ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၆/၁၃ စာ. ၁၂-၁၃
  • ပနားမားသို့ အလည်တစ်ခေါက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပနားမားသို့ အလည်တစ်ခေါက်
  • နိုးလော့!—၂၀၁၃
နိုးလော့!—၂၀၁၃
န ၆/၁၃ စာ. ၁၂-၁၃

သူတို့မြေ၊ သူတို့ဓလေ့

ပနားမားသို့ အလည်တစ်ခေါက်

ပနားမားနိုင်ငံကို ပနားမားတူးမြောင်းကြောင့် လူသိများပုံရတယ်။ အဲဒီတူးမြောင်းက အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာကို ဆက်သွယ် ပေးတဲ့ ရေလမ်းဖြစ်တယ်။ ပနားမားက မြောက်အမေရိကတိုက်နဲ့ တောင်အမေရိကတိုက်ကို ဆက်သွယ်ပေးသလို လူတွေကိုလည်း ပေါင်းကူးဆက်သွယ်ပေးတယ်။ အဲဒါက လူအမျိုးမျိုး၊ ယဉ်ကျေးမှုအဖုံဖုံရဲ့ ဇာတိမြေဖြစ်စေတယ်။ လူဦးရေအများစုက နယ်ခံတိုင်းရင်းသားနဲ့ ဥရောပသွေးနှောတဲ့ ကပြားတွေဖြစ်ကြတယ်။

သင် သိပါသလား။ ပနားမားရွှေရောင်ဖားက မိတ်ဖက်ကို ဆွဲဆောင်ဖို့နဲ့ ပြိုင်ဘက်ကို သတိပေးဖို့ သူ့ရဲ့လက်ကို “ဝှေ့ယမ်း” လေ့ရှိတယ်

၁၅၀၁ ခုနှစ်မှာ စပိန်လူမျိုးနယ်မြေသစ်ရှာဖွေသူတွေရောက်ရှိလာပြီး ဒေသခံတိုင်းရင်းသားများစွာကို တွေ့ရှိခဲ့ကြတယ်။ တချို့က အခုထိ ရှိနေဆဲဖြစ်တယ်။ အဲဒီထဲက တစ်မျိုးကတော့ ဂူနာလူမျိုးဖြစ်တယ်။ ဂူနာ အများစုက ဘိုးဘေးတွေနေခဲ့တဲ့ဒေသဖြစ်တဲ့ စန်ဘဲလ် ကျွန်းစုနဲ့ ပနားမားကိုလံဘီယာနယ်စပ်အနီးက ကရစ်ဘီယံကမ်းခြေတစ်လျှောက်မှာ နေထိုင်ကြပြီး ဝမ်းစာအတွက် အမဲလိုက်၊ လုံးထွင်းလှေနဲ့ ငါးဖမ်း၊ စိုက်ပျိုးကြတယ်။

ဂူနာအသိုင်းအဝိုင်းမှာ အမျိုးသားတစ်ဦး အိမ်ထောင်ပြုတဲ့အခါ အမျိုးသမီးရဲ့မိသားစုနဲ့ သွားရောက်နေထိုင်ပြီး သူတို့အတွက် အလုပ်လုပ်ပေးတယ်။ သူ့ဇနီး သမီးမိန်းကလေးမွေးတဲ့အခါ သူနဲ့သူ့မိသားစုက ယောက္ခမတွေနဲ့ခွဲပြီး တစ်အိုးတစ်အိမ် ထူထောင်တယ်။

ပနားမားနိုင်ငံမှာ ယေဟောဝါသက်သေတွေရဲ့ အသင်းတော် ၃၀၀ ဝန်းကျင်ရှိတယ်။ စပိန်ဘာသာစကားအပြင် တရုတ်၊ အင်္ဂလိပ်၊ ဂူဂျရာသီ၊ ဂူနာ၊ ဟေတီ ကရီအောလ်၊ နော့ဘီနဲ့ ပနားမားလက်သင်္ကေတပြစကားတွေနဲ့ စည်းဝေးတွေ ကျင်းပကြတယ်။

အချက်အလက်အကျဉ်း

  • လူဦးရေ– ၃၆၂၉၀၀၀

  • မြို့တော်– ပနားမားမြို့

  • ရုံးသုံးဘာသာစကား– စပိန်

  • အစိုးရ– ဒီမိုကရေစီ

  • ရာသီဥတု– ပူပြင်းစွတ်စို

  • မြေအနေအထား– သစ်တောဖုံးလွှမ်းထားတဲ့ အေးမြတဲ့တောင်တန်းတွေ၊ အပူပိုင်းမြက်ခင်းလွင်ပြင်တွေနဲ့ စိုစွတ်တဲ့မိုးသစ်တောတွေ။ နိုင်ငံရဲ့တစ်ဖက်တစ်ချက်ရှိ ကမ်းရိုးတန်းတစ်လျှောက် ကျွန်းပေါင်း ၁၆၀၀ ကျော်ပြန့်ကျဲနေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ