အောက်ခြေမှတ်ချက်
c မက်ကလင်းတော့နှင့် စထရောင်းတို့၏ စွယ်စုံကျမ်း (အတွဲ ၁၀၊ စာမျက်နှာ ၅၁၉) က ဤသို့ဖော်ပြသည်– “သာသနာပ ယဇ်ပုရောဟိတ်များသည် ခရစ်ယာန်ဘာသာ၏ သိသာထူးခြားသော ထွန်းကားပြန့်ပွားမှုကိုမြင်၍ ထိတ်လန့်သဖြင့် လူထုကို ဆူပူထကြွအောင် မီးတိုက်လိုက်ရာ ဧကရာဇ်ဘုရင်များသည် ခရစ်ယာန်ဘာသာကို သတိမထားဘဲ မနေနိုင်တော့ချေ။ သို့ဖြစ်၍ လူတို့အား ဘုရားများကို မုန်းတီးသူများဖြစ်စေသော အဆိုပါအယူဝါဒသစ်ကို တစ်စစ နှိပ်ကွပ်ရန် ထရေးဂျင် (အေဒီ ၉၈-၁၁၇ ခုနှစ်) သည် အမိန့်များ ထုတ်ပြန်ခဲ့ရလေသည်။ [ရောမပိုင် အာရှနယ်ပယ်မြောက်ပိုင်းနှင့် နယ်ချင်းစပ်သော] ဘသီးနီးယားပြည်နယ်ဘုရင်ခံ ပလီနီအငယ်၏ အုပ်ချုပ်ရေးသည် ခရစ်ယာန်ဘာသာ၏ အဟုန်ပြင်းသောပြန့်ပွားမှုကြောင့် မိမိနယ်ပယ်အတွင်း သာသနာပလူထု ဒေါသူပုန်ထကြသဖြင့် အရှုပ်အထွေးအခက်အခဲများ ရင်ဆိုင်ရလေသည်။”