ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၃၈
  • ဒိုင်နိုဆောအကြောင်း ကျမ်းစာ ဘာပြောသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒိုင်နိုဆောအကြောင်း ကျမ်းစာ ဘာပြောသလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
    နိုးလော့!—၂၀၀၆
  • ဖန်ဆင်းရာသတ္တဝါများ ယေဟောဝါအား ဂုဏ်တင်ချီးမြှောက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • တိရစ္ဆာန်များ
    နိုးလော့!—၂၀၁၅
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၃၈
ဒိုင်နိုဆော

ဒိုင်နိုဆောအကြောင်း ကျမ်းစာ ဘာပြောသလဲ

ကျမ်းစာအဖြေ

ကျမ်းစာမှာ ဒိုင်နိုဆောအကြောင်း တိုက်ရိုက် ဖော်ပြမထားဘူး။ ဒါပေမဲ့ ဘုရားသခင်က “အရာခပ်သိမ်းကို ဖန်ဆင်းခဲ့” တယ်လို့ ဖော်ပြထားတဲ့အတွက် ဒိုင်နိုဆောတွေကိုလည်း ဖန်ဆင်းခဲ့တာ သေချာတယ်။a (ဗျာဒိတ် ၄:၁၁) ဒိုင်နိုဆော ဆိုပြီး သတ်သတ်မှတ်မှတ် ဖော်ပြမထားပေမဲ့ အောက်ပါအုပ်စုလိုက် ဖော်ပြထားတဲ့ သတ္တဝါတွေထဲမှာ ပါနိုင်တယ်–

  • “ပင်လယ်သတ္တဝါကြီးတွေ။”—ကမ္ဘာဦး ၁:၂၁။

  • “သားရဲ၊ တွားသွားသတ္တဝါတွေကို အမျိုးအလိုက်။”—ကမ္ဘာဦး ၁:၂၅။

ဒိုင်နိုဆောတွေဟာ တခြားတိရစ္ဆာန်တွေကနေ ဆင့်ကဲပြောင်းလဲလာတာလား

ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းအရ ဒိုင်နိုဆောတွေဟာ တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲလာတာမျိုး မဟုတ်ဘဲ ရုတ်တရက် ဖြစ်ပေါ်လာကြပုံ ရတယ်။ ဒါက တိရစ္ဆာန်အားလုံးကို ဘုရား ဖန်ဆင်းတယ်ဆိုတဲ့ ကျမ်းစာအဆိုနဲ့ ကိုက်ညီတယ်။ ဥပမာ၊ ဆာလံ ၁၄၆:၆ က ဘုရားသခင်ကို “မိုးမြေကို ဖန်ဆင်းတဲ့အရှင်၊ပင်လယ်နဲ့ ပင်လယ်ထဲမှာ ရှိသမျှကို ဖန်ဆင်းတဲ့အရှင်” လို့ ဖော်ပြထားတယ်။

ဒိုင်နိုဆောတွေ ဘယ်အချိန်တုန်းက ရှင်သန်ခဲ့ကြသလဲ

ရေနေသတ္တဝါ၊ ကုန်းနေသတ္တဝါ ရှိသမျှကို ဖန်ဆင်းရာကာလ ပဉ္စမနေ့နဲ့ ဆဋ္ဌမနေ့မှာ ဖန်ဆင်းခဲ့တယ်လို့ ကျမ်းစာက ဆိုတယ်။b (ကမ္ဘာဦး ၁:၂၀-၂၅၊ ၃၁) ဒါကြောင့် ဒိုင်နိုဆောတွေဟာ ရှည်ကြာတဲ့အချိန်ကာလအတွင်း ရှင်သန်ခဲ့ကြကြောင်း ကျမ်းစာက ထောက်ခံတယ်။

ဗေဟမုတ်နဲ့ လဝိသန်ဆိုတာ ဒိုင်နိုဆောတွေလား

မဟုတ်ပါဘူး။ ဘယ်တိရစ္ဆာန်တွေလဲဆိုတာ တိတိကျကျ မပြောနိုင်ပေမဲ့ ဗေဟမုတ်က ရေမြင်း၊ လဝိသန်က မိကျောင်း ဖြစ်နိုင်တယ်။ ယောဘကျမ်း ဖော်ပြချက်တွေက ရေမြင်း၊ မိကျောင်းတို့နဲ့ ကိုက်ညီနေလို့ပါပဲ။ (ယောဘ ၄၀:၁၅-၂၃။ ၄၁:၁၊ ၁၄-၁၇၊ ၃၁) “ဗေဟမုတ်” နဲ့ “လဝိသန်” ဟာ ဒိုင်နိုဆော လုံးဝ မဖြစ်နိုင်ဘူး။ အဲဒီတိရစ္ဆာန်တွေကို ကိုယ်တိုင် ကြည့်ဖို့ ယောဘကို ဘုရားသခင် မိန့်ဆိုခဲ့လို့ပဲ။ ယောဘခေတ်မှာ ဒိုင်နိုဆောတွေ မျိုးသုဉ်းပျောက်ကွယ်သွားတာ အတော်ကြာပြီ။—ယောဘ ၄၀:၁၆။ ၄၁:၈။

ဒိုင်နိုဆောတွေ ဘာဖြစ်သွားသလဲ

ဒိုင်နိုဆောတွေ ပျောက်ကွယ်သွားတာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ မဖော်ပြထားပါဘူး။ ဒါပေမဲ့ ဘုရားသခင်က အရာခပ်သိမ်းကို “အလိုတော်ကြောင့် ဖန်ဆင်း” တယ်လို့ ဖော်ပြထားတဲ့အတွက် ဒိုင်နိုဆောတွေကို ဖန်ဆင်းရတဲ့ ရည်ရွယ်ချက် ရှိတာ သေချာပါတယ်။ (ဗျာဒိတ် ၄:၁၁) အဲဒီရည်ရွယ်ချက် ပြည့်စုံသွားလို့ ဒိုင်နိုဆောတွေ မျိုးသုဉ်းပျောက်ကွယ်သွားဖို့ ဘုရား ခွင့်ပြုခဲ့တယ်။

a ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းတွေက ဒိုင်နိုဆောတွေ ရှိခဲ့ကြောင်း၊ အရွယ်အစား၊ ပုံသဏ္ဌာန် အမျိုးမျိုးရှိကြောင်း သက်သေထူတယ်။

b ကျမ်းစာမှာ “နေ့” လို့ ဖော်ပြတဲ့အခါ နှစ်ထောင်ချီကြာတဲ့ အချိန်ကာလကိုလည်း ရည်ညွှန်းနိုင်တယ်။—ကမ္ဘာဦး ၁:၃၁။ ၂:၁-၄။ ဟီဘရူး ၄:၄၊ ၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ