ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwex ဆောင်းပါး ၃၁
  • ရလဒ်တွေကြောင့် အံ့အားသင့်သွားတယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရလဒ်တွေကြောင့် အံ့အားသင့်သွားတယ်
  • တွေ့ကြုံမှုများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျန်းမာရေး မကောင်းပေမဲ့ တခြားသူတွေကို နှစ်သိမ့်ပေး
    တွေ့ကြုံမှုများ
  • ကပ်ရောဂါကာလအတွင်း ဆက်ဟောပြောနေကြ
    တွေ့ကြုံမှုများ
  • “ဉာဏ်ပညာကိုရှာ၍ရသောသူသည် မင်္ဂလာရှိ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
တွေ့ကြုံမှုများ
ijwex ဆောင်းပါး ၃၁
အသိအကျွမ်းတချို့ဆီ ဒက်စီကာ စာတိုတွေ ပို့ပေးနေ။

ရလဒ်တွေကြောင့် အံ့အားသင့်သွားတယ်

ဒက်စီကာလို့ ခေါ်တဲ့ ညီအစ်မဟာ ကြင်ဖော်မဲ့မိခင်တစ်ယောက်ပါ။ ယေဟောဝါအတွက် ပိုပေးဆက်ချင်လို့ မှန်မှန်ရှေ့ဆောင် လုပ်ချင်နေတယ်။ ဒါပေမဲ့ ညီအစ်မ နေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ စီးပွားပျက်ကပ် အကြီးအကျယ် ဆိုက်နေတယ်။ ဘာပဲဖြစ်ဖြစ် ဆုံးဖြတ်ထားတဲ့အတိုင်း ရှေ့ဆောင် စလုပ်တယ်။ ရှေ့ဆောင်ဘဝက သိပ်ပျော်စရာကောင်းတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ စပါလေရော။

ကိုဗစ်-၁၉ ကပ်ရောဂါ အစမှာ အခြေအနေသစ်နဲ့အညီ နည်းသစ်တွေ ပြောင်းပြီး အမှုဆောင်ရလို့ ညီအစ်မ အခက်တွေ့ခဲ့တယ်။ စာရေး သက်သေခံရတာ မလွယ်လှဘူး။ ညီအစ်မ နေတဲ့ ဒေသမှာ အင်တာနက် ဈေးကြီးလွန်းလို့ အမှုဆောင်ကို ဗီဒီယို ချိတ်ဆက်ပြီး မပါဝင်နိုင်ဘူး။ “ကျွန်မ စိတ်ဓာတ်ကျမိတယ်။ ဟောပြောနည်းက နေ့ချင်းညချင်းဆိုသလို ပြောင်းသွားတယ်။ မှန်မှန်ရှေ့ဆောင်တစ်ယောက်အနေနဲ့ အမှုဆောင်သင့်သလောက် မဆောင်နိုင်တော့သလိုပဲ” လို့ ပြောတယ်။

ဒီလိုနဲ့ ၂၀၂၁၊ ဇန်နဝါရီ၊ ဗင်နီဇွဲလားမှာ အထူးကင်ပိန်းတစ်ခု လုပ်ဖို့ ဌာနခွဲရုံးက ခွင့်ပြုလိုက်တယ်။ ဇန်နဝါရီလရဲ့ စနေ၊ တနင်္ဂနွေ ငါးပတ်စလုံးမှာ ရွေးချယ်ထားတဲ့ လူထုဟောပြောချက်တွေကို ရေဒီယိုဌာန အခု ၆၀၊ ရုပ်သံလိုင်း ၇ လိုင်းတို့မှာ ထုတ်လွှင့်ပေးဖို့ စီစဉ်ခဲ့တယ်။ ဒီအစီအစဉ်ကို ကြည့်ဖို့၊ နားထောင်ဖို့ စိတ်ဝင်စားသူတိုင်းကို သက်သေခံတွေ ဖိတ်ကြတယ်။ ဟောပြောချက် တစ်ခုစီနဲ့ဆိုင်တဲ့ မေးခွန်းတွေ၊ ကျမ်းချက်တွေကို ဌာနခွဲက ပြင်ဆင်ပေးတယ်။ အဲဒါတွေကို စာရေးသက်သေခံခြင်း၊ ဖုန်းသက်သေခံခြင်းမှာ ညီအစ်ကို/မတွေ ထည့်သုံးနိုင်ကြတယ်။ ဒါ့အပြင် စာတို ပို့ပြီး သက်သေခံဖို့ ညီအစ်ကို/မတွေကို ဌာနခွဲက အားပေးတယ်။ ဒီသက်သေခံနည်းက ဗင်နီဇွဲလားမှာတော့ အသစ်အဆန်းပဲ။

ကင်ပိန်းအတွက် ဒက်စီကာ သိပ်စိတ်လှုပ်ရှားနေတယ်။ စာတို ပို့ပြီး တစ်ခါမှ သက်သေမခံဖူးပေမဲ့ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အကူအညီတော့ လိုတာပေါ့။ “နည်းပညာပိုင်းမှာ ကျွန်မ မကျွမ်းဘူး” လို့ ပြောတယ်။ ဒါနဲ့ သမီးဖြစ်သူဆီက ပြန်သင်တယ်။ မကြာခင်မှာပဲ ကင်ပိန်းမှာ ပါဖို့ အသင့်ဖြစ်နေပြီ။

ဒက်စီကာ

ကြိုတင်ရိုက်ကူးထားတဲ့ ဟောပြောချက်တွေကို နားထောင်ဖို့ အသိအကျွမ်းတွေကို ဖုန်းကနေ စာတို ပို့ပြီး ဖိတ်တယ်။ ရလဒ်တွေကြောင့် အံ့အားသင့်သွားတယ်။ ဖိတ်ထားတဲ့သူ တော်တော်များများ ဟောပြောချက်တွေကို နားထောင်ကြတယ်။ မေးခွန်းတွေ မေးကြတယ်။ တချို့က နားမထောင်နိုင်ပေမဲ့ ဘာအကြောင်း ဟောသလဲဆိုပြီး ဒက်စီကာကို မေးကြတယ်။ “အစည်းအဝေးမှာ လိုက်မှတ်ထားတဲ့ မှတ်စုတွေ သုံးပြီး သူတို့ကို ပြန်ပြောပြတယ်။ တစ်ခါမှ ပြန်လည်ပတ်မှု ၅ ခု ထက်ပိုပြီး မရခဲ့ပေမဲ့ ကင်ပိန်းလည်းပြီးကော ပြန်လည်ပတ်မှု ၁၁၂ ခုတောင် ရသွားတယ်” လို့ ပြောတယ်။a

ဘေးအိမ်မှာနေတဲ့ မယုံကြည်သူ အစ်မကိုလည်း ရေဒီယိုကနေ ဟောပြောချက်တွေ နားထောင်ဖို့ ဒက်စီကာ ဖိတ်တယ်။ “အံ့ဩစရာပဲ။ အစ်မ နားထောင်မယ်တဲ့။ တနင်္ဂနွေနေ့တိုင်း၊ မနက် ၈ နာရီဆို အစ်မတိုက်ခန်းဆီ သွားပြီး အတူတူ နားထောင်ကြတယ်။ အစီအစဉ်အတွင်းမှာကော ပြီးတဲ့နောက်မှာပါ မေးလိုက်တာမှ မေးခွန်းတွေ အများကြီးပဲ” လို့ ပြောတယ်။ ဒက်စီကာရဲ့အစ်မက ယေရှုရဲ့ သေခြင်းအောက်မေ့ရာနေ့အစီအစဉ်ကို ဗီဒီယိုနဲ့ ချိတ်ဆက်တက်ရောက်တယ်။ ဒက်စီကာ အမှုဆောင်မှာ ပါဝင်နိုင်ဖို့ သူ့အင်တာနက်ကိုလည်း သုံးခွင့်ပေးတယ်။

“ယေဟောဝါကို သိပ်ကျေးဇူးတင်တာပဲ။ ကျွန်မကို ဝိုင်းအားပေးကြတဲ့ အသင်းတော် အကြီးအကဲတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့အကူအညီကြောင့် အမှုဆောင်မှာ ကျွန်မ ပြန်ပျော်လာတာ” လို့ ဒက်စီကာ ပြောတယ်။ (ယေရမိ ၁၅:၁၆) ဒက်စီကာ မှန်မှန်ရှေ့ဆောင် ဆက်လုပ်နေတယ်။ စာတိုပို့ပြီး သက်သေခံရာကနေ တွေ့ရှိခဲ့တဲ့ စိတ်ဝင်စားသူတွေကို ပြန်လည်ပတ်နေပါတယ်။

a သက်ဆိုင်ရာ အချက်အလက် ကာကွယ်ရေး ဥပဒေနဲ့အညီ အမှုဆောင်လုပ်ငန်းကို ယေဟောဝါသက်သေတွေ လုပ်ဆောင်ကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ