ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၈၆
  • ဂမ္ဘီရပညာဟာ အန္တရာယ်ကင်းရဲ့လား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂမ္ဘီရပညာဟာ အန္တရာယ်ကင်းရဲ့လား
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာက နှစ်သက်စရာ ဖြစ်စေသလဲ
  • ဘာကြောင့် သတိထားရမလဲ
  • လုပ်ဆောင်နိုင်ရာ
  • နတ်ဆိုးတွေကို တွန်းလှန်ဖို့ ယေဟောဝါရဲ့ အကူအညီကို လက်ခံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • နတ်ဆိုးပညာလိုက်စားခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ
    နိုးလော့!—၂၀၁၇
  • နတ်ဝိဇ္ဇာအတတ်ကို ရှောင်သင့်သည့် အကြောင်းရင်း
    နိုးလော့!—၂၀၀၈
  • လျှို့ဝှက်ဆန်းကြယ်တဲ့အတတ် နောက်ကွယ်မှာ အမှန်တကယ် ဘယ်သူရှိသလဲ
    နိုးလော့!—၂၀၁၁
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၈၆
ဆယ်ကျော်သက် မိန်းကလေးနှစ်ယောက် ဂမ္ဘီရပညာအကြောင်း ပါတဲ့ စာအုပ်ဟောင်းတစ်အုပ်ကို ကြည့်နေကြစဉ်

လူငယ်များအမေး

ဂမ္ဘီရပညာဟာ အန္တရာယ်ကင်းရဲ့လား

ဘယ်လို ထင်ပါသလဲ။

  • ဇာတာခွင် ကြည့်ခြင်း၊ ဝိညာဉ်ခေါ်ဘုတ်ပြား ကြည့်ခြင်း၊ စိတ်တန်ခိုးရှင်တွေနဲ့ တိုင်ပင်ခြင်းဟာ အန္တရာယ်ကင်းပါရဲ့လား။

  • ဂမ္ဘီရဇာတ်လမ်းတွေဟာ အကောင်းအဆိုး သရုပ်ဖော်တင်စားချက်တွေ သက်သက်ပဲလား။ အဲဒီထက် ပိုသလား။

နတ်ဆိုးပညာဟာ နှစ်သက်စရာ ကောင်းပုံရပေမဲ့ သတိထားသင့်တဲ့ အကြောင်းရင်းကို ဒီဆောင်းပါးမှာ ဆန်းစစ်ဖော်ပြပါမယ်။

  • ဘာက နှစ်သက်စရာ ဖြစ်စေသလဲ

  • ဘာကြောင့် သတိထားရမလဲ

  • လုပ်ဆောင်နိုင်ရာ

  • ရွယ်တူတွေအဆို

ဘာက နှစ်သက်စရာ ဖြစ်စေသလဲ

ဖျော်ဖြေရေးလုပ်ငန်းက ဂမ္ဘီရပညာကို အသားပေးတဲ့ ရုပ်ရှင်၊ တီဗီ၊ ဗီဒီယိုဂိမ်း၊ စာအုပ်တွေ ထုတ်ဖို့ ရင်းနှီးမြုပ်နှံကြတယ်။ ဒါကြောင့် နက္ခတ်ဗေဒင်၊ နတ်ဆိုးတွေ၊ သွေးစုပ်ဖုတ်ကောင်တွေ၊ စုန်းကဝေတွေကို လူငယ်များစွာ စိတ်ဝင်စားလာကြတယ်။ ဘာကြောင့်လဲ။ အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်တယ်–

  • စပ်စုခြင်း။ ပရလောက တကယ် ရှိမရှိ သိရဖို့။

  • စိတ်ဝင်စားခြင်း။ အနာဂတ်မှာ ဘာတွေ ဖြစ်မလဲဆိုတာ သိရဖို့။

  • ဆက်သွယ်ခြင်း။ သေဆုံးသွားတဲ့ ချစ်ရသူတွေနဲ့ အဆက်အသွယ် ရဖို့။

အဲဒီအကြောင်းရင်းတွေဟာ မမှားပါဘူး။ ဥပမာ၊ အနာဂတ်ကို သိချင်တာ၊ ကွယ်လွန်သွားတဲ့ ချစ်ရသူတွေကို သတိရတာ သဘာဝပါပဲ။ ဒါပေမဲ့ သတိပြုသင့်တဲ့ အန္တရာယ်တွေ ရှိတယ်။

ဘာကြောင့် သတိထားရမလဲ

နတ်ဆိုးပညာနဲ့ ဆက်နွှယ်တာမှန်သမျှကို ရှောင်ဖို့ ကျမ်းစာမှာ ပြတ်ပြတ်သားသား သတိပေးထားတယ်။ ဥပမာ၊

“နတ်ဆရာ၊ မှော်ဆရာ၊ နိမိတ်ဖတ်သူ၊ ပယောဂဆရာ၊ စုန်းအတတ်နဲ့ ပြုစားသူ၊ နတ်ကတော်ကို၊ ဗေဒင်ဆရာကို မေးမြန်းတဲ့သူ၊ လူသေကို မေးမြန်းတဲ့သူ တစ်ယောက်မှ မရှိရဘူး။ အဲဒီလိုလူတွေကို ယေဟောဝါ ရွံမုန်းတယ်။”—တရားဟောရာ ၁၈:၁၀-၁၂။

ကျမ်းစာက ဘာကြောင့် ပြတ်ပြတ်သားသား ပြစ်တင်ထားသလဲ။

  • နတ်ဆိုးပညာလိုက်စားခြင်းက နတ်ဆိုးတွေနဲ့ ပူးပေါင်းရာရောက်တယ်။ ကောင်းကင်တမန်တချို့ ဘုရားကို ပုန်ကန်ပြီး ဘုရားရဲ့ ရန်သူတွေ ဖြစ်သွားတဲ့အကြောင်း ကျမ်းစာမှာ သွန်သင်ထားတယ်။ (ကမ္ဘာဦး ၆:၂။ ယုဒ ၆) ဆိုးညစ်တဲ့ ကောင်းကင်တမန် နတ်ဆိုးတွေက နတ်ကတော်၊ ဗေဒင်ဆရာ၊ ရှေ့ဖြစ်ဟောသူ၊ နက္ခတ်ဗေဒင်ဆရာတွေကတစ်ဆင့် လူတွေကို လှည့်ဖြားကြတယ်။ အဲဒီပညာတွေ လိုက်စားခြင်းက ဘုရားရန်သူတွေနဲ့ ပူးပေါင်းရာရောက်စေတယ်။

  • လူတချို့ ရှေ့ဖြစ်ဟောနိုင်တယ်လို့ တလွဲယုံကြည်အောင် နတ်ဆိုးပညာက မြေတောင်မြှောက်ပေးတယ်။ ဒါပေမဲ့ ဘုရားတစ်ပါးတည်းကသာ ဒီလိုပြောနိုင်တယ်– “နောက်ဆုံးရလဒ်ကို အစကတည်းက ငါကြိုဟောခဲ့တယ်။ မလုပ်ဆောင်ရသေးတဲ့အရာတွေကို ရှေးကတည်းက ကြိုဟောခဲ့တယ်။”—ဟေရှာယ ၄၆:၁၀။ ယာကုပ် ၄:၁၃၊ ၁၄။

  • လူသေတွေဟာ အသက်ရှင်နေသူတွေနဲ့ ဆက်သွယ်နိုင်တယ်လို့ တလွဲယုံကြည်အောင် နတ်ဆိုးပညာက မြေတောင်မြှောက်ပေးတယ်။ ဒါပေမဲ့ ကျမ်းစာမှာ ဒီလိုဆိုတယ်– “သေလွန်သူကတော့ ဘာမှ မသိဘူး။ ... သင်္ချိုင်းမှာ အလုပ်အကိုင်၊ အစီအစဉ်၊ အသိပညာ၊ ဉာဏ်ပညာ ဘာတစ်ခုမှ မရှိလို့ပဲ။”—ဒေသနာ ၉:၅၊ ၁၀။

အဲဒီအကြောင်းရင်းတွေကြောင့် ယေဟောဝါသက်သေတွေဟာ နတ်ဆိုးပညာနဲ့ ဆက်စပ်နေတာတွေကို ရှောင်ကြတယ်။ ဖုတ်ကောင်၊ သွေးစုပ်ဖုတ်ကောင်၊ သဘာဝလွန်ဖြစ်ရပ်တို့ကို တင်ဆက်ထားတဲ့ ဖျော်ဖြေမှုတွေကိုလည်း ရှောင်ကြတယ်။ “နတ်ဆိုးနဲ့ ဆက်နွှယ်တာတွေ ပါရင် မကြည့်သင့်တော့ဘူး” လို့ အမျိုးသမီးငယ် မာရီယာ ပြောတယ်။a

ဆယ်ကျော်သက်ကောင်လေးက တာဝန်ရှိသူ ဖုန်းခေါ်တယ်လို့ ထင်ပေမဲ့ တကယ်တမ်း ရာဇဝတ်သားက ဖုန်းခေါ်နေစဉ်

ရာဇဝတ်သားက လိမ်လည်ပြီး တခြားတစ်ယောက်ပုံ ဖမ်းသလို နတ်ဆိုးတွေလည်း သေဆုံးသွားတဲ့ ချစ်ရသူအဖြစ် ဟန်ဆောင်ကြပါတယ်

လုပ်ဆောင်နိုင်ရာ

  • နတ်ဆိုးပညာနဲ့ဆက်နွှယ်တဲ့ လုပ်ရပ်တွေ၊ ဖျော်ဖြေရေးတွေကို ရှောင်ခြင်းအားဖြင့် ယေဟောဝါရှေ့မှာ “ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိ” နေဖို့ စိတ်ပိုင်းဖြတ်ထားပါ။—တမန်တော် ၂၄:၁၆။

  • ဂမ္ဘီရပညာနဲ့ ဆက်နွှယ်တဲ့အရာ မှန်သမျှကို စွန့်ပစ်ပါ။ တမန်တော် ၁၉:၁၉၊ ၂၀ ကိုဖတ်ပါ။ ပထမရာစု ခရစ်ယာန်တွေရဲ့ စံနမူနာကောင်းကို သတိပြုပါ။

ဒီအချက်ကို သတိရပါ။ နတ်ဆိုးနဲ့ဆိုင်တဲ့ လုပ်ရပ်တွေ၊ ဖျော်ဖြေရေးတွေကို ရှောင်ခြင်းက ယေဟောဝါဘက် ရပ်တည်ခြင်း ဖြစ်တယ်။ ယေဟောဝါရဲ့ စိတ်တော်ကို ရွှင်လန်းစေပါတယ်။—ပညာအလိမ္မာ ၂၇:၁၁။

ရွယ်တူတွေအဆို

ဘရန်ဒန်

“ကလေးဖျော်ဖြေရေးတွေမှာတောင် မှော်ပညာတွေ၊ ကျိန်စာတွေ၊ ပြုစားတာတွေ ပါနေတယ်။” အဲဒါတွေကို လိုက်စားတဲ့သူ တစ်ယောက်မှ ကျွန်တော်တို့မှာ မရှိသင့်ဘူးလို့ တရားဟောရာ ၁၈:၁၀၊ ၁၁ မှာ ဖော်ပြထားတယ်။ ဖျော်ဖြေမှုမှာတောင် မရှိသင့်ဘူးဆိုတဲ့ သဘောပဲ။”—ဘရန်ဒန်။

ရို့စ်

“တီဗီဇာတ်လမ်း၊ ရုပ်ရှင်မှာ ပရလောကအခန်းတွေ ပါလာရင် မကြည့်ဘဲ ထွက်သွားရဲတဲ့သတ္တိ ရှိရမယ်။ ဒါကို ကြည့်ဖို့ စိတ်မသန့်ဘူးဆိုတာ သူငယ်ချင်းတွေကို အသိပေးရာရောက်တယ်။ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိခြင်းက တီဗီ၊ ရုပ်ရှင် ကြည့်ရတဲ့ ပျော်ရွှင်မှုထက် သာလွန်ပါတယ်။”—ရို့စ်။

a စိတ်ကူးယဉ်ဇာတ်လမ်းအားလုံး နတ်ဆိုးပညာနဲ့ ဆက်နွှယ်တယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ခရစ်ယာန်တွေဟာ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်ကို သုံးပြီး နတ်ဆိုးပညာနဲ့ ဆက်နွှယ်တဲ့ လုပ်ရပ်တွေ၊ ဖျော်ဖြေရေးတို့ကို ရှောင်ကြတယ်။—၂ ကောရိန္သု ၆:၁၇။ ဟီဘရူး ၅:၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ