အောက်ခြေမှတ်ချက်
a ဘုရားသခင့်နိုင်ငံတော်ကို ကြေညာရာတွင် ယေဟောဝါသက်သေများကို ပိတ်ပင်ထားကြသည့် သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ကြသည့် နိုင်ငံများ၌ပင် သူတို့သည် နိုင်ငံရေးနှင့်ရောထွေးခြင်းမရှိ၊ လောကအစိုးရများကို ဆန့်ကျင်ပုန်ကန်ရန် လှုံ့ဆော်ပေးခြင်းမရှိချေ။ (တိတု ၃:၁) ၎င်းအစား၊ သူတို့သည် ယေရှုနှင့် ကိုယ်တော်၏ပထမရာစုရှိ တပည့်တော်များ ပြုလုပ်ခဲ့ကြသည့်နည်းတူ နိုင်ငံရေးတွင်မပါဝင်ဘဲ ဝိညာဉ်ရေးအရ အပြုသဘောပါပါ ကြိုးစားကူညီပေးကြ၏။ သက်သေခံများသည် မိသားစုမေတ္တာ၊ ရိုးသားဖြောင့်မတ်မှု၊ ကိုယ်ကျင့်တရားစင်ကြယ်မှုနှင့် အလုပ်ကိုကောင်းစွာလုပ်ကိုင်သည့်အကျင့်အစရှိသော အကျိုးပြုသည့် ကျမ်းစာစံနှုန်းများကိုလက်ခံစေရန် ရပ်ကွက်အသီးသီးရှိ ဖြောင့်မတ်စွာကျင့်ကြံသူများကို ကြိုးစားကူညီပေးကြသည်။ အဓိကအားဖြင့် ကျမ်းစာမူများကို လူတို့ မည်သို့လိုက်နာရမည်၊ လူသားအတွက် စစ်မှန်သောမျှော်လင့်ချက်ဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်ကို မည်သို့စောင့်မျှော်ရမည်ကို သူတို့ကြိုးစားသွန်သင်ပေးကြ၏။