ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၈ စာ. ၁
  • “ကျေးဇူးတော်ကိုသိသောစိတ်ရှိကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကျေးဇူးတော်ကိုသိသောစိတ်ရှိကြလော့”
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကျေးဇူးတော်ကိုသိသောစိတ် ရှိကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ‘အသင်ကိုယ်တိုင် ကျေးဇူးတင်ကြောင်းပြပါ’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ကျေးဇူးသိတတ်ကြောင်း ဖော်ပြသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ကျေးဇူးတင်ကြောင်း ဘာကြောင့် ဖော်ပြရမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နဓ ၄/၀၈ စာ. ၁

“ကျေးဇူးတော်ကိုသိသောစိတ်ရှိကြလော့”

၁ အနူသည်ဆယ်ဦးကို ယေရှုကုသပေးသောအခါ တစ်ဦးတည်းသာ ပြန်လာ၍ ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။ ထိုအခါ ယေရှုက “တစ်ကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း” ဟုမေးလေ၏။ (လု. ၁၇:၁၁-၁၉) ကျွန်ုပ်တို့သည် ရက်ရောလှသော မေတ္တာရှင်ယေဟောဝါ ဘုရားသခင်ထံမှ ရရှိသည့် ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့အတွက် ကျေးဇူးတင်လေးမြတ်ရန်နှင့် ကျေးဇူးတင်ကြောင်းဖော်ပြရန် အလွန်အရေးကြီးလှသည်တကား။​—ကော. ၃:၁၅; ယာ. ၁:၁၇။

၂ ကျေးဇူးတင်သင့်သောအရာအချို့ကား အဘယ်နည်း။ လူသားတို့အား ဘုရားသခင်ပေးသနားသည့် အကြီးမြတ်ဆုံးဆုလက်ဆောင် ရွေးနုတ်ဖိုးအတွက် ကျွန်ုပ်တို့ကျေးဇူးတင်ကြသည်။ (ယော. ၃:၁၆) ထို့ပြင် ယေဟောဝါသည် မိမိထံသို့ ကျွန်ုပ်တို့အား ဆွဲဆောင်သောကြောင့် ကျေးဇူးတင်စရာပင်။ (ယော. ၆:၄၄) နောက်ထပ်ကျေးဇူးတင်စရာအကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်တို့ရရှိထားသော ခရစ်ယာန်စည်းလုံးမှုဖြစ်၏။ (ဆာ. ၁၃၃:၁-၃) ယေဟောဝါထံမှ နောက်ထပ်ဆုကျေးဇူးအမြောက်အမြားကိုလည်း သင်တွေးတောနိုင်ပေမည်။ မိမိတို့အတွက် ယေဟောဝါလုပ်ဆောင်ခဲ့ရာများကို မေ့လျော့သွားသည့် ကျေးဇူးကန်းသောဣသရေလလူမျိုးကဲ့သို့ ကျွန်ုပ်တို့ဖြစ်လိုကြမည်မဟုတ်ပါ။​—ဆာ. ၁၀၆:၁၂၊ ၁၃။

၃ ကျေးဇူးတင်ကြောင်း ဖော်ပြပါ– အနူသည်ဆယ်ဦးစလုံးသည် မိမိတို့ကိုကုသပေးသည့်အတွက် ယေရှုအား ကျေးဇူးတင်ကြမည်ဖြစ်သော်လည်း တစ်ဦးတည်းသာ ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။ (လု. ၁၇:၁၅) အလားတူ၊ ကျွန်ုပ်တို့လည်း ဓမ္မအမှုတွင် ဇွဲထက်သန်စွာပါဝင်ခြင်းအားဖြင့် ကျေးဇူးသိတတ်ကြောင်း ဖော်ပြကြသည်။ မေတ္တာရှင်ကောင်းကင်ခမည်းတော် လုပ်ဆောင်ပေးခဲ့ရာမှန်သမျှအတွက် အမှန်ပင်ကျေးဇူးတင်ကြမည်ဆိုလျှင် ကိုယ်တော်၏အကြောင်းကို အခြားသူများအား ပြောပြခြင်းဖြင့် ကိုယ်တော်၏မေတ္တာနှင့်ရက်ရောမှုကို တုပရန် လှုံ့ဆော်ခံရပေလိမ့်မည်။ (လု. ၆:၄၅) တစ်ဖန်၊ “ကျွန်ုပ်တို့အဖို့ပြုတော်မူသော” ယေဟောဝါ၏ “အံ့သြဖွယ်အမှုတို့နှင့် ကြံစည်တော်မူသောအကြံအစည်တို့” ကို သူတစ်ပါးအား ပြောပြသည်နှင့်အမျှ ကိုယ်တော့်အပေါ်ထားရှိသော ကျွန်ုပ်တို့၏မေတ္တာနှင့် ကျေးဇူးတင်လေးမြတ်မှုတို့တိုးပွားလာပေလိမ့်မည်။​—ဆာ.၄၀:၅။

၄ ကျေးဇူးတင်ကြောင်းဖော်ပြရန် အခြားသူများကို လှုံ့ဆော်ပေးပါ– ကျွန်ုပ်တို့၏ကလေးများနှင့် ကျမ်းစာသင်သားများအား ကျေးဇူးတင်လေးမြတ်တတ်ရန် ကူညီပေးနိုင်သည့်နည်းလမ်းများကို အမြဲရှာဖွေသင့်သည်။ မိဘများသည် ယေဟောဝါ၏ ဖန်ဆင်းခြင်းလက်ရာများအကြောင်း သားသမီးများကို ပြောပြခြင်းဖြင့် ထိုသို့ကူညီပေးရန် အခွင့်အလမ်းများစွာရှိသည်။ (ရော. ၁:၂၀) ကျမ်းစာသင်အံမှုကျင်းပသောအခါ “ယေဟောဝါက ဘယ်လိုဘုရားမျိုးဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီအချက်က ဘာဖော်ပြသလဲ” ဟု သင်သားကိုမေးနိုင်သည်။ ကျမ်းစာသင်သား၏ ကျေးဇူးတင်လေးမြတ်မှုတိုးပွားလာသည်နှင့်အမျှ ဘုရားသခင်ကိုချစ်သောမေတ္တာနှင့် ကိုယ်တော့်နှစ်သက်မှုရရန် စိတ်ပိုင်းဖြတ်ချက်လည်း ပို၍ခိုင်မာလာပေလိမ့်မည်။

၅ ဤနောက်ဆုံးကာလတွင် လူများစွာသည် ကျေးဇူးကန်းသူများဖြစ်ကြသည်။ (၂ တိ. ၃:၁၊ ၂) ထို့ကြောင့် ဓမ္မအမှုတွင် ဇွဲထက်သန်စွာပါဝင်ခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြနေသော မိမိ၏ကျေးကျွန်များကို ယေဟောဝါမြင်တွေ့သောအခါ မည်မျှဝမ်းမြောက်လိုက်မည်ဖြစ်ခြင်း!​—ယာ. ၁:၂၂-၂၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ