ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၁၁/၁၅ စာ. ၃၁
  • မှတ်ချက် ပေးတတ်ရန် သင့်ကလေးကို သင်ပေးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မှတ်ချက် ပေးတတ်ရန် သင့်ကလေးကို သင်ပေးပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသင်းတော်မှာ ယေဟောဝါကို ချီးမွမ်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • အသင်းတော် အစည်းအဝေးတွေမှာ အချင်းချင်း အားပေးကြပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • အစည်းအဝေးတွေအတွက် ဘယ်လိုပြင်ဆင်နည်းက အကောင်းဆုံးလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • တိမ်းယိမ်းမှုကင်းလျက် လူသူရှေ့သင့်မျှော်လင့်ချက် ကြေညာခြင်းကိုခိုင်မြဲစွာစွဲကိုင်လော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၁၁/၁၅ စာ. ၃၁

မှတ်ချက် ပေးတတ်ရန် သင့်ကလေးကို သင်ပေးပါ

မက္ကဆီကိုနိုင်ငံမှ ပါလာဆိုသောအမျိုးသမီးသည် သူငယ်စဉ်က ကင်းမျှော်စင်သင်တန်းတွင် မှတ်ချက်တိုလေးပေးဖို့ ပြင်ဆင်ရာတွင် သူ့အမေ သူ့ကိုကူညီပေးခဲ့သည်ကို မှတ်မိသည်။ ယခု ပါလာတွင် ငါးနှစ်အရွယ် သားလေးတစ်ယောက်ရှိနေပြီ။ သားလေးကို သူမည်သို့ကူညီပေးသနည်း။ “ဦးဆုံးကျွန်မပြင်ဆင်ရတယ်။ အဲဒီလိုပြင်ဆင်တဲ့အခါ သားလေးကိုယ်ပိုင်စကားနဲ့ရှင်းပြနိုင်မယ့် နားလည်ရလွယ်ကူတဲ့ စာပိုဒ်ကိုလိုက်ရှာတယ်။ အဲဒီနောက် ‘ကျွန်တော့်စာပိုဒ်’ လို့ သားခေါ်တဲ့ စာပိုဒ်ကိုပဲ ကျွန်မတို့အာရုံစိုက်တော့တယ်။ သူနားလည်တဲ့ ဥပမာရိုးရိုးလေးသုံးပြီး အဲဒီစာပိုဒ်ကို သူ့ကို ရှင်းပြခိုင်းတယ်။ ပြီးတော့ ပြင်ဆင်ထားတဲ့မှတ်ချက်ကို အထပ်ထပ်အခါခါ ကျွန်မတို့ပြန်ပြောကြတယ်။ သားလေးမှတ်ချက်ပေးတဲ့အခါ မိုက်ကို ဘယ်လိုကိုင်ရမယ်ဆိုတာသိဖို့ မိုက်အတုလုပ်ပြီး လေ့ကျင့်ကြတယ်။ သားလေးမှတ်ချက်မပေးတဲ့ ဒါမှမဟုတ် လက်မထောင်တဲ့အစည်းအဝေးနေ့ရယ်လို့ တစ်ခါမှမရှိတဲ့အတွက် ကျွန်မအရမ်းပျော်တယ်။ အများအားဖြင့် သားလေးဟာ စည်းဝေးမစခင် ဘယ်စာပိုဒ်ကို သူမှတ်ချက်ပေးချင်တယ်ဆိုတာကို သင်တန်းကိုင်သူဆီသွားပြီး ပြောပြတတ်ပါတယ်။”

ဟင်ဒီစကားပြောအုပ်စုတွင် အကြီးအကဲတစ်ဦးဖြစ်သူ ယန်းတွင် အသက်နှစ်,နှစ်နှင့် လေးနှစ်အရွယ် သားနှစ်ယောက်ရှိသည်။ သူနှင့် သူ့ဇနီးသည် ကလေးများနှင့်အတူ အစည်းအဝေးအတွက် ပြင်ဆင်ရာတွင် ယန်းကိုယ်တိုင် သူ့မိဘများထံမှရရှိခဲ့သည့်နည်းကို သူတို့အသုံးပြုခဲ့ကြသည်။ သူဤသို့ပြောသည်– “အကြောင်းအရာရဲ့ ဘယ်အပိုင်းတွေဟာ ကလေးတွေနားလည်နိုင်မလဲဆိုတာကို ကျွန်တော်တို့ဆုံးဖြတ်ကြတယ်။ ပြီးတော့ လေ့လာမယ့်အကြောင်းအရာရဲ့အကျဉ်းချုံး ဒါမှမဟုတ် ဆောင်းပါးရဲ့အဓိကအချက်တွေကို သူတို့ကို ကျွန်တော်တို့ကြိုးစားရှင်းပြတယ်၊ ပြီးတဲ့နောက် အစည်းအဝေးမှာ သူတို့ကို ကျွန်တော်တို့ဖြေဆိုစေလိုတဲ့ မေးခွန်းတွေကို ကျွန်တော်တို့မေးတယ်။ ကိုယ်ပိုင်စကားနဲ့ ကောင်းကောင်းမှတ်ချက်ပေးနိုင်တဲ့အတွက် ကျွန်တော်တို့အံ့သြရတာ မကြာခဏပဲ။ သူတို့အဖြေပေးလိုက်ပုံက အကြောင်းအရာကို သူတို့တကယ်နားလည်တယ်ဆိုတာ ပြတယ်။ ဒါကြောင့် သူတို့ရဲ့မှတ်ချက်တွေဟာ ယေဟောဝါကို အမှန်တကယ်ချီးမွမ်းတာဖြစ်ပြီး သူတို့ရဲ့ယုံကြည်ခြင်းကို ကိုယ်တိုင်ကိုယ်ကျဖော်ပြရာလည်း ရောက်တယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ