ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယာကုပ် ၃-၅
ဘုရားရေးရာဉာဏ်ပညာ ပြသပါ
ယေဟောဝါရဲ့ ဉာဏ်ပညာက လက်တွေ့ကျတယ်။ ညီအစ်ကို/မတွေနဲ့ သင့်သင့်မြတ်မြတ် ရှိအောင် ကူညီပေးနိုင်တယ်။ ကျွန်တော်တို့မှာ ဘုရားရေးရာဉာဏ်ပညာ တကယ် ရှိတယ်ဆိုရင် အပြုအမူမှာ ထင်ရှားနေပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘အောက်ပါ ဘုရားရေးရာ အရည်အသွေးတွေထဲက ဘယ်တစ်ခုကို သိပ်မကြာသေးခင်က ငါ ပြခဲ့သလဲ။ အဲဒီထဲက တချို့တွေကို ပြသရာမှာ ဘယ်လို တိုးတက်နိုင်သလဲ။’
စင်ကြယ်ခြင်း
သင့်သင့်မြတ်မြတ် ရှိခြင်း
အကျိုးသင့်အကြောင်းသင့် ရှိခြင်း
နာခံဖို့ အသင့်ရှိခြင်း
ကရုဏာတွေ၊ အကျင့်ကောင်းတွေနဲ့ ပြည့်စုံခြင်း
မျက်နှာမလိုက်ခြင်း
သူတော်ကောင်းအဖြစ် ဟန်မဆောင်ခြင်း