ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၉/၁ စာ. ၄
  • ယေဟောဝါသက်သေတွေက ဘယ်လိုလူတွေလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေတွေက ဘယ်လိုလူတွေလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့ ဘာကြောင့် ဟောပြောကြတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယေဟောဝါသက်သေတွေက ဘာဖြစ်လို့ နိုင်ငံရေးမှာ ကြားနေကြတာလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ကြားနေခြင်းဆိုတာ ဘာလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ‘သူတို့သည် ဤလောကနှင့် မစပ်ဆိုင်ကြပါ’
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၉/၁ စာ. ၄
ဝတ်ပြုရာခန်းမမှာ လူမျိုးမတူတဲ့ ယေဟောဝါသက်သေတွေ အချင်းချင်းနှုတ်ဆက်နေကြ

မျက်နှာဖုံးဆောင်းပါး | ယေဟောဝါသက်သေတွေက ဘယ်သူတွေလဲ

ယေဟောဝါသက်သေတွေက ဘယ်လိုလူတွေလဲ

ယေဟောဝါသက်သေတွေက အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပေမဲ့ တခြားဘာသာရေးအဖွဲ့တွေနဲ့ သီးခြားနေပါတယ်။ ဌာနချုပ်က အမေရိကန်နိုင်ငံမှာရှိပေမဲ့ ယေဟောဝါသက်သေအများစုက တခြားနိုင်ငံတွေမှာ နေထိုင်ကြပါတယ်။ “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်” ဆိုတဲ့ ယေရှုရဲ့စကားကို နာခံတဲ့အနေနဲ့ ယေဟောဝါသက်သေ ၈ သန်းလောက်က နိုင်ငံနဲ့ကျွန်ပေါင်း ၂၃၀ ကျော်မှာ လူတွေကို ကျမ်းစာသင်ပေးနေပါတယ်။—မဿဲ ၂၄:၁၄။

ကျွန်ုပ်တို့ ဘယ်နေရာမှာပဲနေပါကြစေ၊ ဥပဒေကို ကိုယ့်အသိစိတ်နဲ့ကိုယ် လိုက်နာကြပါတယ်။ နိုင်ငံရေးမှာ ဘက်မလိုက်ဘဲ ကြားနေဖို့ကြိုးစားတာက “ဤလောကနှင့် မသက်ဆိုင်” နဲ့လို့ ယေရှုရဲ့မိန့်မှာချက်ကို ကျွန်ုပ်တို့ လိုက်နာကြတာဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးမှာ မပါဝင်တဲ့အပြင် စစ်မှုရေးရာကို မထောက်ပံ့တာဖြစ်တယ်။ (ယောဟန် ၁၅:၁၉; ၁၇:၁၆) ဒုတိယကမ္ဘာစစ်မှာ ယေဟောဝါသက်သေတွေက နိုင်ငံရေးမှာကြားနေတဲ့အတွက် ထောင်ချခံရ၊ ညှဉ်းဆဲခံရတဲ့အပြင် အသတ်တောင်ခံခဲ့ရတယ်။ ဂျာမန်ဘိရှော့ဟောင်းတစ်ဦးက ကျွန်ုပ်တို့နဲ့ပတ်သက်ပြီး ဒီလိုရေးခဲ့တယ်– “နာဇီအုပ်ချုပ်မှုအောက်မှာ အုပ်စုလိုက် စစ်မှုထမ်းဖို့ ငြင်းပယ်ခဲ့တဲ့သူတွေက ယေဟောဝါသက်သေတွေပဲ ဖြစ်တယ်။”

“[ယေဟောဝါသက်သေတွေ] ဟာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူတွေဖြစ်တယ်။ ကိုယ်ကျိုးမဖက်တဲ့ ဒီလူတွေကို နိုင်ငံရေးမှာ အဆင့်မြင့်ရာထူးတွေပေးပြီး သုံးချင်တယ်။ ဒါပေမဲ့ သူတို့က အဲဒီလိုရာထူးတွေကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး။ . . . အစိုးရအာဏာပိုင်တွေကို သူတို့ အသိအမှတ်ပြုပေမဲ့ ဘုရားနိုင်ငံတော်ကသာ လူ့ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ကြတယ်။”—နိုဗာ စဗိုဘိုဒါ သတင်းစာ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ

ဒါပေမဲ့ ကျွန်ုပ်တို့က တစ်သီးပုဂ္ဂလနေတဲ့သူတွေ မဟုတ်ပါဘူး။ တပည့်တွေနဲ့ပတ်သက်ပြီး ယေရှုက “သူတို့ကို ဤလောကမှ နုတ်ယူရန် တောင်းလျှောက်သည် မဟုတ်ပါ” လို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ (ယောဟန် ၁၇:၁၅) ဒါကြောင့် ကျွန်ုပ်တို့ကို အလုပ်ခွင်မှာ၊ ဈေးတွေမှာ၊ ကျောင်းတွေမှာ သင်တို့ တွေ့ရမှာဖြစ်တယ်။

ယေဟောဝါသက်သေတွေ အများဆုံးရှိတဲ့ နိုင်ငံများ

  • အမေရိကန် ၁,၁၉၀,၀၀၀

  • မက္ကစီကို ၈၀၀,၀၀၀

  • ဘရာဇီး ၇၇၀,၀၀၀

  • နိုင်ဂျီးရီးယား ၃၃၀,၀၀၀

  • အီတလီ ၂၅၀,၀၀၀

  • ဂျပန် ၂၂၀,၀၀၀

မျက်မှောက်ခေတ် အစ္စရေး

www.pr418.com မှာ အစ္စရေးနိုင်ငံက အထူးစည်းဝေးပွဲ (Special Convention in Israel) ဗီဒီယိုကိုကြည့်ပါ။ အစ္စရေးလူမျိုးနဲ့ ပါလက်စတိုင်းလူမျိုး ယေဟောဝါသက်သေတွေက နိုင်ငံရေး၊ လူမျိုးရေးပဋိပက္ခတွေကို ဘယ်လိုကျော်လွှားခဲ့သလဲဆိုတာ မြင်ရပါလိမ့်မယ်။ (ဒီခေါင်းစဉ်အောက်မှာကြည့်ပါ– ABOUT US > CONVENTIONS)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ