၂၀၁၁ ပြက္ခဒိန်က မိသားစုဝတ်ပြုမှုကိုအလေးပေး
၂၀၁၁ ယေဟောဝါသက်သေများ၏ပြက္ခဒိန်ရဲ့ အဓိကအကြောင်းက မိသားစုဝတ်ပြုမှုဖြစ်ပါတယ်။ ဒီပြက္ခဒိန်မှာ ခေတ်သစ်မိသားစုတွေနဲ့ ကျမ်းစာခေတ်ကမိသားစုတွေ ပါဝင်တယ်။ ယေဟောဝါရဲ့ကျေးကျွန်တွေထဲက ဇနီးမောင်နှံတွေနဲ့ တစ်ကိုယ်ရေသမားတွေ ကိုယ်တော့်တရားစကားတော်ကို လေ့လာနေပုံတွေလည်း ပါဝင်ပါတယ်။
ပြက္ခဒိန်ပါ ကျမ်းစာဇာတ်ကောင်တွေက ယေဟောဝါရဲ့တရားတော်ကိုမွေ့လျော်ကြပြီး အဲဒါက တစ်မူထူးတဲ့စိန်ခေါ်ချက်တွေနဲ့ရင်ဆိုင်ရတဲ့အခါ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ သူတို့တွေကို အလွန်အကူအညီဖြစ်စေတယ်။ (ဆာ. ၁:၂၊ ၃) မိသားစုကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ မိသားစုဝင်အားလုံး သက်သေခံဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ရုပ်ပုံတစ်ခုချင်းစီကိုဆန်းစစ်မယ်ဆိုရင် မိသားစုဝတ်ပြုမှုရဲ့အရေးကြီးမှုကို သတိရစေမှာဖြစ်တယ်။ သင့်မိသားစုအနေနဲ့ မိသားစုဝတ်ပြုမှုလုပ်ဖို့ သတ်မှတ်ထားတဲ့နေ့ကိုဖော်ပြနိုင်အောင် ပြက္ခဒိန်မှာ နေရာလွတ်ပေးထားပါတယ်။ သင် ဖြည့်ထားပြီးပြီလား။