ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwwd ဆောင်းပါး ၁၅
  • ကြောင်လျှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြောင်လျှာ
  • အလိုလို ဖြစ်လာနိုင်ပါ့မလား
  • ဆင်တူတဲ့ အကြောင်းအရာ
  • တွေ့ရခဲတဲ့ ကန္တာရတောကြောင်
    နိုးလော့!—၂၀၁၃
  • ကြောင်များ တောဝင်သွားချိန်ဝယ်
    နိုးလော့!—၂၀၀၄
  • ကြောင်နှုတ်ခမ်းမွေး အသုံးဝင်ပုံ
    နိုးလော့!—၂၀၁၅
  • ကျားသစ်ကြုတ်—အပြေး အမြန်ဆုံး ကြောင်များ
    နိုးလော့!—၁၉၉၈
နောက်ထပ် ကြည့်ပါ
အလိုလို ဖြစ်လာနိုင်ပါ့မလား
ijwwd ဆောင်းပါး ၁၅
လက်ဖဝါးကို လျက်နေတဲ့ကြောင်။

အလိုလို ဖြစ်လာနိုင်ပါ့မလား

ကြောင်လျှာ

အိမ်မွေးကြောင်လေးတွေဟာ သူတို့ကိုယ်ခန္ဓာကို လျှာနဲ့ လျက်ပြီး သပ်လေ့ရှိတယ်။ နိုးနေတဲ့အချိန် လေးပုံတစ်ပုံလောက်ဟာ အမွေးသပ်နေတာနဲ့ပဲ ကုန်ဆုံးသွားတာ။ အမွေးအမျှင်တွေ သပ်ရပ်သန့်ရှင်းအောင် အခုလို သပ်နေနိုင်တာက အံ့ဖွယ်ကောင်းတဲ့ သူတို့ရဲ့လျှာကြောင့်ပါပဲ။

စဉ်းစားကြည့်ပါ။ ကြောင်ရဲ့လျှာမှာ အာရုံခံဖု ၂၉၀  ရှိတယ်။ နောက်ပြန်လှည့်နေတဲ့ အဲဒီအာရုံခံ ဆူးမျှင်လေးတွေက လူရဲ့ လက်သည်းလိုပဲ မာကြောတယ်။ ကြောင်ရဲ့ လျှာမှာ ပြော့ကြောင်းတစ်ခု ရှိတယ်။ လျှာက ခံတွင်းထဲ ပြန်ဝင်တာနဲ့ အဲဒီပြော့ကြောင်းမှာ တံတွေးတွေ ပြည့်သွားတယ်။ လျှာနဲ့ လျက်လိုက်တဲ့အခါ အာရုံခံဆူးမျှင်က အမွေးတွေကို သပ်ပေးပြီး အရေပြားပေါ် တံထွေးတွေ ရောက်သွားတယ်။

အာရုံခံ ဆူးမျှင်လေးတွေကို ပုံကြီးချဲ့ထား

လျှာနဲ့ လျက်တဲ့အခါ အရေပြားနဲ့ အမွေးတွေဆီ နေ့စဉ် တံတွေး ၄၈ မီလီမီတာ (၁.၆ အောင်စ) ရောက်သွားတယ်။ ကြောင်တံတွေးမှာ ညစ်ညမ်းမှုကို ချေဖျက်ပေးနိုင်တဲ့ အင်ဇိုင်းဓာတ် ပါဝင်တယ်။ တံတွေး အငွေ့ပျံသွားတဲ့အခါ ကြောင်ရဲ့ ကိုယ်ခန္ဓာ လေးပုံတစ်ပုံကို အေးမြစေလို့ ချွေးထုတ်ဂလင်း သိပ်မရှိတဲ့ ကြောင်တွေအတွက် ဒီဖြစ်စဉ်က သိပ်အရေးကြီးတယ်။

လုံးထွေးနေတဲ့ အမွေးထုံးကို လျက်မိတဲ့အခါ အာရုံခံဆူးမျှင်က အမွေးကြားထဲ အားနဲ့ ဆွဲသပ်လိုက်တဲ့အတွက် အထုံးတွေ ပြေသွားတယ်။ လျှာနဲ့ လျက်ပြီး သပ်တဲ့အခါ အာရုံခံဆူးမျှင် ထိပ်ဖျားတွေကလည်း အရေပြားကို နှိပ်နယ်ပေးသလို ဖြစ်စေတယ်။ သုတေသီတွေက ကြောင်ရဲ့လျှာကို အတုယူပြီး ခေါင်းဘီးတွေကို စမ်းသပ်ထုတ်လုပ်ကြတယ်။ ပုံမှန် ဘီးထက် ပိုနုပြီး ခေါင်းဖြီးရ ပိုလွယ်တယ်။ ငြိနေ ရှုပ်နေတဲ့ ဆံပင်ကို ရှင်းသွားစေတဲ့ ဘီးမျိုးပါ။ ကြောင်ရဲ့လျှာကို အတုယူပြီး အမွေးရှုပ်ပွနေတဲ့ မျက်နှာပြင်ကို သန့်ရှင်းစေမယ့် ပစ္စည်းတွေ တီထွင်ထုတ်လုပ်နိုင်မယ်လို့ သုတေသီတွေ ယုံကြည်ကြတယ်။ အမွေးအမျှင်ထူတဲ့ အရေပြားပေါ် လိမ်းဆေးတွေ လိမ်းရာမှာ ပိုထိရောက်စေပါလိမ့်မယ်။

ဘယ်လို ထင်ပါသလဲ။ ကြောင်လျှာဟာ သူ့အလိုလို ဖြစ်လာနိုင်သလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားသလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ