အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ | အမှုဆောင်လုပ်ငန်းမှာ ပိုပျော်ရွှင်နိုင်ပုံ
စိတ်နှလုံးကို ထိမိစေပါ
ဘုရားကို နာခံခြင်းဆိုတာ စိတ်နှလုံးထဲက ဖြစ်ပေါ်လာတာပါ။ (ပ ၃:၁) ဒါကြောင့် နားထောင်နေသူရဲ့ စိတ်နှလုံးကို ထိမိအောင် သွန်သင်ပေးဖို့ လိုတယ်။ ဘယ်လို သွန်သင်မလဲ။
သင်သားကို ကျမ်းစာအမှန်တရား သွန်သင်ပေးရုံသာမက သင်သားရဲ့ အသက်တာအပေါ်၊ ယေဟောဝါနဲ့ ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်တယ်ဆိုတာ နားလည်အောင် သင်ပေးပါ။ ကျမ်းစာစံနှုန်းတွေက ဘုရားရဲ့ မေတ္တာ၊ ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းတွေကို ဖော်ပြတယ်ဆိုတာ နားလည်အောင် ကူညီပေးပါ။ သိလာတာတွေနဲ့ပတ်သက်ပြီး သင်သားရဲ့ ခံစားချက်ကို ထုတ်ဖော်ပြောဆိုလာအောင် လိမ္မာပါးနပ်စွာ မေးခွန်း မေးပါ။ မှားနေတဲ့ သဘောထားတွေ၊ အမူအကျင့်တွေကို ပြုပြင်လိုက်ရင် ဘဝ တိုးတက်ကောင်းမွန်လာမယ်ဆိုတာ စဉ်းစားဆင်ခြင်တတ်အောင် ကူညီပေးပါ။ ယေဟောဝါကို သင်သား နှစ်နှစ်ကာကာ ချစ်တာကို မြင်ရတဲ့အခါ ပိုပျော်ရွှင်လာပါလိမ့်မယ်။
တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ ပျော်ရွှင်ဖို့ စွမ်းရည်များကို မြှင့်တင်ပါ—စိတ်နှလုံးကို ထိမိစေခြင်း ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါ မေးခွန်းတွေကို ဖြေပါ။
နီတာက ဂျက်စမင်ကို “တနင်္လာနေ့က ဆွေးနွေးခဲ့တာကို ပြန်စဉ်းစားကြည့်သေးလား” လို့ ဘာကြောင့် မေးတာလဲ။
ကျမ်းစာစံနှုန်းတွေက ဘုရားရဲ့ မေတ္တာကို ဖော်ပြမှန်း ဂျက်စမင် နားလည်အောင် နီတာ ဘယ်လို ရှင်းပြခဲ့သလဲ။
စိတ်နှလုံးကို ထိမိအောင် သွန်သင်ပေးမယ်ဆိုရင် ဘုရားနဲ့ ရင်းနှီးချင်စိတ် ရှိလာအောင် သင်သား လှုံ့ဆော်ခံရပါလိမ့်မယ်
ဘုရားကို ချစ်ကြောင်း ဂျက်စမင် ဖော်ပြနိုင်မှန်း သိလာအောင် နီတာ ဘယ်လို ကူညီပေးခဲ့သလဲ။