ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၇၆
  • ကပ်ရောဂါတွေအကြောင်း ကျမ်းစာမှာ ဘာပြောသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကပ်ရောဂါတွေအကြောင်း ကျမ်းစာမှာ ဘာပြောသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာ အဖြေ
  • ကျမ်းစာမှာ ကပ်ရောဂါတွေအကြောင်း ကြိုဟောသလား
  • ဘုရားသခင်က လူတွေကို အဖျားအနာ၊ ရောဂါတွေနဲ့ ဒဏ်ခတ်သလား
  • ဒီနေ့ခေတ် ကပ်ရောဂါတွေက ဘုရားသခင် ဒဏ်ခတ်တာလား
  • ကပ်ရောဂါတွေ ပြီးဆုံးပါ့ဦးမလား
  • အဖျားအနာအကြောင်း ဖော်ပြတဲ့ ကျမ်းပိုဒ်များ
  • ပိုကောင်းတဲ့ ကမ္ဘာတစ်ခု လိုအပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ကိုဗစ်ကြောင့် လူ ၆ သန်း သေဆုံး—ဒါနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • သာတူညီမျှ စီးပွားရေးစနစ် ရှိလာနိုင်မလား
    ထပ်ဆင့် အကြောင်းအရာများ
  • ဆင်းရဲဒုက္ခဟာ ဘုရားဆီက ပြစ်ဒဏ်လား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၇၆
ကမ္ဘာ့တိုက်ကြီးတွေဆီ ကပ်ရောဂါ ပျံ့နှံ့နေပုံ

ကပ်ရောဂါတွေအကြောင်း ကျမ်းစာမှာ ဘာပြောသလဲ

ကျမ်းစာ အဖြေ

နောက်ဆုံးကာလမှာ ကူးစက်မြန် ကပ်ရောဂါတွေ ဖြစ်မယ်လို့ ကျမ်းစာ ကြိုဟောတယ်။ (လုကာ ၂၁:၁၁) ဒါပေမဲ့ ဒီကပ်ရောဂါတွေက လူတွေကို ဘုရားသခင် ဒဏ်ခတ်တာ မဟုတ်ပါဘူး။ တကယ်တော့ ဘုရားသခင့် နိုင်ငံတော်က ကပ်ရောဂါတွေအပါအဝင် ကျန်းမာရေးပြဿနာမှန်သမျှကို ဖယ်ရှားပေးပါတော့မယ်။

  • ကျမ်းစာမှာ ကပ်ရောဂါတွေအကြောင်း ကြိုဟောသလား

  • ဘုရားသခင်က လူတွေကို အဖျားအနာ၊ ရောဂါတွေနဲ့ ဒဏ်ခတ်သလား

  • ဒီနေ့ခေတ် ကပ်ရောဂါတွေက ဘုရားသခင် ဒဏ်ခတ်တာလား

  • ကပ်ရောဂါတွေ ပြီးဆုံးပါ့ဦးမလား

  • အဖျားအနာအကြောင်း ဖော်ပြတဲ့ ကျမ်းပိုဒ်များ

ကျမ်းစာမှာ ကပ်ရောဂါတွေအကြောင်း ကြိုဟောသလား

COVID-19၊ အေအိုင်ဒီအက်စ်၊ စပိန်တုပ်ကွေးစတဲ့ ကပ်ရောဂါတွေအကြောင်း ကျမ်းစာမှာ သတ်သတ်မှတ်မှတ် ကြိုမဟောပါဘူး။ ဒါပေမဲ့ “ကပ်ရောဂါဘေးတွေ” ဖြစ်လာမယ်လို့တော့ ကြိုပြောထားတယ်။ (လုကာ ၂၁:၁၁။ ဗျာဒိတ် ၆:၈) ဒါတွေဟာ “နောက်ဆုံးကာလ” လက္ခဏာတွေ ဖြစ်တယ်။ “လောကစနစ် နိဂုံးပိုင်း” ရောက်နေပြီဆိုတဲ့ နိမိတ်လည်း ဖြစ်တယ်။—၂ တိမောသေ ၃:၁။ မဿဲ ၂၄:၃။

ဘုရားသခင်က လူတွေကို အဖျားအနာ၊ ရောဂါတွေနဲ့ ဒဏ်ခတ်သလား

ဘုရားသခင်က လူတွေကို အဖျားအနာ၊ ရောဂါတွေနဲ့ ဒဏ်ခတ်တဲ့ ဖြစ်ရပ်တချို့အကြောင်း ကျမ်းစာမှာ ပါတယ်။ ဥပမာ၊ လူတချို့ကို အနာကြီးရောဂါ စွဲစေတယ်။ (တောလည်ရာ ၁၂:၁-၁၆။ ၂ ဘုရင်များ ၅:၂၀-၂၇။ ၂ ရာဇဝင်ချုပ် ၂၆:၁၆-၂၁) ဒါပေမဲ့ ဒီဘေးဒဏ်ဟာ အပြစ်မဲ့သူတွေကို မထိခိုက်ဘူး။ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပုန်ကန်တဲ့ တစ်ဦးတစ်ယောက်အပေါ်မှာပဲ ကျရောက်တဲ့ တရားစီရင်ချက်တွေ ဖြစ်တယ်။

ဒီနေ့ခေတ် ကပ်ရောဂါတွေက ဘုရားသခင် ဒဏ်ခတ်တာလား

မဟုတ်ပါဘူး။ ဘုရားသခင်က လူတွေကို ကပ်ရောဂါတွေ၊ အဖျားအနာတွေနဲ့ ဒဏ်ခတ်တယ်လို့ ပြောတဲ့သူတွေ ရှိတယ်။ ကျမ်းစာကတော့ အဲဒီလို မဆိုထားဘူး။ ဘာကြောင့်လဲ။

အကြောင်းရင်းတစ်ခုကတော့ ရှေးခေတ်နဲ့ ဒီနေ့ခေတ်မှာ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတွေ ဖျားနာကြတယ်။ ဥပမာ၊ သစ္စာရှိသူ တိမောသေမှာ “မကြာခဏ ခံစားနေရတဲ့ အဖျားအနာ” ရှိခဲ့တယ်။ (၁ တိမောသေ ၅:၂၃) ဒါဟာ ဘုရား ဒဏ်ခတ်တာလို့ ကျမ်းစာမှာ မဖော်ပြထားဘူး။ ဒီနေ့ခေတ်မှာလည်း ဘုရားသခင်ကို သစ္စာရှိသူတွေ ဖျားနာကြတယ်၊ ရောဂါကူးစက်ခံရကြတယ်။ ဒါကလည်း မရှိသင့်အချိန်၊ မရှိသင့်တဲ့နေရာမှာ သူတို့ ရောက်နေကြလို့ပါ။—ဒေသနာ ၉:၁၁။

ဒါ့အပြင် လူဆိုးတွေကို ဘုရားသခင် ပြစ်ဒဏ်ပေးမယ့်အချိန် မရောက်သေးဘူးလို့ ကျမ်းစာက ဆိုတယ်။ တကယ်တော့ “ကယ်တင်ရာနေ့ရက်” မှာ ကျွန်တော်တို့ အသက်ရှင်နေကြတာပါ။ (၂ ကောရိန္သု ၆:၂) ဘုရားသခင်က လူအားလုံးကို ကယ်တင်ခြင်း ရစေချင်တယ်။ ဒါကြောင့် မိမိနဲ့ ရင်းနှီးအောင် ကြိုးစားပါလို့ လူတွေကို ဖိတ်ခေါ်နေတယ်။ ဖိတ်ခေါ်တဲ့နည်းတစ်နည်းက ကမ္ဘာတစ်ဝန်း “နိုင်ငံတော်သတင်းကောင်း” ဟောပြောခြင်းအားဖြင့်ပါပဲ။—မဿဲ ၂၄:၁၄။

ကပ်ရောဂါတွေ ပြီးဆုံးပါ့ဦးမလား

ပြီးဆုံးပါတော့မယ်။ မကြာခင် တစ်ယောက်မှ ဖျားနာရတော့မှာ မဟုတ်ဘူးလို့ ကျမ်းစာမှာ ကြိုဟောတယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော် အုပ်ချုပ်မှုအောက်မှာ အဖျားအနာ ရောဂါမှန်သမျှ မရှိတော့အောင် လုပ်ပေးပါတော့မယ်။ (ဟေရှာယ ၃၃:၂၄။ ၃၅:၅၊ ၆) ဆင်းရဲဒုက္ခ၊ နာကျင်ခြင်း၊ သေခြင်းတွေကို ဖယ်ရှားပေးတော့မယ်။ (ဗျာဒိတ် ၂၁:၄) သေဆုံးသူတွေကို အသက်ပြန်ရှင်စေမယ်။ ပြီးပြည့်စုံတဲ့ အခြေအနေမှာ ကမ္ဘာပေါ် ဒေါင်ဒေါင်မြည် ကျန်းမာလာကြမယ်။—ဆာလံ ၃၇:၂၉။ တမန်တော် ၂၄:၁၅။

အဖျားအနာအကြောင်း ဖော်ပြတဲ့ ကျမ်းပိုဒ်များ

မဿဲ ၄:၂၃။ “ယေရှုက ဂါလိလဲနယ်တစ်လျှောက်လုံး လှည့်လည်ပြီး တရားဇရပ်တွေမှာ သွန်သင်ပေးတယ်။ နိုင်ငံတော် သတင်းကောင်းကို ဟောပြောပြီး လူတွေရဲ့ ရောဂါဝေဒနာ အမျိုးမျိုးကို ကုသပေးတယ်။”

အဓိပ္ပာယ်။ ယေရှုလုပ်တဲ့ အံ့ဖွယ်အမှုတွေက မကြာခင် လူတွေအတွက် ဘုရားနိုင်ငံတော် လုပ်ပေးမယ့်အရာတွေကို ကြိုတင်ဖော်ပြတယ်။

လုကာ ၂၁:၁၁။ “ကပ်ရောဂါဘေးတွေ . . . ဖြစ်လိမ့်မယ်။”

အဓိပ္ပာယ်။ နောက်ဆုံးကာလရဲ့ နိမိတ်တွေထဲမှာ ကူးစက်မြန် ရောဂါတွေလည်း ပါတယ်။

ဗျာဒိတ် ၆:၈။ “ကြည့်လိုက်တော့ မြင်းမွဲတစ်စီးကို မြင်ရတယ်။ မြင်းစီးသူရဲနာမည်က သေမင်းလို့ ခေါ်တယ်။ သင်္ချိုင်းလည်း သူ့နောက်ကနေ ကပ်လိုက်လာတယ်။ သူတို့က . . . လူတွေကို . . . ကပ်ရောဂါဘေးနဲ့ သတ်နိုင်တဲ့ အခွင့်အာဏာ ရထားတယ်။”

အဓိပ္ပာယ်။ ဗျာဒိတ်ကျမ်းမှာပါတဲ့ မြင်းစီးသူရဲ လေးဦးအကြောင်း ကြိုဟောချက်က ကျွန်တော်တို့ခေတ်မှာ ကပ်ရောဂါတွေ ဖြစ်လာမယ်ဆိုတာ ဖော်ပြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ