အောက်ခြေမှတ်ချက်
e ဤလူနာတချို့ကို သောက်ဆေးဖြင့် ကူညီပေးခဲ့ကြသည်။ ယင်းတွင် အင်ဆူလင် ပိုထုတ်လွှတ်ရန် ပန်ကရိယကို လှုံ့ဆော်ပေးသည့် ဆေးဝါးများပါဝင်ပေသည်၊ အခြားဆေးဝါးများကမူ သွေးအတွင်း သကြားဓာတ် တိုးများမှုကို နှေးကွေးစေပြီး အချို့ဆေးဝါးများမှာ အင်ဆူလင်ခုခံမှုကို လျော့ကျစေသည်။ (အမျိုးအစား ၁ ဆီးချိုရောဂါအတွက် သောက်ဆေးပေးလေ့မရှိချေ။) ယခုလောလောဆယ်တွင် အင်ဆူလင်ကို သောက်သုံး၍မရနိုင်ပါ၊ အကြောင်းမှာ ဤပရိုတင်းသည် သွေးစီးကြောင်းသို့မရောက်မီ ချေဖျက်ခံရသောကြောင့်ဖြစ်သည်။ အင်ဆူလင်ကုထုံးဖြစ်စေ၊ သောက်ဆေးဖြစ်စေ ကိုယ်လက်လှုပ်ရှားခြင်းနှင့် ဓာတ်စာကောင်းတို့ လိုအပ်မှုကို မဖယ်ရှားပစ်ပါ။