အောက်ခြေမှတ်ချက်
b တိရစ္ဆာန်များစွာသည် ပုံမှန်အရောင်မြင်နိုင်စွမ်းတွင် ကျွန်ုပ်တို့လူသားများနှင့် ကွဲပြားခြားနားသော်လည်း အရောင်များကိုမူ ခွဲခြားသိမြင်နိုင်သည်။ ဥပမာ၊ ခွေးများ၏မြင်လွှာတွင် ကတော့ပုံဆဲလ်နှစ်မျိုးသာရှိပြီး တစ်မျိုးမှာ အပြာရောင်အတွက်ဖြစ်ကာ နောက်တစ်မျိုးမှာ အနီနှင့်အစိမ်းစပ်အရောင်အတွက်ဖြစ်သည်။ ငှက်အချို့တွင်မူ ကတော့ပုံဆဲလ်လေးမျိုးရှိပြီး ခရမ်းလွန်ရောင်ခြည်ကို တွေ့ မြင်နိုင်စွမ်းရှိရာ ယင်းက လူတို့၏အမြင်အာရုံထက် သာလွန်၏။