ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၅/၁၅ စာ. ၂-၄
  • ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကား အဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကား အဘယ်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာမြေအတွက် ဘုရားသခင့်ရည် ရွယ်ချက်ကား အဘယ်နည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • သမ္မာကျမ်းစာပါ သာယာအေးချမ်းတဲ့ဥယျာဉ် ပရဒိသုက ဘယ်မှာရှိသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ပရဒိသုတစ်ခုပေးဖို့ ဘုရားသခင်ကတိပြုတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ကမ္ဘာကို ဘုရားသခင် ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၅/၁၅ စာ. ၂-၄

ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကား အဘယ်နည်း

သင်းပျံ့မွှေးကြိုင်သောပန်းခင်းထဲ လမ်းလျှောက်ခြင်းကို အဘယ်ကြောင့် ပျော်မွေ့ကြသနည်း။ သာယာလှပသောအင်းအိုင် သို့မဟုတ် တိမ်ဖုံးနေသည့်တောင်တန်းများကို မြင်ရသည့်အခါ အဘယ်ကြောင့် ကြည်နူးကြသနည်း။ ကျေးငှက်လေးများ၏ တေးသီသံကို အဘယ်ကြောင့် နားစွင့်လိုကြသနည်း။ ခုန်လွှားပုံလှပသောသမင်တစ်ကောင် သို့မဟုတ် မြက်ခင်းပြင်တွင် ကျက်စားနေသော သိုးအုပ်တစ်အုပ်ကို မြင်လိုက်ရသည့်အခါ အဘယ်ကြောင့် ပီတိဖြစ်ရသနည်း။

ထိုမေးခွန်းအားလုံးအတွက် အဖြေတစ်ခုတည်းရှိ၏။ ကျွန်ုပ်တို့သည် ပရဒိသုတွင်နေထိုင်ရန် ဖန်ဆင်းခံရခြင်းကြောင့်ပင်! ထိုသို့သောနေရာမျိုးတွင် ကျွန်ုပ်တို့၏ကနဦးမိဘ အာဒံနှင့်ဧဝတို့ ဘဝစခဲ့ကြသည်။ ပရဒိသုတွင် နေထိုင်လိုသောဆန္ဒကို သူတို့ထံမှ ကျွန်ုပ်တို့ရရှိသကဲ့သို့ သူတို့ကလည်း ဖန်ဆင်းရှင်  ယေဟောဝါထံမှ ရရှိခဲ့ကြသည်။ ဤမျှကောင်းမွန်လှသော ကမ္ဘာမြေစံအိမ်တွင် ပျော်မွေ့နိုင်ရန် လိုအပ်သောအရည်အသွေးများဖြင့် ကျွန်ုပ်တို့ဖန်ဆင်းခံရသောကြောင့် ပရဒိသုတွင် လူသားများ ပျော်ရွှင်ကြမည်ကို ကိုယ်တော်သိတော်မူ၏။

ယေဟောဝါသည် ကမ္ဘာမြေကို အဘယ်ကြောင့် ဖန်ဆင်းတော်မူသနည်း။ လူသားများ “နေစရာဖို့” ကိုယ်တော်ဖန်ဆင်းခဲ့သည်။ (ဟေရှာယ ၄၅:၁၈) ‘မြေကြီးကို ဖန်ဆင်းတော်မူသောအရှင်’ သည် လှပသောပရဒိသုစံအိမ် ဧဒင်ဥယျာဉ်ကို အာဒံနှင့်ဧဝတို့အား ပေးခဲ့သည်။ (ယေရမိ ၁၀:၁၂; ကမ္ဘာဦး ၂:၇-၉၊ ၁၅၊ ၂၁၊ ၂၂) ၎င်းဥယျာဉ်ရှိ စမ်းချောင်းများ၊ သစ်ပင်ပန်းမန်များကြောင့် သူတို့စိတ်ကြည်နူးလိုက်မည်ဖြစ်ခြင်း! ကောင်းကင်ယံတွင် ငှက်ကလေးများ လေဟုန်စီးနေပြီး မြေပြင်ပေါ်တွင် တိရစ္ဆာန်အမျိုးမျိုး လှည့်လည်ကျက်စားနေကြသော်လည်း လူသားများကို လုံးဝအန္တရာယ်မပြုကြချေ။ ငါးများနှင့် အခြားရေသတ္တဝါများလည်း ကမ္ဘာ၏ကြည်လင်သန့်ရှင်းသောရေတွင် ကူးခပ်သွားလာနေကြ၏။ အကောင်းဆုံးမှာ အာဒံနှင့်ဧဝတို့ အတူရှိနေကြခြင်းဖြစ်သည်။ သူတို့သည် သားသမီးများစွာ မွေးဖွားပြီး သူတို့၏မိသားစုကြီးနှင့်အတူ ပရဒိသုစံအိမ်ကို ပျော်ရွှင်စွာ တိုးချဲ့နိုင်ကြမည်ဖြစ်သည်။

ယနေ့ ကမ္ဘာမြေသည် ပရဒိသုမဖြစ်သော်လည်း ယင်းကို ပျော်ရွှင်သောမိသားစု၏စံအိမ်နှင့်  နှိုင်းယှဉ်နိုင်သည်။ ဘုရားသခင်ပေးထားသည့် ကမ္ဘာ့စံအိမ်တွင် ကျွန်ုပ်တို့လိုအပ်သော အလင်း၊ အပူ၊ ရေနှင့် အစားအစာများရှိသည်။ နေ၏အလင်းရောင်၊ ၎င်း၏အပူဓာတ်နှင့် လရောင်တို့အတွက် ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်စရာပင်။ (ကမ္ဘာဦး ၁:၁၄-၁၈) အပူဓာတ်ရရှိရန် အသုံးပြုနိုင်သည့် ကျောက်မီးသွေးနှင့် ရေနံကဲ့သို့သော လောင်စာများလည်း မြေကြီးထဲတွင်ရှိသည်။ ရေသံသရာနှင့် မြစ်ချောင်းအင်းအိုင်၊ ပင်လယ်သမု ဒ္ဒရာတို့ကြောင့် ကျွန်ုပ်တို့ရေရရှိ ကြသည်။ ထို့ပြင်  ကမ္ဘာမြေတွင် ကော်ဇောပမာ မြက်ခင်းများလည်းရှိသည်။

အိမ်တစ်အိမ်၏ ရိက္ခာအခန်းတွင် စားစရာများရှိသကဲ့သို့ ကမ္ဘာ့ရိက္ခာတိုက်တွင် စားစရာအလျှံပယ်ရှိ၏။ ယေဟောဝါသည် ကောက်ပဲသီးနှံ၊ သစ်သီးခြံများကို ပေးခြင်းအားဖြင့် ‘ကျွန်ုပ်တို့အား ကျေးဇူးပြုလျက်၊ အစာအာဟာရနှင့်ဝပြော၍ ဝမ်းမြောက်စေ’ ၏။ (တမန်တော် ၁၄:၁၆၊ ၁၇) ယခုပင်လျှင် ကမ္ဘာမြေသည် ဤမျှကောင်းမွန်သော စံအိမ်တစ်ဆောင်ဖြစ်နေရာ “ပျော်ရွှင်သောဘုရားသခင်” ယေဟောဝါသည် ယင်းကို ကမ္ဘာ့ပရဒိသု ဖြစ်စေသည့်အခါ  မည်မျှကောင်းလိုက်မည်ဖြစ်ကြောင်း မြင်ယောင်ကြည့်လိုက်ပါ။—၁ တိမောသေ ၁:၁၁၊ ကဘ။

[Picture Credit Lines on page 2]

COVER: Earth: NASA photo; Stars: NASA, ESA and AURA/​Caltech

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ