ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb21 ဇန်နဝါရီ စာ. ၁၁
  • ယေဟောဝါကို ဝတ်ပြုကိုးကွယ်ဖို့ ရွေးချယ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကို ဝတ်ပြုကိုးကွယ်ဖို့ ရွေးချယ်ပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှစ်ခြင်းခံဖို့ ပန်းတိုင်ထားခြင်းက အကျိုးရှိ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • နှစ်ခြင်း—ခရစ်ယာန်တွေအတွက် လိုအပ်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ခရစ်ယာန်နှစ်ခြင်းအတွက် တောင်းဆိုချက်များကို ပြည့်မီခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • နှစ်ခြင်းခံခြင်းနဲ့ ဘုရားသခင်နဲ့သင့်ဆက်ဆံရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
mwb21 ဇန်နဝါရီ စာ. ၁၁
ယေဟောဝါကို ဝတ်ပြုကိုးကွယ်တဲ့လမ်းစဉ်ကို သရုပ်ဖော်ထားတဲ့ လမ်းကို တွေ့ရစဉ်။ လမ်းတစ်လျှောက်မှာ တပ်ထားတဲ့ ဆိုင်းဘုတ်တွေက ကျမ်းစာသင်အံမှုလုပ်၊ အစည်းအဝေးတက်၊ ဟောပြော၊ နှစ်ခြင်းခံ စတဲ့ အဆင့်တွေကို မှတ်သားဖော်ပြ။

သင်ဟာ နှစ်ခြင်းခံနိုင်ဖို့ ဘယ်နေရာမှာ ရောက်နေပြီလဲ

ခရစ်ယာန်အသက်တာလမ်းစဉ်

ယေဟောဝါကို ဝတ်ပြုကိုးကွယ်ဖို့ ရွေးချယ်ပါ

သင်ဟာ ခရစ်ယာန် လူငယ်တစ်ယောက် ဒါမှမဟုတ် ကျမ်းစာ လေ့လာနေသူ ဖြစ်မယ်ဆိုရင် နှစ်ခြင်းခံဖို့ ပန်းတိုင် ရှိပါသလား။ ဘာကြောင့် နှစ်ခြင်းခံသင့်သလဲ။ ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းကြောင့် ယေဟောဝါနဲ့ အထူးဆက်ဆံရေး ရရှိစေတယ်။ (ဆ ၉၁:၁) ကယ်တင်ခြင်းလည်း ရစေနိုင်တယ်။ (၁ပ ၃:၂၁) အဲဒီအဆင့်ကို တက်လှမ်းဖို့ ဘယ်လို လုပ်နိုင်သလဲ။

အမှန်တရား ဖြစ်ကြောင်း လက်ခံယုံကြည်အောင် ကြိုးစားပါ။ မေးခွန်းတွေ ပေါ်လာတဲ့အခါ ရှာဖွေလေ့လာပါ။ (ရ ၁၂:၂) ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာတွေကို သိအောင် လုပ်ပါ။ ယေဟောဝါရဲ့ နှစ်သက်လက်ခံမှု ရလိုတဲ့ ဆန္ဒနဲ့ ပြုပြင်ပြောင်းလဲပါ။ (ပ ၂၇:၁၁။ ဧ ၄:၂၃၊ ၂၄) အကူအညီ ရဖို့ ဘုရားဆီ အမြဲ ဆုတောင်းပါ။ တန်ခိုးကြီးတဲ့ သန့်ရှင်းသော စွမ်းအားတော်နဲ့ သင့်ကို ခွန်အားပေးမယ်၊ ထောက်မပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါ။ (၁ပ ၅:၁၀၊ ၁၁) ယေဟောဝါကို ဝတ်ပြုကိုးကွယ်တာက အကောင်းဆုံး ဘဝလမ်းစဉ် ဖြစ်တဲ့အတွက် ကြိုးစားရကျိုး နပ်ပါတယ်။—ဆ ၁၆:၁၁။

နှစ်ခြင်းခံဖို့ ဦးတည်ရာလမ်း ဗီဒီယို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။

  • နှစ်ခြင်းခံဖို့ ဘယ်အတားအဆီးတွေကို တချို့ ကျော်လွှားခဲ့ရသလဲ။

  • ယေဟောဝါထံ ဆက်ကပ်အပ်နှံဖို့ လိုအပ်တဲ့ ယုံကြည်ခြင်းကို ဘယ်လို ပြုစုပျိုးထောင်နိုင်သလဲ။

  • နှစ်ခြင်းခံတဲ့ အဆင့်အထိ ရောက်အောင် ကြိုးစားဖို့ တချို့ကို ဘာက လှုံ့ဆော်ပေးခဲ့သလဲ။

  • ယေဟောဝါကို ဝတ်ပြုကိုးကွယ်ဖို့ ရွေးချယ်သူတွေ ဘာကောင်းချီး ခံစားရသလဲ။

  • ဆက်ကပ်အပ်နှံခြင်းနဲ့ နှစ်ခြင်းဆိုတာ ဘာအဓိပ္ပာယ်လဲ။

နှစ်ခြင်းဟောပြောချက် နိဂုံးပိုင်းမှာ ဟောပြောသူက နှစ်ခြင်းခံမယ့် လူသစ်တွေကို မတ်တတ်ရပ်ခိုင်းပြီး အောက်ပါမေးခွန်းနှစ်ခုကို အသံကျယ်ကျယ် ဖြေဖို့ တောင်းဆိုပါတယ်။

ယေရှုခရစ်ကတစ်ဆင့် ဘုရားသခင် ပြင်ဆင်ပေးတဲ့ ကယ်တင်ခြင်းနည်းလမ်းကို လက်ခံပြီး သင့်ရဲ့ အပြစ်တွေကို နောင်တယူကာ သင့်ကိုယ်ကိုယ် ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီးပြီလား။

သင့်ရဲ့ နှစ်ခြင်းဟာ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းနေတဲ့ ယေဟောဝါသက်သေတစ်ဦးအဖြစ် သင့်ကို သတ်မှတ်ဖော်ပြကြောင်း နားလည်သဘောပေါက်ပါသလား။

အဲဒီမေးခွန်းတွေကို အခိုင်အမာ ဖြေကြားခြင်းက နှစ်ခြင်းခံမယ့်သူတွေဟာ ရွေးဖိုးကို ယုံကြည်ကြောင်း၊ ယေဟောဝါဆီ ကိုယ့်ကိုယ်ကိုယ် အကြွင်းမဲ့ ဆက်ကပ်အပ်နှံထားကြောင်း “လူသိရှင်ကြား ကြေညာ” တာဖြစ်တယ်။—ရ ၁၀:၉၊ ၁၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ