၁၂ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ကို ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ အမျက်ထွက်စေခဲ့တဲ့အတွက်+ ဘုရားသခင်က သူတို့ကို ခါလဒဲလူမျိုး ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ အပ်လိုက်တယ်။+ ဗာဗုလုန်ဘုရင်က ဒီအိမ်တော်ကို ဖျက်ဆီးပြီး+ လူတွေကိုလည်း ဗာဗုလုန်ဆီ ဖမ်းခေါ်သွားခဲ့တယ်။+