ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၁၄
  • နှစ်ခြင်းပေးသူ ယောဟန်ဆိုတာ တကယ် ရှိခဲ့သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှစ်ခြင်းပေးသူ ယောဟန်ဆိုတာ တကယ် ရှိခဲ့သလား
  • ထပ်ဆင့် အကြောင်းအရာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မွေးနေ့ပွဲအတွင်း လူသတ်မှု
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • နှစ်ခြင်းပေးသူ ယောဟန်ဆိုတာ ဘယ်သူလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • မွေးနေ့ပွဲကျင်းပစဉ် လူသတ်မှု
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၁၄
နှစ်ခြင်းပေးသူ ယောဟန် လူတွေကို နှစ်ခြင်းပေးနေစဉ်။

နှစ်ခြင်းပေးသူ ယောဟန်ဆိုတာ တကယ် ရှိခဲ့သလား

ခရစ်ဝင်ကျမ်းတွေမှာ နှစ်ခြင်ပေးသူ ယောဟန်ဆိုတဲ့ လူတစ်ယောက်အကြောင်း ဖော်ပြထားတယ်။ သူက ယုဒနယ်မှာ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောခဲ့တယ်။ ကျမ်းစာမှာပါတဲ့ အဲဒီပုဂ္ဂိုလ် တကယ် ရှိခဲ့သလား။ စဉ်းစားကြည့်ပါ–

  • “နှစ်ခြင်းပေးသူ ယောဟန်က ယုဒတောကို လာပြီး၊ ‘နောင်တရကြပါ။ ကောင်းကင်နိုင်ငံ နီးနေပြီ’ လို့ဟောတယ်” ဆိုပြီး ကျမ်းစာက ဆိုတယ်။ (မဿဲ ၃:၁၊ ၂) ဒီအဆိုကို အတည်ပြုတဲ့ လောကစာပေတွေ ရှိသလား။ ရှိပါတယ်။

    ပထမရာစုက သမိုင်းပညာရှင် ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်က “နှစ်ခြင်းပေးသူ ယောဟန်” အကြောင်း ဖော်ပြခဲ့တယ်။ “ဖြောင့်မတ်တဲ့အသက်တာနဲ့ နေထိုင်ဖို့၊ ဘုရားတရား ကိုင်းရှိုင်းဖို့၊ နှစ်ခြင်းခံဖို့ ဂျူးတွေကို သူတိုက်တွန်းခဲ့တယ်။”—ဂျူးတို့၏ ရှေးဟောင်းနှောင်းဖြစ်များ စာအုပ် XVIII.

  • ဂါလိလဲနယ်နဲ့ ပေရိယနယ်ရဲ့ နယ်စားမင်း ဟေရုဒ် အန္တိပကို ယောဟန် ဆုံးမခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဟေရုဒ်ဟာ မောရှေပညတ်ကို လိုက်နာတယ်လို့ဆိုတဲ့ ဂျူးအမည်ခံတစ်ယောက် ဖြစ်တယ်။ ဟေရုဒ်က ဖတူမိကွဲအစ်ကိုရဲ့ ဇနီး ဟေရောဒိနဲ့ လက်ထပ်လိုက်လို့ သူ့ကို ယောဟန် အပြစ်တင်ခဲ့တယ်။ (မာကု ၆:၁၈) ဒီအကြောင်းကို လောကစာပေမှာ တွေ့ရတယ်။

    အန္တိပဟာ “ဟေရောဒိကို ချစ်သွားပြီး မိမိကို လက်ထပ်ဖို့ ရဲရဲတင်းတင်း တောင်းဆိုခဲ့တယ်” လို့ သမိုင်းပညာရှင် ဂျိုစီဖတ်စ် ပြောခဲ့တယ်။ ဟေရောဒိ လက်ခံလိုက်ပြီး အန္တိပကို လက်ထပ်ဖို့ သူ့ခင်ပွန်းကို ထားရစ်ခဲ့တယ်။

  • “ဂျေရုဆလင်မြို့၊ ယုဒနယ်၊ ဂျော်ဒန်မြစ်ဝှမ်း တစ်လျှောက်မှာနေတဲ့ လူတွေ လာတဲ့အခါ၊ ယောဟန်က ဂျော်ဒန်မြစ်မှာ နှစ်ခြင်းပေးတယ်” လို့ ကျမ်းစာ ပြောတယ်။—မဿဲ ၃:၅၊ ၆။

    “လူအုပ်ဟာ” ယောဟန်ဆီ လာကြတယ်။ “ယောဟန်ရဲ့ သွန်သင်ချက်တွေက လူအုပ်အတွက် အကျိုးသက်ရောက်မှု ရှိခဲ့တယ်” ဆိုတဲ့ ဂျိုစီဖတ်စ်ရဲ့ ရေးသားချက်က အဲဒီအချက်ကို ထောက်ခံတယ်။

ပထမရာစုက သမိုင်းပညာရှင် ဂျိုစီဖတ်စ်ဟာ နှစ်ခြင်းပေးသူ ယောဟန် တကယ်ရှိခဲ့တယ်ဆိုတာကို လက်ခံတယ်။ ကျွန်တော်တို့လည်း လက်ခံနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ