ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwex ဆောင်းပါး ၂၃
  • ကျန်းမာရေး မကောင်းပေမဲ့ တခြားသူတွေကို နှစ်သိမ့်ပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျန်းမာရေး မကောင်းပေမဲ့ တခြားသူတွေကို နှစ်သိမ့်ပေး
  • တွေ့ကြုံမှုများ
တွေ့ကြုံမှုများ
ijwex ဆောင်းပါး ၂၃
ဆေးရုံကုတင်ပေါ်က အမျိုးသမီး ဖုန်းနဲ့ ကျမ်းစာအကြောင်း ပြောနေစဉ်။

ကျန်းမာရေး မကောင်းပေမဲ့ တခြားသူတွေကို နှစ်သိမ့်ပေး

တောင်အာဖရိကနိုင်ငံက ယေဟောဝါသက်သေ ညီအစ်မ ကလိုဒီးန်ဟာ အကြီးစား ခွဲစိတ်မှု ခံယူဖို့ ဆေးရုံတက်ရတယ်။ ရောဂါစုံလို့ ဆေးကုသနည်းတွေ တော်တော်လေး ရွေးလိုက်ရတယ်။ ခွဲစိတ်မှု မတိုင်မီနဲ့ ပြီးနောက်မှာပါ နွမ်းလျမှု၊ နာကျင်မှု၊ ဖိစီးမှု ခံစားခဲ့ရတယ်။ ဆေးရုံဆင်းပြီး ဆယ်ပတ်နီးပါးအထိ ထထိုင်လို့ မရဘူး။ ဒါ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလ ဖြစ်လို့ ဧည့်သည်တွေ လာမလည်နိုင်ကြဘူး။

ကလိုဒီးန်ဟာ ကိုယ့်ကိုယ်ကိုယ် သနားနေမယ့်အစား တခြားသူတွေကို နှစ်သိမ့်နိုင်ဖို့ ခွန်အားပေးပါလို့ ဆုတောင်းတယ်။ အိပ်ရာထဲ ထထိုင်နိုင်တဲ့အခါ တစ်ချိန်က ကျမ်းစာလေ့လာဖူးခဲ့တဲ့ အိမ်နီးချင်းကို ဆက်သွယ်ကြည့်တယ်။ ကလိုဒီးန်က ကျမ်းစာထဲက အားရှိစရာ အချက်တစ်ချက် ပြောပြတဲ့အတွက် အဲဒီအမျိုးသမီး ကျမ်းစာ ပြန်လေ့လာတယ်။ ခရစ်ယာန် အစည်းအဝေးတွေ တက်ရောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ကလိုဒီးန် ရှင်းပြတယ်။ အသင်းတော် အစည်းအဝေးကို ဗီဒီယို ချိတ်ဆက်ပြီး ပါဝင်နိုင်အောင်လည်း စီစဉ်ပေးတယ်။ အဲဒီအမျိုးသမီးက အစည်းအဝေး တက်ရုံမက အမေးအဖြေ ဆွေးနွေးမှုအပိုင်းမှာ ပါဝင်ဖြေဆိုတယ်။

နောက်တော့ ကလိုဒီးန်က အဲဒီအမျိုးသမီးရဲ့ ညီမနဲ့ စကားပြောကြည့်တယ်။ သူလည်း ကျမ်းစာ လေ့လာချင်တဲ့အပြင် နောက်ထပ် လေ့လာချင်တဲ့သူတွေနဲ့ မိတ်ဆက်ပေးတယ်။ ဒါကြောင့် ကလိုဒီးန်ဟာ နောက်ထပ် အမျိုးသမီး လေးယောက်နဲ့ ကျမ်းစာသင်အံမှု စနိုင်ခဲ့တယ်။

ကလိုဒီးန်

တခြားသူတွေအပေါ် စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားမှု ပြတတ်တဲ့ ကလိုဒီးန်ဟာ နောက်ထပ် အမျိုးသမီး ဆယ်ယောက်နဲ့ ကျမ်းစာသင်အံမှု စနိုင်ပြန်တယ်။ ကပ်ရောဂါကာလအတွင်း သင်အံမှု ၁၆ ခု ရှိနေပါပြီ။ တချို့က ဗီဒီယို ချိတ်ဆက်ပြီး အစည်းအဝေးတွေ မှန်မှန် တက်နေကြပြီ။ ဒီနည်းနဲ့ တခြားသူတွေကို ကူညီပေးနေတာက ကိုယ့်ကျန်းမာရေးကိုပဲ စိတ်ရောက်မနေဖို့ ကလိုဒီးန်ကို ကူညီပေးတယ်။ ဆင်းရဲဒုက္ခ ခံရချိန်မှာ “နှစ်သိမ့်ခြင်း အမျိုးမျိုးရဲ့ အရှင်” ယေဟောဝါဘုရားရဲ့ နှစ်သိမ့်ပေးမှုကြောင့် တခြားသူတွေကို ပြန်နှစ်သိမ့်ပေးနိုင်တယ်ဆိုပြီး ကလိုဒီးန် ခံစားရတယ်။—၂ ကောရိန္သု ၁:၃၊ ၄။

သင်ယူသိရှိလာတာတွေနဲ့ပတ်သက်ပြီး ကလိုဒီးန်ရဲ့ ကျမ်းစာသင်သားတွေ ဘယ်လို ခံစားကြရသလဲ။ “နည်းအမျိုးမျိုးနဲ့ အကျိုးရတယ်။ အကြီးမားဆုံး အကျိုးကျေးဇူးကတော့ ဘုရားနာမည် သိလာရတာပါ။ ဘုရားနာမည် သိတာက ယေဟောဝါနဲ့ ရင်းနှီးဖို့ ကူညီပေးတယ်” လို့ သင်သားတစ်ယောက် ပြောတယ်။ ကလိုဒီးန် ပထမဆုံး ဆက်သွယ်ခဲ့တဲ့ အမျိုးသမီးဆိုရင် မကြာခင် နှစ်ခြင်းခံတော့မယ်။ ဒီအတွေ့အကြုံတွေက ကလိုဒီးန်ကို ရွှင်လန်းစေတယ်။ ကလိုဒီးန် ကျန်းမာရေးလည်း တော်တော်လေး ပြန်ကောင်းနေပါပြီ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ