အောက်ခြေမှတ်ချက်
b ဂရိနက္ခတ္တဗေဒပညာရှင်တွေဟာ တြိဂံရဲ့အနား၊ ထောင့်တွေရဲ့တန်ဖိုးကို စပြီး တွက်ချက်ခဲ့သူတွေ ဖြစ်တယ်။ အစ္စလာမ်မစ် ပညာရှင်တွေဟာ တြိဂိုနော်မေတြီပညာရပ်ကို အသုံးပြုပြီး မက္ကာမြို့တော်ရှိတဲ့အရပ်ကို ဆုံးဖြတ်ကြတယ်။ မွတ်ဆလင်တွေဟာ မက္ကာမြို့တော်ဘက်ကို မျက်နှာမူပြီး ဝတ်ပြုဆုတောင်းကြတယ်။ ထုံးတမ်းအစဉ်လာအရ လူသေတွေကို မက္ကာမြို့တော်ဘက်ကို မျက်နှာမူပြီး မြေမြှုပ်သင်္ဂြိုဟ်ပေးရတယ်၊ ပြီးတော့ မွတ်စလင် သားသတ်သမားတွေဟာ အစားအစာရဖို့ သားသတ်တဲ့အခါ မက္ကာမြို့တော်ဘက် မျက်နှာမူပြီး သတ်ကြရတယ်။