ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၁၀၂
  • ကျောင်းထွက်လိုက်ရင် ကောင်းမလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျောင်းထွက်လိုက်ရင် ကောင်းမလား
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျောင်းထွက်ရတဲ့ အကြောင်းရင်း
  • အကျိုးဆက်ကို ထည့်စဉ်းစားပါ
  • ငါကျောင်းထွက်လိုက်ရင် ကောင်းမလား
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ငါကျောင်းထွက်လိုက်ရင် ကောင်းမလား
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ကျောင်းတက်ဖို့ စိတ်ကုန်နေရင် ဘာလုပ်ရမလဲ
    လူငယ်များအမေး
  • ကျောင်းနှင့်အလုပ်အကိုင်
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၁၀၂
ကျောင်းနဲ့ အတန်းဖော်တွေကို ကျောခိုင်းလျှောက်ရင်း မနှစ်မြို့ဟန်နဲ့ လက်ပြနေတဲ့ ကောင်လေး။

လူငယ်များအမေး

ကျောင်းထွက်လိုက်ရင် ကောင်းမလား

“ကျောင်းနေရတာ လုံးဝ မပျော်ဘူး” လို့ ခံစားနေရသလား။ ဒါဆိုရင် ကျောင်းထွက်ချင်မှာပဲ။ ဒီဆောင်းပါးမှာ ပိုကောင်းတဲ့ နည်းလမ်းတချို့ တွေ့ရပါလိမ့်မယ်။

  • ကျောင်းထွက်ရတဲ့ အကြောင်းရင်း

  • အကျိုးဆက်ကို ထည့်စဉ်းစားပါ

  • ပိုကောင်းတဲ့နည်းလမ်း

  • ရွယ်တူချင်းတွေ အဆို

ကျောင်းထွက်ရတဲ့ အကြောင်းရင်း

ဆရာ/မတွေ သတိထားမိတဲ့ အကြောင်းရင်းတချို့-

  • သင်ယူနိုင်စွမ်း အားနည်းခြင်း။ ‘ငါ့ရဲ့ အဆင့်တွေ ကျသည်ထက် ကျလာတယ်။’

  • စိတ်မပါခြင်း။ ‘ကျောင်းနေလို့ကော ဘာထူးမှာလဲ။’

  • စီးပွားရေး ကျပ်တည်းခြင်း။ ‘မိသားစုကို ထောက်ပံ့ဖို့ အလုပ်လုပ်ရမယ်။’

အကျိုးဆက်ကို ထည့်စဉ်းစားပါ

“အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၄:၁၅) သင်ခန်းစာက ဘာလဲ။ ကျောင်းထွက်ဖို့ စိတ်ကူးနေရင် အကျိုးဆက်ကို ထည့်စဉ်းစားပါ။

ကိုယ့်ကိုယ်ကိုယ် မေးပါ-

  • ‘ကျောင်းထွက်လိုက်ရင် နောက်နောင် အလုပ်ကောင်း ရဖို့ လွယ်ပါ့မလား။’

    “တစ်နေ့ကျရင် အလုပ်တစ်ခု ရှာပြီး မိသားစုကို ထောက်ပံ့ရမယ် ဆိုပါစို့။ ဒါပေမဲ့ အလုပ်ရှင်အများစုက အထက်တန်းကျောင်းအောင်သူတွေကိုပဲ အလုပ်ခန့်မယ်ဆိုရင် ဘယ်လို လုပ်မလဲ။”—ဂျူလီယာ။

  • ‘ကျောင်းထွက်လိုက်ရင် ရှေ့မှာရင်ဆိုင်ရမယ့် အခက်အခဲတွေကို ဖြေရှင်းနိုင်စွမ်း ရှိပါ့မလား။’

    “ကျောင်းက ဘဝအတွက် ပြင်ဆင်ပေးနေတာ။ အနာဂတ်မှာ တွေ့ရမယ့် လူတွေ၊ ကြုံရမယ် သွေးဆောင်မှုတွေ၊ လုပ်ရမယ့် အလုပ်တွေက ကျောင်းနေချိန်မှာ ကြုံရတာတွေနဲ့ အတူတူပဲ။”—ဒန်နီယယ်။

  • ‘ကျောင်းထွက်လိုက်ရင် ဘဝအတွက် လိုအပ်တဲ့ အစွမ်းအစတွေ ရှိပါ့မလား။’

    “ကျောင်းတက်ရတာ မဟန်ပါဘူးလို့ လောလောဆယ် ထင်မိနိုင်ပေမဲ့ ၂၃ နှစ်အရွယ်ရောက်လို့ ငွေအဝင်အထွက်ကို တွက်ချက်တဲ့အခါ ‘ငါ သင်္ချာကို စိတ်ဝင်စားခဲ့ရင် အကောင်းသား’ လို့ တွေးမိလိမ့်မယ်။”—အန်နာ။

ပိုကောင်းတဲ့နည်းလမ်း

  • အကူအညီ ယူပါ။ “အကြံပေးသူ များရင်တော့ အောင်မြင်တတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၁:၁၄) အဆင့်တွေ ကျနေရင် မိဘ၊ ဆရာ၊ နည်းပြ၊ ယုံလို့ရတဲ့သူ တစ်ယောက်ယောက်ဆီမှာ အကြံဉာဏ် တောင်းကြည့်ပါ။

    “ဆရာကို ပြောပြလိုက်ပါ။ ဆရာ အသင်အပြ မကောင်းလို့ ထင်မိနိုင်ပေမဲ့ အကူအညီတောင်းလိုက်ရုံနဲ့တင် အခြေအနေ တိုးတက်နိုင်ပါတယ်။”—အက်ဝဒ်။

  • ရေရှည်ကို ကြည့်ပါ။ “ကိစ္စတစ်ခုရဲ့ အဆုံးဟာ အစထက် ပိုကောင်းတယ်” လို့ ကျမ်းစာက ဆိုတယ်။ (ဒေသနာ ၇:၈) ကျောင်းပြီးသွားတဲ့တစ်နေ့ ကျောင်းပညာရေးကိုသာမက ဘဝအရည်အသွေး၊ အစွမ်းအစတွေကိုပါ တတ်သိလာပါလိမ့်မယ်။

    “လူကြီးတစ်ယောက်ဖြစ်လာရင် စာစီစာကုံးတွေ ရေးတာ၊ စာမေးပွဲအတွက် လေ့လာရတာမျိုး မရှိပေမဲ့ ကျောင်းမှာ ဖိစီးမှုတွေကို ဖြေရှင်းပုံက ကျောင်းပြီးတဲ့နောက် ကြုံရမယ့် ဘဝဖိစီးသောကတွေကို ဖြေရှင်းနိုင်အောင် ပြင်ဆင်ပေးတယ်။”—ဗီရာ။

    ကမ်းမကပ်ခင် လှေပေါ်က ဆင်းနေတဲ့ ကောင်လေး။ အတန်းဖော်နဲ့ ဆရာက လှေပေါ်က မဆင်းဖို့ တားနေစဉ်။

    ကျောင်းထွက်တာက ကမ်းမကပ်ခင် လှေပေါ်က ခုန်ဆင်းလိုက်တာနဲ့ တူတယ်။ လှေပေါ်မှာ ဆက်နေရင် အကောင်းသားလို့ နောက်မှ နောင်တရလာမယ်။

  • ကိုယ့်ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ပါ။ “အလျင်စလို လုပ်တဲ့သူကတော့ ကျိန်းသေ ဆင်းရဲလိမ့်မယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၂၁:၅) ကျောင်းထွက်လိုက်တာကလွဲရင် တခြားနည်း မရှိဘူးလို့ အလျင်စလို မဆုံးဖြတ်လိုက်ပါနဲ့။

    “ကျောင်းက အလုပ်ကြိုးစားဖို့၊ ပြဿနာတွေ ဖြေရှင်းဖို့၊ ပူးပေါင်းလုပ်ဆောင်တတ်ဖို့ သင်ပေးတယ်။ ရေရှည်အတွက် အကျိုးရှိတယ်။ ကျောင်းပြီးတဲ့အထိ တက်ရကျိုးနပ်တယ်။”—ဘင်ဂျမင်။

အဓိကအချက်။ ကျောင်းပြီးထားရင် ဘဝတာဝန်တွေအတွက် ပိုအသင့်ဖြစ်လာမယ်။

ရွယ်တူချင်းတွေ အဆို

အန်နဘဲလာ။

“အလုပ်လျှောက်တဲ့အခါ အလုပ်ရှင်က ကျောင်းပြီးထားတဲ့သူကိုပဲ ခန့်ဖို့ များတယ်။ ကျောင်းပြီးထားတာက စထားတဲ့အလုပ်ကို ပြီးအောင် လုပ်မယ်ဆိုတဲ့ သင့်စိတ်ပိုင်းဖြတ်ချက်ကို ပေါ်လွင်စေတယ်။ ဒါကြောင့် ကျောင်းထွက်တာ မှားတယ်။”—အန်နဘဲလာ။

ကိုးလ်။

“ကျောင်းတက်ရတာ ခက်ပြီး ကျောင်းထွက်ရတာ လွယ်တယ်။ ဒါပေမဲ့ စိတ်ဖိစီးစရာတွေတော့ အမြဲ ကြုံရမှာပဲ။ ဒါတွေကို ဖြေရှင်းနိုင်သူ ဖြစ်ချင်တယ်။ ကျောင်းက လူကြီးဘဝအတွက် ပြင်ဆင်ပေးနေတာ။”—ကိုးလ်။

ဘရင်။

“လူကြီးဘဝမှာ ခက်ခဲတဲ့ သင်္ချာပုစ္ဆာတွက်နည်းကို သိစရာ မလိုဘူး။ ဒါပေမဲ့ အချိန်ကို စီမံခန့်ခွဲဖို့၊ အချိန်မီ ပြီးဖို့၊ စောစောထဖို့တောင် လေ့ကျင့်ရမယ်။ ဒီအရည်အသွေးတွေ ရှိအောင် ကျောင်းက ကူညီပေးတယ်။”—ဘရင်။

ပြန်လည်သုံးသပ်ခြင်း- ကျောင်းထွက်လိုက်ရင် ကောင်းမလား။

  • အကျိုးဆက်ကို ထည့်စဉ်းစားပါ။ ကျောင်းထွက်လိုက်ရင် အနာဂတ် အလုပ်အကိုင်၊ ပညာရေးပန်းတိုင်တွေ၊ အခက်အခဲတွေ ခံရပ်နိုင်စွမ်းကို ဘယ်လို ထိခိုက်မယ်ဆိုတာ ထည့်စဉ်းစားပါ။

  • အကူအညီ ယူပါ။ အဆင့်တွေ ကျနေရင် မိဘ၊ ဆရာ၊ နည်းပြ၊ ယုံလို့ရတဲ့သူ တစ်ယောက်ယောက်ဆီမှာ အကြံဉာဏ် တောင်းကြည့်ပါ။

  • ရေရှည်ကို ကြည့်ပါ။ ကျောင်းတက်ခြင်းရဲ့ အကျိုးကျေးဇူးက ပညာတတ်လာရုံလောက်ပဲ မဟုတ်ဘူး။ ဘယ်လို လေ့လာရမယ်၊ အချိန်မီ ပြီးအောင် ဘယ်လို လုပ်ရမယ်၊ ဘယ်လို တာဝန်ယူရမယ်ဆိုတာ သိလာစေတယ်။

  • ကိုယ့်ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ပါ။ မဖြစ်မနေ ကျောင်းထွက်ရမယ်ဆိုရင် အိမ်တွင်းကျောင်း ဒါမှမဟုတ် အွန်လိုင်း ပညာရေးတို့လို တခြားနည်းလမ်းတွေကို စဉ်းစားကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ