ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၄၈
  • ငါ့ရဲ့ ရုပ်အသွင်အပြင် ဘယ်လိုရှိသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါ့ရဲ့ ရုပ်အသွင်အပြင် ဘယ်လိုရှိသလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖက်ရှင်နဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ ရှုမြင်ချက် သုံးချက်နဲ့ ရှောင်နိုင်ပုံ
  • ကျွန်ုပ်တို့၏ဝတ်စားပုံ—အမှန်ပင်အရေးပါသလော
    နိုးလော့!—၂၀၀၁
  • ငါ့အဝတ်အစားက ငါ့ရုပ်စစ်သဏ္ဌာန်စစ်ကို ဖော်ထုတ်နေသလား
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • သင့်ဝတ်စားပုံက ဘုရားသခင့် ဘုန်းတော်ကို ထင်ရှားစေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ငါဘာဝတ်ရမလဲ
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၄၈
လူငယ်တွေ အဝတ်အစားဝယ်နေ

လူငယ်များအမေး

ငါ့ရဲ့ ရုပ်အသွင်အပြင် ဘယ်လိုရှိသလဲ

ကိုယ့်ရဲ့အဝတ်အစားကို ဘာကြောင့် ဂရုစိုက်သင့်တာလဲ။ အကြောင်းကတော့ ကိုယ်ဝတ်တဲ့ အဝတ်အစားက ကိုယ့်အကြောင်း ဖော်ပြပေးလို့ပါပဲ။ သင့်ရဲ့ အဝတ်အစားက သင့်အကြောင်း ဘာဖော်ပြနေပါသလဲ။

  • ဖက်ရှင်နဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ ရှုမြင်ချက် သုံးချက်နဲ့ ရှောင်နိုင်ပုံ

  • ရွယ်တူချင်းတွေပြောဆိုရာ

ဖက်ရှင်နဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ ရှုမြင်ချက် သုံးချက်နဲ့ ရှောင်နိုင်ပုံ

အမှား ၁– မီဒီယာတွေမှာ ဝတ်ဆင်သလိုမျိုး လိုက်ဝတ်ဆင်သင့်တယ်။

ဆယ်ကျော်သက်အရွယ် ထရီဇာ ဒီလိုပြောတယ်– “နောက်ဆုံးပေါ်အဝတ်အစားကြော်ငြာကို တွေ့ရဖန်များတော့ အဲဒါကို ဝတ်ချင်လာတယ်။ လူအများစုက အဝတ်အစားပုံစံ တစ်မျိုးကိုပဲ ဝတ်နေတာ ခဏခဏ တွေ့ရတော့ သူတို့လို လိုက်မဝတ်မိအောင်နေဖို့ တော်တော်ခက်တယ်။”

ကြော်ငြာတွေရဲ့ ဆွဲဆောင်မှုကို မိန်းကလေးတွေပဲ ခံရတာမဟုတ်ဘူး။ “ယောက်ျားလေးတွေလည်း နောက်ဆုံးပေါ်ဖက်ရှင်ရဲ့ ဆွဲဆောင်မှုကို ခံနေရတယ်။ အသက်ငယ်သေးတဲ့ ယောက်ျားလေးတွေကိုတောင် စီးပွားရေးသမားတွေက အလွတ်မပေးဘူး” ဆိုပြီး စာအုပ်တစ်အုပ် (The Everything Guide to Raising Adolescent Boys) မှာ ဖော်ပြတယ်။

ရှောင်နိုင်ပုံ– “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏” လို့ ကျမ်းစာကပြောတယ်။ (သုတ္တံ ၁၄:၁၅) ဒီကျမ်းစာအကြံပေးချက်နဲ့အညီ ကြော်ငြာမှာ တွေ့ရတာတွေကို ချက်ချင်းမယုံဘဲ သေချာဆန်းစစ်ကြည့်ပါ။ ဥပမာ၊ “sassy,” “hot,” “sexy” ဖြစ်တဲ့ အဝတ်အစား ကြော်ငြာတွေကို တွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ–

  • ‘ဒီအဝတ်အစားကို ဝယ်လိုက်ရင် ဘယ်သူ အကျိုးအမြတ်ရမလဲ။’

  • ‘ဒါကို ဝတ်လိုက်ရင် ဘယ်လိုလူစားမျိုး ဖြစ်သွားမလဲ။’

  • ‘အဲဒါက ငါ့ရဲ့ အခြေအနေမှန်နဲ့ ရပ်တည်ချက်ကို ဖော်ပြပေးမလား။’

ဖက်ရှင်လမ်းညွှန်– အဝတ်အစားကြော်ငြာတွေနဲ့ ဖက်ရှင်အသားပေး တခြားမီဒီယာတွေကို တစ်ပတ်အတွင်း သေချာလေ့လာပါ။ ဘယ်လိုပုံစံကို အားပေးအားမြှောက်ပြုသလဲ။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ဝတ်ဖို့ လိုတယ်လို့ သင့်ကို ခံစားစေသလား။ ဆယ်ကျော်သက်အရွယ် ကာရင် ဒီလိုပြောတယ်– “လှလှပပ ဝတ်စားဆင်ယင်ဖို့၊ ခန္ဓာကိုယ်အလှကို ပေါ်စေတဲ့ အဝတ်အစားတွေဝတ်ဖို့ လူငယ်တွေက ကြိုးစားကြတယ်။ အဲဒါကို သိတဲ့သူတွေက လူငယ်တွေကို အဓိကပစ်မှတ်ထားပြီး ကြော်ငြာတွေ ထုတ်လုပ်တယ်။”

အမှား ၂– လူရာဝင်နိုင်ဖို့ နောက်ဆုံးပေါ် အဝတ်အစားတွေ ဝတ်သင့်တယ်။

ဆယ်ကျော်သက်အရွယ် မဲန်ဝဲလ် ဒီလိုပြောတယ်– “ခေတ်စားနေတဲ့ အဝတ်အစားကို လူတိုင်းက ဝတ်ကြတယ်။ အဲဒါကို မဝတ်ဘူးဆိုရင် အပြစ်တင်ခံရမယ်။” ဆယ်ကျော်သက်အရွယ် အန်နာကလည်း အဲဒါကို ထောက်ခံပြီး ဒီလိုပြောတယ်– “နောက်ဆုံးပေါ် အဝတ်အစားတွေ ဝတ်ကြတာက ဖက်ရှင်ကျချင်တာကြောင့်ပဲ မဟုတ်ဘူး၊ အဓိက,ကတော့ လူရာဝင်ချင်ကြတဲ့အတွက်ပဲ။”

ရှောင်နိုင်ပုံ– “လောကစနစ်၏ပုံစံကို မလိုက်ကြနှင့်တော့” ဆိုပြီး ကျမ်းစာက အကြံပေးတယ်။ (ရောမ ၁၂:၂) အဲဒီအကြံပြုချက်ကို လိုက်နာတဲ့အနေနဲ့ သင့်ရဲ့ အဝတ်အစားတွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ–

  • ‘ဘယ်အချက်တွေပေါ် မူတည်ပြီး အဝတ်အစားတွေကို ငါ ရွေးချယ်သလဲ။’

  • ‘နာမည်ကြီးတံဆိပ်တွေကို နှစ်သက်သလား။’

  • ‘ငါ့အဝတ်အစားတွေနဲ့ တခြားသူတွေရဲ့ နှစ်သက်မှုရအောင် ကြိုးစားနေသလား။’

ဖက်ရှင်လမ်းညွှန်– ခေတ်ပေါ်အဝတ်အစားလား၊ ခေတ်နောက်ကျတဲ့ အဝတ်အစားလားဆိုတာပဲ မစဉ်းစားပါနဲ့။ ဒါကိုဝတ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု၊ လုံခြုံမှု ရှိသလားဆိုတာလည်း စဉ်းစားပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ပိုရှိလာမယ်ဆိုရင် လူရာမဝင်မှာကို စိုးရိမ်တော့မှာ မဟုတ်ဘူး။

အမှား ၃– မလုံ့တလုံအဝတ်အစားတွေက ဆွဲဆောင်မှုရှိတယ်။

ဂျနီဖာဆိုတဲ့ မိန်းကလေး ဒီလိုပြောတယ်– “ရိုးရိုးသားသားဝန်ခံရရင် တိုလွန်း၊ ကျပ်လွန်း၊ မလုံ့တလုံ အဝတ်အစားတွေကို တစ်ခါတလေ ဝတ်ချင်မိတယ်။”

ရှောင်နိုင်ပုံ– ‘သင်တို့၏ဆင်ယင်မှုသည် အပြင်တန်ဆာဆင်ခြင်း မဖြစ်စေနှင့်။ သို့အစား စိတ်နှလုံး၏အတွင်းလူကို တန်ဆာဆင်ကြလော့’ လို့ ကျမ်းစာပြောတယ်။ (၁ ပေတရု ၃:၃၊ ၄) အဲဒီအကြံပြုချက်ကို လိုက်နာတဲ့အနေနဲ့ ပိုဆွဲဆောင်မှုရှိတာက အပြင်ပန်းအလှလား၊ စိတ်ထားအလှလားဆိုတာ စဉ်းစားပါ။

ဖက်ရှင်လမ်းညွှန်– အကောင်းဆုံး ဖက်ရှင်က ဣန္ဒြေရှိခြင်းပါပဲ။ အခုအချိန်မှာ အဲဒါက လူကြိုက်မများတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီဥပမာကို သုံးသပ်ကြည့်ပါ–

တစ်ချိန်လုံး ကိုယ့်အကြောင်းချည်းပဲ ပြောတတ်တဲ့သူနဲ့ စကားပြောဖူးသလား။ အဲဒါက သင့်ကို အဝေးကို တွန်းပို့နေသလိုဖြစ်ပြီး နောက်ပိုင်း သူနဲ့ စကားပြောချင်တော့မှာ မဟုတ်ဘူး။

အဝတ်အစားနဲ့ အာရုံစိုက်ခံရဖို့ ကြိုးစားနေတဲ့ ဆယ်ကျော်သက်လူငယ်လေးကို တခြားလူငယ်တွေက မနှစ်သက်

စကားပြောတဲ့အချိန်မှာလိုပဲ၊ ကိုယ်ရွေးတဲ့အဝတ်အစားက ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်တဲ့သူဖြစ်စေနိုင်ပြီး ကိုယ့်ဘေးမှာ ရှိသူတွေကို အဝေးကို တွန်းပို့နိုင်တယ်

သင်က ဣန္ဒြေမရှိ ဝတ်စားထားမယ်ဆိုရင် အဲဒီလူနဲ့ တူပါလိမ့်မယ်။ သင့်ရဲ့အဝတ်အစားက ‘ငါ့ကိုကြည့်ပါ’ လို့ ပြောနေသလို ဖြစ်နေမယ်။ အဲဒါက သင့်ကို မလုံမခြုံ ဖြစ်စေနိုင်တယ်၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း အာရုံစိုက်သူလို့ ထင်ရစေနိုင်တယ်။ မကောင်းတဲ့ အာရုံစိုက်မှုအပါအဝင် အာရုံစိုက်မှုမှန်သမျှ ရချင်လွန်းတဲ့သူလို့ ထင်ရစေနိုင်တယ်။

ကိုယ်မရောင်းတဲ့ပစ္စည်းကို ကြော်ငြာမနေဘဲ ဣန္ဒြေရှိသူဖြစ်ဖို့ ကြိုးစားပါ။ “ဣန္ဒြေရှိတယ်ဆိုတာ ကိုယ့်အဖွားအရွယ်လို ဝတ်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို လေးစားတာကို ဆိုလိုတယ်” လို့ ဆယ်ကျော်သက်အရွယ် မော်နီကာ ပြောတယ်။

ရွယ်တူချင်းတွေပြောဆိုရာ

ဘရင်နာ

“ကျွန်မဝတ်နေကျစကတ်ထက် နည်းနည်း ပိုကြီးတဲ့စကတ်ကို ဝယ်လိုက်တယ်။ ကျွန်မ ဝလာလို့ မဟုတ်ဘဲ ကျပ်မှာစိုးလို့ ဖြစ်တယ်။ ဒါနဲ့ ဘာဖြစ်လဲသိလား။ ပိန်လာတာလားလို့ လူတွေမေးကြတော့တယ်။ ဣန္ဒြေရှိတာက ပိုပြီး ကြည့်ကောင်းစေတယ်။”​—ဘရင်နာ။

ခေရင်

“ဣန္ဒြေရှိရှိဝတ်တဲ့အခါ လုံခြုံတယ်လို့ ခံစားရတယ်။ ပေါ့ပေါ့ပါးပါး ဖြစ်သွားသလို ဘယ်ကိုပဲသွားသွား ကျွန်မက ခရစ်ယာန်ပါလို့ ပြောရဲတယ်။ ကျွန်မယုံကြည်ချက်နဲ့ ကျွန်မရဲ့ရုပ်အသွင်အပြင် မလိုက်ဖက်မှာကို စိုးရိမ်စရာမလိုဘူး။”​—ခေရင်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ