ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၉/၁ စာ. ၃
  • ယေဟောဝါသက်သေတွေက ဘယ်သူတွေလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေတွေက ဘယ်သူတွေလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသက်သေတွေအကြောင်း သင် ဘာသိထားသလဲ
    နိုးလော့!—၂၀၁၀
  • ယေဟောဝါသက်သေများ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ယေဟောဝါသက်သေများသည် တစ်ယူသန်ဂိုဏ်းတစ်ခုလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်စစ်တွေလား
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၉/၁ စာ. ၃
လူအများရှေ့မှာ လက်တွန်းစင်နဲ့သက်သေခံနေတဲ့ ယေဟောဝါသက်သေတွေကိုကြည့်နေတဲ့ အမျိုးသမီး

မျက်နှာဖုံးဆောင်းပါး

ယေဟောဝါသက်သေတွေက ဘယ်သူတွေလဲ

“ယေဟောဝါသက်သေဖြစ်တဲ့ မိုက်ခ်နဲ့ ကျွန်မခင်တာ နှစ်အတော်ကြာပြီ။ ဒါပေမဲ့ သူ့ရဲ့ဘာသာတရားကို ကျွန်မ နားမလည်နိုင်ဘူး။ ယေဟောဝါဆိုတာ ဘယ်သူလဲ။ ယေဟောဝါသက်သေတွေက ဘာကြောင့် အခါကြီးရက်ကြီးတွေကို မကျင်းပကြတာလဲ။ အစွန်းရောက်ဘာသာရေးဂိုဏ်းနဲ့ မိုက်ခ် ပတ်သက်နေတာလား။”—အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က ဘက်ကီ။

“ယေဟောဝါသက်သေတွေနဲ့ ကျွန်တော်ရဲ့မိတ်ဆွေတွေ ကျမ်းစာလေ့လာချိန်မှာ ‘ယေဟောဝါသက်သေဆိုတဲ့နာမည်က ဘာအဓိပ္ပာယ်လဲ ကျွန်တော်သိချင်တယ်။ ဘာသာတစ်ခုကို အဲဒီနာမည်နဲ့မှည့်ထားတာ အရမ်းထူးဆန်းတာပဲ။’”—ကနေဒါနိုင်ငံ၊ အော်တယ်ရီယိုပြည်နယ်က ဇီနာန်။

“ဘုရားကျောင်းသွားမတက်လို့ အပြစ်ရှိတယ်ဆိုပြီး ခံစားနေရတယ်ဆိုမှ ယေဟောဝါသက်သေတွေက အဲဒါကို အခွင့်ကောင်းယူပြီး ကျွန်တော်တို့ဆီ လာကြတယ်။ ကျွန်တော်တို့သိချင်နေတဲ့အချက်တွေကို ခရစ်ယာန်ဂိုဏ်းကြီးတွေကတောင် မပြောပြနိုင်တာ၊ ဘာမဟုတ်တဲ့ ယေဟောဝါသက်သေဂိုဏ်းလေးဆို ပိုတောင်ဝေးသေး။”—အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်က ကဲန်။

“ရိုးရိုးသားသားပြောရရင် ယေဟောဝါသက်သေတွေက ဘယ်သူတွေလဲ၊ သူတို့ ဘာကိုယုံကြည်ကြမှန်း ကျွန်မ မသိဘူး။” —ဒိန်းမတ်နိုင်ငံ၊ အိတ်စ်ဗျမြို့က စစ္စလီယာ။

တစ်အိမ်မှတစ်အိမ်၊ လူအများရှေ့ ဟောပြောတာ၊ ကျမ်းစာအခြေပြုစာပေတွေ ဝေငှတာ၊ အခမဲ့ကျမ်းစာသင်ပေးတာတွေ ပြုလုပ်နေတဲ့ ယေဟောဝါသက်သေတွေကို သင်လည်း အဲဒီလိုရှုမြင်မိမှာပဲ။ ဒီမဂ္ဂဇင်းကို သူတို့ဆီကနေ သင် ရရှိတာဖြစ်နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေက ဘယ်သူတွေလဲဆိုတာ သင် သိချင်မှာသေချာတယ်။ သူတို့နဲ့ပတ်သက်ပြီး သင့်ရဲ့ရှုမြင်ချက်က အထက်မှာဖော်ပြထားတဲ့သူတွေနဲ့ တူနိုင်ပါတယ်။

ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်ကဘာလဲ၊ သူတို့ရဲ့ အမှုဆောင်လုပ်ငန်းနဲ့ ဝတ်ပြုရာခန်းမတွေအတွက် ထောက်ပံ့မှု ဘယ်လိုရသလဲ၊ သင့်အိမ်ကို သူတို့ ဘာကြောင့် လာကြတာလဲ၊ လူအများရှေ့မှာ သင့်ဆီချဉ်းကပ်ပြီး ဘာကြောင့် စကားပြောရတာလဲ စတဲ့မေးခွန်းတွေကို ဘယ်ကနေ အဖြေရနိုင်မလဲ။

“အင်တာနက်ကနေ ယေဟောဝါသက်သေတွေအကြောင်း ကျွန်မဖတ်ဖူးတယ်။ သူတို့နဲ့ပတ်သက်တဲ့ ကောလဟာလတွေ ကြားဖူးတယ်။ သူတို့ကိုရှုတ်ချထားတဲ့ ဟောပြောချက်တွေကို နားထောင်ဖူးတယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေကို ကျွန်မ ဘယ်လိုမှ အကောင်းမမြင်နိုင်တော့ဘူး” လို့ စစ္စလီယာပြောပြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ယေဟောဝါသက်သေတွေနဲ့ တိုက်ရိုက်စကားပြောကြည့်တဲ့အခါ ကျေနပ်အားရလောက်တဲ့အဖြေတွေကို သူ ရရှိခဲ့တယ်။

ယေဟောဝါသက်သေတွေနဲ့ပတ်သက်တဲ့ သင့်မေးခွန်းတွေကို အဖြေမှန်ရချင်ပါသလား။ ဒီမဂ္ဂဇင်းကိုထုတ်ဝေတဲ့ ယေဟောဝါသက်သေတွေကို တိုက်ရိုက်မေးကြည့်ပါလို့ သင့်ကို တိုက်တွန်းပါတယ်။ (သုတ္တံ ၁၄:၁၅) ယေဟောဝါသက်သေတွေက ဘယ်သူတွေလဲ၊ ဘာကို ယုံကြည်သလဲဆိုတာသိနိုင်ဖို့၊ သူတို့ရဲ့ လုပ်ငန်းကိုနားလည်နိုင်ဖို့ နောက်ဆက်တွဲဆောင်းပါးတွေမှာ ဖော်ပြထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ