အောက်ခြေမှတ်ချက်
b သစ္စာရှိခြင်းကို ယေဟောဝါ ဘယ်လောက် အလေးအနက်ထားကြောင်း “ဝန်တိုစိတ်” ဆိုတဲ့ စကားလုံးက ဖော်ပြတယ်။ ဇနီးသည် သစ္စာဖောက်တဲ့အခါ ဝန်တိုစိတ်ကြောင့် လင်ယောက်ျား အမျက်ဒေါသထွက်တာကို စဉ်းစားမိနိုင်တယ်။ (ပညာ. ၆:၃၄) ပဋိညာဉ်ဖွဲ့ထားတဲ့လူမျိုးက ရုပ်တုကိုးကွယ်ခြင်းအားဖြင့် သစ္စာမဲ့သွားတဲ့အခါ အဲဒီလင်ယောက်ျားလိုပဲ ယေဟောဝါ တော်မှန်စွာ အမျက်ထွက်တယ်။ ရည်ညွှန်းကျမ်းတစ်စောင်မှာ ဒီလိုဖော်ပြထားတယ်– “ဘုရားရဲ့ ဝန်တိုစိတ်က . . . သန့်ရှင်းမြင့်မြတ်မှုကြောင့် ဖြစ်လာတာ။ မိမိတစ်ပါးတည်းသာ သန့်ရှင်းတဲ့ဘုရား ဖြစ်လို့ . . . ဘယ်ပြိုင်ဘက်ကိုမှ သည်းခံမှာ မဟုတ်ဘူး။”—ထွ. ၃၄:၁၄။