အောက်ခြေမှတ်ချက်
a ဂလာတိ ၂:၃ တွင်တိတုကို ဂရိအမျိုးသား (ဟယ်လင်) တစ်ဦးအဖြစ် ဖော်ပြထားသည်။ ယင်းကြောင့် သူသည် ဂရိလူမျိုးမှဆင်းသက်လာသူဖြစ်ပေမည်။ သို့သော် ဂရိဘာသာစကားပြော၍ ဂရိယဉ်ကျေးမှု ကိုခံယူသော ဂရိလူမျိုးမဟုတ်သူများကို ရည်ညွှန်းရာတွင် ဗဟုဝုစ်ကိန်းပုံစံ (ဟယ်လင်နက်စ်) ကိုဂရိစာရေးဆရာအချို့ကအသုံးပြုတတ်သည်ဟု ဆိုကြသည်။ ဤသဘောမျိုးဖြင့် တိတုသည် ဂရိတစ်ဦးဖြစ်နိုင်စရာအကြောင်းရှိသည်။