ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwhf ဆောင်းပါး ၂၂
  • သားသမီးတွေကို ကျေးဇူးသိတတ်ဖို့ သင်ပေးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သားသမီးတွေကို ကျေးဇူးသိတတ်ဖို့ သင်ပေးပါ
  • မိသားစုအတွက် အကူအညီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျေးဇူးသိတတ်စိတ် ရှိအောင် သင်ပေးနိုင်ပုံ
  • “အရာရာအတွက် ကျေးဇူးတော်ကို ချီးမွမ်းကြပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ကျေးဇူးသိတတ်ခြင်း
    နိုးလော့!—၂၀၁၆
  • ကျေးဇူးတင်လေးမြတ်ကြောင်း အဘယ်ကြောင့် ဖော်ပြရမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ကျေးဇူးတင်ကြောင်း ပြပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
နောက်ထပ် ကြည့်ပါ
မိသားစုအတွက် အကူအညီ
ijwhf ဆောင်းပါး ၂၂
မိန်းကလေးတစ်ယောက် ကျေးဇူးတင်ကြောင်း ရေးထားတဲ့ ကတ်ကို ကိုင်ထားပြီး ပြုံးနေစဉ်။

မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း

သားသမီးတွေကို ကျေးဇူးသိတတ်ဖို့ သင်ပေးပါ

ကျေးဇူးသိတတ်သူတွေဟာ ပျော်ရွှင်တယ်၊ ကျန်းမာတယ်၊ အခက်အခဲတွေကို ကောင်းကောင်း ဖြေရှင်းနိုင်တယ်၊ မိတ်ဆွေမြဲတယ်။ “ကျေးဇူးသိတတ်တယ်ဆိုရင် စိတ်ဓာတ်ကို ပျက်စီးစေတဲ့ မနာလိုမှု၊ ဒေါသ၊ လောဘ၊ နာကြည်းတဲ့ ခံစားချက်တွေ မဝင်အောင် ကာကွယ်ပေးတယ်” လို့ သုတေသီ ရောဘတ် အေ အီမန် ပြောတယ်။a

ကျေးဇူးသိတတ်ရင် ကလေးတွေ ဘာအကျိုး ရမလဲ။ လူငယ် ၇၀၀ ကို လေးနှစ်ကြာ လေ့လာတဲ့အခါ ကျေးဇူးသိတတ်တဲ့ ကလေးတွေက စာမခိုးချဘူး၊ မူးယစ်ဆေးတွေ၊ အရက်တွေ မသုံးစွဲဘူး၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့ အကျင့်ဆိုးတွေ မရှိဘူး။

  • ရသင့် ရထိုက်တယ် ဆိုတဲ့ သဘောထားက ကျေးဇူးသိတတ်စိတ်ကို ပျက်စီးစေတယ်။ ကလေးအတော်များများက မိမိတို့မှာ ရှိတဲ့ ကောင်းတဲ့အရာတွေဟာ ရသင့် ရထိုက်လို့ ရထားတယ်ဆိုပြီး ယူဆကြတယ်။ ကောင်းချီးကို ဆုကျေးဇူးလို့ သဘောမထားဘဲ ရထိုက်လို့ ရတာဆိုပြီး သဘောထားရင် ကျေးဇူးသိတတ်တော့မှာ မဟုတ်ဘူး။

    အခုအချိန်မှာ အဲဒီသဘောထားကို ပိုပိုပြီး တွေ့နေရတယ်။ “ခေတ်ကိုက ကိုယ်လိုချင်တာ မှန်သမျှ ရသင့်တယ်လို့ သင်ပေးနေတယ်” ဆိုပြီး ကက်သရင်း ဆိုတဲ့ မိခင်တစ်ယောက်က ပြောတယ်။ “ကိုယ်ရသင့်တဲ့အရာတွေကို ဦးအောင် ယူသင့်တယ်ဆိုပြီး မီဒီယာတွေကလည်း မြှောက်ထိုးပင့်ကော် လုပ်နေတယ်။”

  • ကျေးဇူးသိတတ်စိတ် ရှိဖို့ ငယ်စဉ်ကတည်းက သင်ပေးနိုင်တယ်။ “ကလေးတွေက သင်ပေးရ လွယ်တယ်။ ငယ်ငယ်ကတည်းက အကျင့်ကောင်းလေးတွေ သင်ပေးတာက အပင် တည့်တည့်မတ်မတ် ကြီးထွားဖို့ ထောက်ပေးတဲ့ ထောက်တိုင်နဲ့ တူတယ်” လို့ ကေး ဆိုတဲ့ မိခင်က ပြောတယ်။

ကျေးဇူးသိတတ်စိတ် ရှိအောင် သင်ပေးနိုင်ပုံ

  • ကျေးဇူးတင်စကား ပြောတတ်ဖို့ သင်ပေးပါ။ တစ်ယောက်ယောက်က လက်ဆောင် ပေးရင်၊ ကြင်နာမှု ပြရင် ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားပြောဖို့ ကလေးငယ်တွေတောင် သင်ယူနိုင်တယ်။ ကြီးလာပြီး ရင့်ကျက်လာပြီဆိုရင် တခြားသူတွေရဲ့ ရက်ရောမှုကို ပိုပြီး ကျေးဇူးတင် လေးမြတ်တတ်လာမယ်။

    အရုပ်လက်ဆောင် ရထားတဲ့ သမီးလေးကို အမေ ချီထားစဉ်။ နှစ်ယောက်စလုံး ပြုံးနေကြ။

    ကျမ်းစာ အခြေခံမူ– “ကျေးဇူးသိတတ်ကြပါ။”—ကောလောသဲ ၃:၁၅။

    “သုံးနှစ်သား မြေးလေးက ‘ကျေးဇူးတင်တယ်၊’ တစ်ခုခု တောင်းရင် ‘ကျေးဇူးပြု၍’ လို့ အမြဲ ပြောတယ်။ အဲဒါကို မိဘတွေရဲ့ အပြော၊ အလုပ်ကနေ သူ သင်ယူထားတာ။”—ဂျက်ဖရီ။

  • ကျေးဇူးတင်ကြောင်း ပြတဲ့ လုပ်ရပ်တွေ သင်ပေးပါ။ လက်ဆောင် ရတဲ့အခါ ကျေးဇူးတင် စာတိုလေး ရေးဖို့ ကလေးကို သင်ပေးပါ။ အိမ်မှုကိစ္စလေးတွေ လုပ်ဖို့ ကလေးတွေကို သင်ပေးရင် မိသားစုမှာ အလုပ် ဘယ်လောက် များတယ်ဆိုတာ သိလာမယ်၊ အဲဒီအလုပ်တွေအတွက် ကျေးဇူးတင်တတ်လာမယ်။

    မိဘတွေက သားသမီးတွေကို ကျေးဇူးတင်စာတို ရေးဖို့ သင်ပေးနေစဉ်။

    ကျမ်းစာ အခြေခံမူ– “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်။”—တမန်တော် ၂၀:၃၅။

    “ကျွန်မရဲ့ ကလေးနှစ်ယောက်က အစားအသောက် ပြင်ဆင်တာ၊ ချက်ပြုတ်တာ၊ အိမ်မှုကိစ္စတွေမှာ ကူညီပေးတယ်။ အဲဒါကြောင့် မိဘတွေ ဘယ်လောက် အလုပ်များတယ်ဆိုတာ သိလာပြီး ကျေးဇူးတင်တတ် လာတယ်။”—ဘယ်ဗလီ။

  • ရှိသင့်တဲ့ စိတ်ထား ရှိဖို့ သင်ပေးပါ။ နှိမ့်ချမှု ရှိရင် ကျေးဇူးသိတတ်စိတ် အလိုလို ပေါ်လာတယ်။ နှိမ့်ချသူဟာ ဘာပဲ လုပ်လုပ် အကူအညီ လိုတယ်ဆိုတာ သိတယ်။ အကူအညီ ရတဲ့အခါ ကျေးဇူးတင်ကြောင်း ဖော်ပြတယ်။

    အဖေက သားနှစ်ယောက်ကို စက်ဘီး ပြင်နည်း သင်ပေးနေစဉ်။

    ကျမ်းစာ အခြေခံမူ– “စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက် သာတယ်လို့ သဘောထားပါ။ ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။”—ဖိလိပ္ပိ ၂:၃၊ ၄။

    “အစာစားတဲ့အခါတွေမှာ ကျေးဇူးတင်တယ်ဆိုတဲ့ စကားလုံးတွေ ပြောတတ်ဖို့ ကလေးတွေကို သင်ပေးတယ်။ ဘာအတွက် ကျေးဇူးတင်တယ်ဆိုတာ အလှည့်ကျ ပြောခိုင်းတယ်။ အဲဒါက အပျက်သဘော၊ တစ်ကိုယ်ကောင်းစိတ်အစား အပြုသဘော၊ ကျေးဇူးသိတတ်စိတ် ရှိစေတယ်။”—တမ်မာရာ။

အကြံပြုချက်– ပုံသက်သေ ပြပါ။ တခြားသူတွေကိုရော၊ ကလေးတွေကိုပါ ကျေးဇူးတင်ကြောင်း သင် အမြဲ ပြောမယ်ဆိုရင် ကလေးတွေလည်း အကျင့်ရသွားမယ်။

a Thanks! How Practicing Gratitude Can Make You Happier စာအုပ်မှ။

မိဘတွေ အဆို

ဂျက်ဖရီနဲ့ ကယ်ရင်။

“ကျွန်တော်တို့ ဇနီးမောင်နှံက ကျေးဇူးတင်စာရေးဖို့ ကလေးတွေကို သင်ပေးတယ်။ လက်ဆောင် ရမှ၊ ကိုယ့်ကို တစ်ခုခု လုပ်ပေးမှ စာရေးရတာ မဟုတ်ဘူးဆိုတာ သတိရစေတယ်။ လက်ဆောင်ပေးသူကို ကျေးဇူးတင်ထိုက်တယ်။”—ဂျက်ဖရီနဲ့ ကယ်ရင်။

စူဆန်နဲ့ ခရစ္စတိုဖာ။

“ကျေးဇူးပြု၍၊ ကျေးဇူးတင်တယ် ဆိုတာ ပြောတတ်ဖို့ ကလေးတွေကို သင်ပေးရင် လူကြီးဖြစ်လာတဲ့အခါ ကျေးဇူးသိတတ်သူတွေ ဖြစ်လာမယ်။”—စူဆန်နဲ့ ခရစ္စတိုဖာ။

ပြန်လည်သုံးသပ်ချက်– သားသမီးတွေကို ကျေးဇူးသိတတ်ဖို့ သင်ပေးပါ

  • ကျေးဇူးတင်စကား ပြောတတ်ဖို့ သင်ပေးပါ။ တစ်ယောက်ယောက်က ကြင်နာမှု ပြရင် ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားပြောဖို့ ကလေးငယ်တွေတောင် သင်ယူနိုင်တယ်။

  • ကျေးဇူးတင်ကြောင်း ပြတဲ့ လုပ်ရပ်တွေ သင်ပေးပါ။ လက်ဆောင် ရတဲ့အခါ ကျေးဇူးတင်စာတိုလေး ရေးဖို့ ကလေးကို သင်ပေးပါ။ အိမ်မှုကိစ္စလေးတွေ လုပ်ဖို့ ကလေးတွေကို သင်ပေးရင် မိသားစုမှာ အလုပ်ဘယ်လောက် များတယ်ဆိုတာ သိလာမယ်။

  • ရှိသင့်တဲ့ စိတ်ထား ရှိဖို့ သင်ပေးပါ။ အလုပ်ပြီးတာက ဝိုင်းဝန်းလုပ်ဆောင်ကြလို့ ဆိုတာ နှိမ့်ချမှု ရှိတဲ့သူက လက်ခံတယ်။ တခြားသူတွေ ကူညီပေးတာကို လေးမြတ်ပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ