အောက်ခြေမှတ်ချက်
g ဆီးချိုရောဂါရှိသူ ၉၀ ရာခိုင်နှုန်းခန့်သည် အမျိုးအစား ၂ ဖြစ်၏။ အလျင်က ယင်းအမျိုးအစားကို “အင်ဆူလင်မဲ့ဆေးမှီဝဲသော” သို့မဟုတ် “သက်ကြီး” ဆီးချိုရောဂါဟူ၍ ခေါ်ဆိုခဲ့ကြသည်။ သို့ရာတွင်၊ အဆိုပါအခေါ်အဝေါ်များမှာ မမှန်ကန်ပေ၊ အကြောင်းမှာ အမျိုးအစား ၂ ဆီးချိုရောဂါရှိသူ ၄၀ ရာခိုင်နှုန်းမှာ အင်ဆူလင်ကို လိုအပ်ကြသည်။ ၎င်းပြင် အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ပွားလာသည့် လူငယ်—တချို့မှာ အသက်ဆယ်နှစ်ပင်မပြည့်ကြ—အရေအတွက်များလာရာ စိုးရိမ်ဖွယ်ရာပင်။