အောက်ခြေမှတ်ချက်
a ယေရှုဤသို့မိန့်တော်မူခဲ့၏– “ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် ပြည့်ဝစုံလင်တော်မူသည်နည်းတူ သင်တို့လည်း ပြည့်ဝစုံလင်ကြရမည်။” (မ. ၅:၄၈) မစုံလင်သောလူသားတို့ပင်လျှင် နှိုင်းရသဘောဖြင့် ပြည့်ဝစုံလင်နိုင်ကြသည်ကို ကိုယ်တော်နားလည်သဘောပေါက်ကြောင်း ထင်ရှားသည်။ ကျွန်ုပ်တို့သည် အခြားသူတို့ကို သဘောထားကြီးကြီးနှင့် ချစ်မြတ်နိုးပါဟူသည့်ပညတ်ကို လိုက်နာနိုင်ကြပြီး ယင်းကြောင့် ဘုရားသခင်၏နှစ်သက်မှုကိုရကြသည်။ သို့သော် ယေဟောဝါသည် အပြည့်ဝဆုံးသဘောဖြင့် စုံလင်တော်မူသည်။ ကိုယ်တော်နှင့်ပတ်သက်လျှင် “သမာဓိရှိခြင်း” အသုံးအနှုန်းတွင် စုံလင်ခြင်းလည်း ပါဝင်ပတ်သက်သည်။—ဆာ. ၁၈:၃၀။