောက်ကျသွားပြီ၊ ခေတ်ကုန်သွားပြီဟုယူမှတ်ခံရသည်။ ဘဝကြင်ဖော်အဖြစ် လူတို့လက်မထပ်ကြတော့ပါ။”

အခြားတစ်ဖက်တွင်မူ သန်းချီသောသူတို့သည် ကျွန်ုပ်တို့၏မျက်မှောက်ခေတ်တွင် ကျမ်းစာ၌သွန်သင်ထားသော ကိုယ်ကျင့်တရားစံနှုန်းများသည် ယုံကြည်စိတ်ချရပြီး ဘဝနှင့်အံဝင်သည်ဟု ယူမှတ်ကြသည်။ ဆွစ်-ဂျာမန်နယ်စပ်တွင် နေထိုင်လျက်ရှိသော ဇနီးမောင်နှံတစ်စုံသည် ကျမ်းစာကျင့်ဝတ်များနှင့်အညီ နေထိုင်ဖို့သင်ယူခြင်းက မိမိတို့ကိုပို၍ပျော်ရွှင်စေခဲ့ကြောင်း တွေ့ရှိခဲ့သည်။ သူတို့စဉ်းစားမိသလောက်– “ဘဝကဏ္ဍအားလုံးအတွက် လမ်းညွှန်ချက်တစ်ခုသာရှိသည်။ ထိုလမ်းညွှန်ချက်မှာ သမ္မာကျမ်းစာဖြစ်၏” ဟူ၍သာတည်း။

သင်မည်သို့ထင်သနည်း။ ကျမ်းစာသည် အဖိုးတန်လမ်းညွှန်ချက်တစ်ခုဖြစ်နိုင်သလော။ ကျမ်းစာအခြေပြုကိုယ်ကျင့်တရားသည် ယနေ့ လက်တွေ့ကျပါသလော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ