ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၈/၁၅ စာ. ၃၀
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • “ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • စစ်မှန်တဲ့ ဉာဏ်ပညာ ဟစ်အော်နေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၈/၁၅ စာ. ၃၀

သင်မှတ်မိသလော

မကြာသေးမီက ထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များဖတ်ရှုရသည်ကို သင်သဘောကျခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–

• ဆာလံ ၇၂:၁၂ တွင်ဖော်ပြထားချက်အရ ယေရှုသည် ‘ဆင်းရဲသောသူကို’ မည်သို့ ‘ချမ်းသာ’ ပေးမည်နည်း။

ကိုယ်တော်အုပ်ချုပ်ချိန်တွင် အကျင့်ယိုယွင်းမှုမရှိဘဲ လူတိုင်းအတွက် တရားမျှတမှုရှိပေလိမ့်မည်။ စစ်ဒဏ်ကြောင့် ဆင်းရဲမွဲတေခဲ့ရသော်လည်း ခရစ်တော်သည် ပြည့်ဝစုံလင်သောငြိမ်သက်ခြင်းကို ဆောင်ကြဉ်းပေးလိမ့်မည်။ ကိုယ်တော်သည် လူတို့ကို စာနာမှုပြကာ လူခပ်သိမ်းကို စည်းလုံးစေပြီး အစာရေစာအလုံအလောက်ရရှိစေမည်ဖြစ်သည်။ (ဆာလံ ၇၂:၄-၁၆)—၅/၁၊ စာမျက်နှာ ၇။

• ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့သည် ‘လွတ်လပ်စွာပြောဆိုခွင့်’ ကို မည်သို့ဖော်ပြနိုင်ကြသနည်း။ (၁ တိမောသေ ၃:၁၃; ဖိလေမုန် ၈; ဟေဗြဲ ၄:၁၆)

အခြားသူများကို စိတ်ထက်သန်မှုဖြင့် ရဲရင့်စွာဟောပြောခြင်း၊ ချက်ချင်းလက်ငင်း ထိရောက်စွာ သွန်သင်အကြံဉာဏ်ပေးခြင်း၊ ဘုရားသခင်နားညောင်းကာ အဖြေပေးမည်ဟူ၍ ယုံကြည်စိတ်ချလျက် ရင်ဖွင့်ဆုတောင်းခြင်းတို့အားဖြင့် လွတ်လပ်စွာပြောဆိုနိုင်ကြသည်။—၅/၁၅၊ စာမျက်နှာ ၁၄-၁၆။

• ပညတ်တရားအောက်တွင် လိင်ဆိုင်ရာသဘာဝလုပ်ဆောင်မှုအချို့သည် လူတစ်ဦးကို အဘယ်ကြောင့် ‘မစင်မကြယ်’ ဖြစ်စေသနည်း။

သုက်ရည်ထွက်ခြင်း၊ ဥတုရောက်ခြင်းနှင့် မီးဖွားခြင်းတို့ကြောင့် မစင်မကြယ်ဖြစ်ခြင်းနှင့်ပတ်သက်သော ပညတ်တရားက ကျန်းမာသန့်ရှင်းသောဘဝပုံစံကို မြှင့်တင်ပေးပြီး အသွေး၏သန့်ရှင်းမြင့်မြတ်မှုကို ပေါ်လွင်စေကာ အပြစ်ဖြေရန် လိုအပ်ကြောင်း ဖော်ပြသည်။—၆/၁၊ စာမျက်နှာ ၃၁။

• လူတစ်ဦး ပျော်ရွှင်လိုပါက ဆာလံကျမ်းကို အဘယ်ကြောင့် သုံးသပ်သင့်သနည်း။

ပျော်ရွှင်မှုကို ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးမှ ရရှိနိုင်ကြောင်း ဆာလံကျမ်းရေးသူများ သိရှိကြသည်။ (ဆာလံ ၁၁၂:၁) မည်သည့်လူသားဆက်ဆံရေး၊ မည်သည့်ပစ္စည်းဥစ္စာ၊ မည်သည့်ပြီးမြောက်အောင်မြင်မှုကမျှ ‘ယေဟောဝါ၏လူမျိုး’ ပိုင်ဆိုင်ထားသော ပျော်ရွှင်မှုမျိုးကို မပေးနိုင်ကြောင်း ပေါ်လွင်စေသည်။ (ဆာလံ ၁၄၄:၁၅)—၆/၁၅၊ စာမျက်နှာ ၁၂။

• ယေဟောဝါသည် ရှေးဣသရေလလူမျိုးနှင့် အဘယ်အထူးဆက်ဆံရေးရှိခဲ့သနည်း။

ဘီစီ ၁၅၁၃ ခုနှစ်တွင် ယေဟောဝါသည် ဣသရေလလူမျိုးနှင့် ဆက်ဆံရေးအသစ်တစ်ရပ်ကို ထူထောင်ကာ ပဋိညာဉ်သစ်ဖွဲ့ခဲ့သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆; ၂၄:၇) ထိုအချိန်နောက်ပိုင်း ဣသရေလလူတို့သည် ဘုရားသခင်ကိုအပ်နှံထားသည့် ရွေးချယ်ထားသောလူမျိုးအဖြစ် ဖွားမြင်ခဲ့သည်။ သို့တိုင် တစ်ဦးချင်းစီအနေနှင့် ဘုရားသခင်ကိုဝတ်ပြုရန် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချကြရမည်။—၇/၁၊ စာမျက်နှာ ၂၁-၂။

• အဘယ်ကြောင့် “ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲပြု” ရမည်နည်း။ (ဖိလိပ္ပိ ၂:၁၄)

ညည်းညူမြည်တမ်းခြင်းသည် ဘုရားသခင့်လူမျိုးတော်ကို များစွာပျက်စီးစေကြောင်း ကျွန်ုပ်တို့သုံးသပ်ခဲ့သည့် ကျမ်းစာပုံနမူနာအများက ဖော်ပြသည်။ ထို့ကြောင့် ယင်းသည် ယနေ့လည်း တဖြည်းဖြည်းတိုက်စားသွားနိုင်ကြောင်း အလေးအနက်စဉ်းစားသင့်သည်။ မစုံလင်သူလူသားများသည် ညည်းညူတတ်သည့်ဝသီရှိကြ၏။ ယင်းကို ရှောင်သင့်သည်။—၇/၁၅၊ စာမျက်နှာ ၁၆-၁၇။

• နယပုံပြင် ၈:၂၂-၃၁ တွင် ဖော်ပြထားသော ဉာဏ်ပညာသည် စိတ်ကူးဉာဏ်သက်သက်ကိုသာ ဆိုလိုခြင်းမဟုတ်ကြောင်း မည်သို့သိရှိရသနည်း။

ယေဟောဝါသည် ရှေးအမှုတော်ကိုမပြုမီကပင် ထိုဉာဏ်ပညာကို “ပိုင်တော်မူ” သို့မဟုတ် ဖန်ဆင်းတော်မူခဲ့၍ဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် အစဉ်အမြဲတည်ရှိပြီး ဉာဏ်ပညာအမြဲရှိတော်မူ၏။ ကိုယ်တော်၏ဉာဏ်ပညာသည် ဖန်ဆင်းခံရခြင်းမဟုတ်။ သု. ၈:၂၂-၃၁ ပါ ဉာဏ်ပညာသည် “ကျွမ်းကျင်လုပ်သား” အဖြစ် ဘုရားသခင်ထံပါးတွင်ရှိခဲ့ပြီး ဖန်ဆင်းခြင်းလုပ်ငန်းတွင် ဘုရားသခင်နှင့်နီးကပ်စွာအလုပ်လုပ်ခဲ့သော ဝိညာဉ်သတ္တဝါယေရှုဖြစ်သည်။ (ကောလောသဲ ၁:၁၇; ဗျာဒိတ် ၃:၁၄)—၈/၁၊ စာမျက်နှာ ၃၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ