လေ့လာစရာ အကြံပြုလွှာ
ကျမ်းစာမှတ်တမ်းတွေကို မြင်ယောင်ကြည့်ပါ
ကျမ်းစာမှာ အရေးကြီးသင်ခန်းစာတွေ သင်ယူနိုင်တဲ့ ဖြစ်ရပ်မှန်မှတ်တမ်းတွေ အများကြီးပါတယ်။ ဒီမှတ်တမ်းတွေကို ဖတ်တဲ့အခါ မြင်ယောင်ကြည့်တာက ပိုနားလည်ရ လွယ်ကူစေတယ်၊ ပိုအကျိုးရှိစေတယ်။ ကျမ်းစာမှတ်တမ်းတွေကို မြင်ယောင်ကြည့်ဖို့ ဒီနည်းတွေ စမ်းကြည့်ပါ။
အသံထွက် ဖတ်ပါ။ အသံထွက်ပြီး ဖတ်တာက အကြောင်းအရာကို မြင်ယောင်နိုင်ဖို့ အထောက်အကူပြုတယ်။ ကျမ်းစာမှတ်တမ်းတစ်ခုကို မိသားစုလိုက် ဖတ်တဲ့အခါ ကျမ်းစာဇာတ်ကောင်တစ်ခုကို တစ်ယောက်စီ ဖတ်မယ်ဆိုရင် အကြောင်းအရာက ပိုပြီး အသက်ဝင်လာပါလိမ့်မယ်။
အဖြစ်အပျက်တွေကို မြင်ယောင်ပါ။ ဖတ်နေတဲ့ အကြောင်းအရာမှာပါတဲ့ ဇာတ်ကောင်တွေ ဘာတွေ တွေးနေမယ်၊ ဘယ်လိုခံစားနေရမယ်ဆိုတာ တွေးကြည့်ပါ။ ‘ဘာလို့ သူဒီလို ပြောလိုက်တာလဲ၊ ဘာလို့ သူဒီလို လုပ်လိုက်တာလဲ၊ သူ့နေရာမှာဆို ငါဘာလုပ်မလဲ၊ ဘယ်လိုခံစားနေရမလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။
ပုံကြမ်းဆွဲပါ။ ပန်းချီဆွဲ မတော်ရင်တောင် ကျမ်းစာအဖြစ်အပျက်တွေကို ပုံကြမ်းလေး ဆွဲကြည့်တာက မြင်ယောင်နိုင်ဖို့၊ မှတ်မိဖို့ အကူအညီဖြစ်စေတယ်။