အောက်ခြေမှတ်ချက်
a ဘာသာပြန်ကျမ်းအချို့က “စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်”၊ “အပြစ်မစီရင်ကြနှင့်” ဟုဆို၏။ ယင်းတို့က ‘စ၍ စစ်ကြောဆုံးဖြတ်ခြင်းမပြုကြနှင့်’၊ ‘စ၍ အပြစ်မစီရင်ကြနှင့်’ ဟုအဓိပ္ပာယ်သက်ရောက်သည်။ သို့သော် မူရင်းဘာသာစကားတွင် ကျမ်းရေးသူတို့က ဤတွင် အပျက်သဘောဆောင်သောအမိန့်များကို ပစ္စုပ္ပန် (ပြုဆဲ၊ ဖြစ်ဆဲ) ကာလပြကြိယာသဏ္ဌာန်ဖြင့် သုံးထားသည်။ သို့ဖြစ်၍ ဖော်ပြပါလုပ်ရပ်များကို ထိုအချိန်အခါ၌ပြုလုပ်နေကြရာ ရပ်တန့်လိုက်ဖို့လိုမည်ဖြစ်သည်။