ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၄၇
  • ဘယ်လို ထာဝစဉ် အသက်ရှင်နိုင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘယ်လို ထာဝစဉ် အသက်ရှင်နိုင်သလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ထာဝရအသက်နဲ့ပတ်သက်တဲ့ ယူဆချက် အမှားများ
  • ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ထာဝစဉ်အသက်ရှင်ခြင်းသည် အိပ်မက်မျှသာမဟုတ်
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • သင် ထာဝစဉ် အသက်ရှင်နိုင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဘုရားသခင်ရဲ့ ငြိမ်းချမ်းတဲ့ ကမ္ဘာသစ်မှာ နေထိုင်နိုင်တယ်
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၄၇
ကလေးဘဝမှ လူကြီးဘဝ

ဘယ်လို ထာဝစဉ် အသက်ရှင်နိုင်သလဲ

ကျမ်းစာအဖြေ

သမ္မာကျမ်းစာမှာ ဒီလိုကတိပြုထားတယ်– “ဘုရားသခင်၏အလိုတော်အတိုင်း ပြုလုပ်သောသူသည် ထာဝရအသက်ရှင်၏။” (၁ ယောဟန် ၂:၁၇၊ နားလည်လွယ်သော ကျမ်းစာ) ဘုရားသခင့်အလိုတော်က ဘာလဲ။

  • ဘုရားသခင်နဲ့ သားတော် ယေရှုအကြောင်း လေ့လာပါ။ ဘုရားဆီ ယေရှု ဆုတောင်းတဲ့အခါ ဒီလိုပြောခဲ့တယ်– “ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကိုရော အဖ စေလွှတ်လိုက်တဲ့ ယေရှုခရစ်ကိုပါ သိကျွမ်းကြရမယ်။” (ယောဟန် ၁၇:၃) ဘုရားသခင်နဲ့ ယေရှုကို “သိကျွမ်းကြရမယ်” ဆိုတဲ့အခါ ဘာပါဝင်သလဲ။ ကျမ်းစာလေ့လာခြင်း၊ ဘဝအသက်တာမှာ ကျမ်းစာလမ်းညွှန်ချက်အတိုင်း နေထိုင်ခြင်းအားဖြင့် ဘုရားနဲ့ ယေရှုအကြောင်း သိလာနိုင်တယ်။a ကျမ်းစာမှာ ဖန်ဆင်းရှင်၊ အသက်ပေးရှင် ယေဟောဝါဘုရားရဲ့ အတွေးအခေါ်တွေ ပါတယ်။ (တမန်တော် ၁၇:၂၄၊ ၂၅) “ထာဝရအသက် ရစေတဲ့ စကားတွေ” ကို သွန်သင်ပေးတဲ့ သားတော် ယေရှုအကြောင်းလည်း ပါတယ်။ —ယောဟန် ၆:၆၇-၆၉။

  • ယေရှုရဲ့ ရွေးဖိုး ပူဇော်သကာကို သက်ဝင်ယုံကြည်ပါ။ ယေရှု မြေကြီးပေါ် လာတာက “သူတစ်ပါးအစေကို ခံပြီး လူအများအတွက် ရွေးဖိုးအဖြစ် အသက်ကို ပေးဖို့” ဖြစ်တယ်။ (မဿဲ ၂၀:၂၈) ယေရှုရဲ့ ရွေးဖိုး ပူဇော်သကာက လူသားတွေ မြေကြီးပရဒိသုမှာ ထာဝစဉ် အသက်ရှင်ဖို့ လမ်းဖွင့်ပေးခဲ့တယ်။b (ဆာလံ ၃၇:၂၉) ယေရှု ဒီလိုပြောခဲ့တယ်– “ဘုရားသခင်က လူ့လောကကို အလွန်ချစ်တယ်။ ဒါကြောင့် မိမိရဲ့သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက် ရနိုင်ဖို့ အဲဒီတစ်ဦးတည်းသော သားကိုတောင် ပေးအပ်ခဲ့တယ်။” (ယောဟန် ၃:၁၆) ယေရှုကို ယုံကြည်ရုံနဲ့ မလုံလောက်ဘူးဆိုတာ သတိပြုပါ။ “ယုံကြည်သက်ဝင်” ရမယ်။ ယေရှုရဲ့ သွန်သင်ချက်တွေအတိုင်း၊ ကောင်းကင်ဘုံစံ အဖရဲ့ အလိုတော်အတိုင်း နေထိုင်ရမယ်။—မဿဲ ၇:၂၁။ ယာကုပ် ၂:၁၇။

  • ဘုရားနဲ့ ရင်းနှီးအောင် ကြိုးစားပါ။

    ဘုရားနဲ့ ရင်းနှီးလာဖို့၊ ဘုရားရဲ့ မိတ်ဆွေ ဖြစ်ဖို့ အလိုတော် ရှိတယ်။ (ယာကုပ် ၂:၂၃။ ၄:၈) ဘုရားသခင်က ထာဝရဘုရား ဖြစ်တယ်။ ဘယ်တော့မှ မသေဘူး။ မိတ်ဆွေတွေကိုလည်း ထာဝစဉ် အသက်ရှင်စေချင်တယ်။ ဘုရားကို ရှာတဲ့သူတွေ “ဘဝကို ထာဝစဉ် ပျော်မွေ့နိုင်ကြပါစေ” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။—ဆာလံ ၂၂:၂၆။

ထာဝရအသက်နဲ့ပတ်သက်တဲ့ ယူဆချက် အမှားများ

အမှား– လူတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ထာဝစဉ် အသက်ရှင်နိုင်တယ်။

အမှန်– ဆေးပညာ တိုးတက်မှုတချို့ကြောင့် လူ့သက်တမ်း ပိုရှည်လာပေမဲ့ ထာဝရအသက် ရအောင်တော့ မစွမ်းဆောင်နိုင်ဘူး။ ဘုရားသခင်ကသာ “အသက်ရဲ့ပင်ရင်း” ဖြစ်လို့ ဘုရားပဲ ထာဝရအသက် ပေးနိုင်တယ်။ (ဆာလံ ၃၆:၉) “သေမင်းကိုလည်း ထာဝစဉ် ဖယ်ရှားမယ်၊” သစ္စာရှိ လူသားတွေကို ထာဝရအသက် ပေးမယ်လို့ ကတိပြုထားတယ်။—ဟေရှာယ ၂၅:၈။ ၁ ယောဟန် ၂:၂၅။

အမှား– လူသားမျိုးနွယ်တချို့ပဲ ထာဝစဉ် အသက်ရှင်ကြမယ်။

အမှန်– ဘုရားသခင်က မျက်နှာမလိုက်ဘူး။ “ဘယ်လူမျိုးဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မှန်ရာလုပ်မယ်ဆိုရင် ဘုရားရဲ့နှစ်သက်လက်ခံမှုကို ရတာပဲ။” (တမန်တော် ၁၀:၃၄၊ ၃၅) ဘယ်လူမျိုး၊ ယဉ်ကျေးမှုနောက်ခံ ရှိပါစေ ဘုရားစကား နားထောင်သူအားလုံး ထာဝရအသက် ရမယ်။

အမှား– ထာဝစဉ် အသက်ရှင်ရင် ပျင်းစရာကောင်းမယ်။

အမှန်– ထာဝရအသက်ကို ပေးတဲ့အရှင်ဟာ လူသားတွေကို ချစ်မြတ်နိုးပြီး ပျော်ရွှင်စေချင်တဲ့ဘုရား ဖြစ်တယ်။ (ယာကုပ် ၁:၁၇။ ၁ ယောဟန် ၄:၈) လူသားတွေ ပျော်ရွှင်ဖို့ ရည်ရွယ်ချက်ရှိတဲ့အလုပ် လိုအပ်မှန်း ဘုရား သိတယ်။ (ဒေသနာ ၃:၁၂) ကမ္ဘာပေါ် ထာဝစဉ် အသက်ရှင်မယ့်သူတွေမှာ ကိုယ်တိုင်နဲ့ ချစ်ရသူတွေကို အကျိုးဖြစ်စေမယ့် စိတ်ကျေနပ်ဖွယ်၊ အဓိပ္ပာယ်ရှိတဲ့အလုပ် ရှိမယ်ဆိုပြီး ကတိပြုထားတယ်။—ဟေရှာယ ၆၅:၂၂၊ ၂၃။

ဒါ့အပြင် ထာဝရအသက် ရရှိသူတွေဟာ ဖန်ဆင်းရှင်အကြောင်း၊ ဖန်ဆင်းရာတွေအကြောင်း သင်ယူလို့ ကုန်နိုင်မှာ မဟုတ်ဘူး။ လူတွေမှာ ထာဝစဉ် အသက်ရှင်ချင်တဲ့ဆန္ဒ၊ ဘုရားအကြောင်း လေ့လာချင်တဲ့ဆန္ဒ ထည့်သွင်းဖန်ဆင်းထားတယ်။ “ဒါပေမဲ့ လူသားတွေက စစ်မှန်တဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း အစကနေ အဆုံးအထိ ဘယ်တော့မှ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး။” (ဒေသနာ ၃:၁၀၊ ၁၁) ဒါကြောင့် ထာဝရအသက် ရတဲ့အခါ စိတ်ဝင်စားစရာကောင်းတဲ့ သင်ယူလေ့လာစရာတွေ၊ လုပ်ဆောင်စရာတွေ အမြဲရှိနေပါမယ်။

a ယေဟောဝါသက်သေတွေမှာ အခမဲ့ ကျမ်းစာလေ့လာမှု အစီအစဉ် ရှိပါတယ်။ ပိုသိချင်ရင် ကျမ်းစာလေ့လာမှုကို ဘယ်လို လုပ်ကြသလဲ ဗီဒီယို ကြည့်ပါ။

b “ယေရှု ဘယ်လို ကယ်တင်သလဲ” ဆောင်းပါးကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ