အောက်ခြေမှတ်ချက်
b ဓမ္မသစ်ကျမ်းဟုခေါ်သောကျမ်းမှ ဟေဗြဲကျမ်းကိုးများသည် ဂရိစပ်တွားဂျင့်ကျမ်းများကို အခြေခံသည်မှာ မှန်ပါသည်။ နောက်ပိုင်း စပ်တွားဂျင့်ကျမ်းများတွင် ဘုရားသခင်၏နာမတော် မပါရှိတော့သောကြောင့် ခရစ်ယာန်ဂရိကျမ်းတွင်လည်း နာမတော်ကို ဖယ်ထုတ်သင့်သည်ဟု ပညာရှင်များက စောဒကတက်ကြသည်။ သို့သော် ရှေးအကျဆုံး စပ်တွားဂျင့်ကျမ်းတွင် မူရင်းဟေဗြဲပုံစံအတိုင်း ယေဟောဝါ၏နာမတော်ပါရှိသည်။ ယင်းသည် ဂရိကျမ်းတွင် ယေဟောဝါ၏နာမတော်ကို ပြန်လည်ထည့်သွင်းရန် ခိုင်လုံသောအထောက်အထားဖြစ်သည်။