ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၆/၁၃ စာ. ၆-၇
  • စာတန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာတန်
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာတန် တကယ်ရှိသလား
  • စာတန် ဘယ်မှာနေထိုင်သလဲ
  • စာတန်က လူတွေကို အန္တရာယ်ပြုနိုင်၊ ချုပ်ကိုင်နိုင်သလား
  • နိုးကြားနေပါ—သင့်ကို စာတန် ဝါးမျိုချင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • စာတန်ကား မည်သူနည်း။ သူသည် တကယ့်ပုဂ္ဂိုလ်လော
    နိုးလော့!—၂၀၀၇
  • ဝိညာဏဘောင်တွင်ရှိ အစိုးရသူများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • စာတန်မာရ်နတ်ဆိုတာ ဆိုးညစ်မှုရဲ့ အမှတ်အသားပဲလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၆/၁၃ စာ. ၆-၇

သမ္မာကျမ်းစာရှုထောင့်

စာတန်

စာတန် တကယ်ရှိသလား

“လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စားသူ၊ မာရ်နတ်၊ စာတန်ခေါ် မူလမြွေ။” —ဗျာဒိတ် ၁၂:၉။

လူတွေပြောဆိုရာ–

စာတန်မာရ်နတ်ဆိုတာ တကယ်မရှိပါဘူး၊ လူတစ်ယောက်မှာရှိတဲ့ မကောင်းတဲ့စိတ်ကို ပြောတာပါလို့ တချို့ယုံကြည်ကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

စာတန်ဟာ တကယ်တည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ သူက ကောင်းကင်တမန်လို့ခေါ်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဘုရားသခင်ကိုဆန့်ကျင်ပုန်ကန်ခဲ့သူ ဖြစ်တယ်။ သမ္မာကျမ်းစာမှာ စာတန်ကို “ဤလောကကို အစိုးရသောမင်း” လို့ ခေါ်ဆိုထားတယ်။ (ယောဟန် ၁၂:၃၁) စာတန်က သူ့အကြံအောင်မြင်ဖို့ “မုသာနှင့်ဆိုင်သောနိမိတ်” နဲ့ “လှည့်ဖြားမှု” တွေကို အသုံးပြုတယ်။—၂ သက်သာလောနိတ် ၂:၉၊ ၁၀။

သမ္မာကျမ်းစာမှာ၊ ဘုရားသခင်က စာတန်နဲ့ အပြန်အလှန်စကားပြောတယ်လို့ ဖော်ပြထားတယ်။ အဲဒါကြောင့် စာတန်ဟာ ပုဂ္ဂိုလ်တစ်ဦးမှာရှိတဲ့ မကောင်းတဲ့စိတ် မဖြစ်နိုင်ဘူး။ အကြောင်းကတော့ ဘုရားသခင်မှာ မကောင်းတဲ့စိတ်မရှိတဲ့အတွက်ဖြစ်တယ်။ (တရားဟောရာ ၃၂:၄; ယောဘ ၂:၁-၆) စာတန်က တကယ့်ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်၊ မကောင်းတဲ့စိတ်ကို တင်စားပြောတာမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။

ဒီအကြောင်းကိုသိဖို့ ဘာကြောင့်အရေးကြီးသလဲ–

စာတန်က သူ တကယ်မရှိဘူးလို့ သင့်ကို ထင်စေချင်တယ်။ ဥပဒေကို ဆက်ချိုးဖောက်နိုင်ဖို့ ကိုယ်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖုံးကွယ်ထားတဲ့ ရာဇဝတ်သားနဲ့ တူတယ်။ စာတန်ရဲ့ရန်ကနေ သင့်ကိုယ်သင် ကာကွယ်ဖို့အတွက် အရင်ဆုံး စာတန်တကယ်တည်ရှိတယ်ဆိုတာကို အသိအမှတ်ပြုဖို့လိုတယ်။

စာတန် ဘယ်မှာနေထိုင်သလဲ

‘မြေကြီးသည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် သင်တို့ထံသို့ ဆင်းလေပြီ။’ —ဗျာဒိတ် ၁၂:၁၂။

လူတွေပြောဆိုရာ–

လူအများက စာတန်ဟာ ကမ္ဘာမြေကြီးရဲ့အလယ်ဗဟိုမှာရှိတဲ့ မီးငရဲမှာနေတယ်လို့ ယုံကြည်ကြတယ်။ တချို့ကျတော့ မကောင်းတဲ့လူတွေထဲမှာ စာတန်ရှိတယ်လို့ ယုံကြည်ကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

စာတန်က နာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူနေတဲ့နေရာကို မမြင်နိုင်ဘူး။ အရင်က စာတန်ဟာ ဘုရားသခင်နဲ့ သစ္စာရှိကောင်းကင်တမန်တွေနေထိုင်တဲ့ ကောင်းကင်ဘုံမှာ စိတ်တိုင်းကျ သွားလာခွင့်ရှိခဲ့တယ်။ (ယောဘ ၁:၆) အခုတော့ စာတန်နဲ့ သူ့အပေါင်းအပါနတ်ဆိုးတွေဟာ ဘုရားသခင်ရှိတဲ့နေရာကနေ နှင်ချခံလိုက်ရပြီး မြေကြီးဝန်းကျင်မှာ ချုပ်နှောင်ထားခံရတယ်။—ဗျာဒိတ် ၁၂:၁၂။

စာတန်အတွက် မြေကြီးပေါ်မှာ သတ်သတ်မှတ်မှတ်နေရာတစ်ခုကို ကန့်သတ်လိုက်တဲ့ အဓိပ္ပာယ်လား။ ဥပမာ၊ ရှေးခေတ်မြို့တစ်မြို့ဖြစ်တဲ့ ပေရဂံမြို့ကို “စာတန်နေထိုင်ရာအရပ်” လို့ ဖော်ပြထားတာ သင် ဖတ်ဖူးပါလိမ့်မယ်။ (ဗျာဒိတ် ၂:၁၃) အဲဒီဖော်ပြချက်က စာတန်ကို ဝတ်ပြုကိုးကွယ်တဲ့ အချက်အချာနေရာကို သွယ်ဝိုက်ရည်ညွှန်းတာဖြစ်တယ်။ စာတန်က ကမ္ဘာမြေရဲ့ သတ်သတ်မှတ်မှတ်နေရာတစ်ခုမှာ မနေပါဘူး။ “မြေကြီးပေါ်ရှိ တိုင်းနိုင်ငံရှိသမျှ” ကို သူပိုင်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—လုကာ ၄:၅၊ ၆။

စာတန်က လူတွေကို အန္တရာယ်ပြုနိုင်၊ ချုပ်ကိုင်နိုင်သလား

‘တစ်လောကလုံးသည် ဆိုးညစ်သူ၏ ဩဇာအောက်တွင် ရှိနေ၏။’ —၁ ယောဟန် ၅:၁၉။

သမ္မာကျမ်းစာပြောဆိုရာ–

လူသားအများစုက စာတန်ရဲ့ လှည့်စားမှုခံရပြီး သူ့ရဲ့ ဩဇာအောက် ရောက်နေတယ်။ (၂ ကောရိန္သု ၁၁:၁၄) ဒီအချက်က လူသားတွေဟာ ဘာကြောင့် ကမ္ဘာ့အခြေအနေတိုးတက်အောင် မလုပ်နိုင်ဘူးဆိုတာကို သိစေတယ်။

စာတန် ဒါမှမဟုတ် နတ်ဆိုးတွေဟာ လူတွေကို ချုပ်ကိုင်ပြီး အမျိုးမျိုးဒုက္ခပေးတဲ့အကြောင်းကိုလည်း သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။—မဿဲ ၁၂:၂၂; ၁၇:၁၅-၁၈; မာကု ၅:၂-၅။

သင်လုပ်ဆောင်နိုင်ရာ–

စာတန်ရဲ့ အစွမ်းတန်ခိုးကို ကြောက်ဖို့ မလိုပါဘူး။ စာတန်ရဲ့ ဩဇာလွှမ်းမိုးမှု၊ ထိန်းချုပ်မှု မခံရအောင်၊ “သူ၏အကြံအစည်များကို မသိဘဲ” မနေရအောင် လူတွေကို သူ ဘယ်လိုကြိုးကိုင်နေသလဲဆိုတာ သိအောင်လုပ်ရမယ်။ (၂ ကောရိန္သု ၂:၁၁) သမ္မာကျမ်းစာကို ဖတ်ရှုခြင်းအားဖြင့် စာတန်ရဲ့နည်းပရိယာယ်တွေကို သိရှိပြီး စာတန့်သားကောင်မဖြစ်အောင် ရှောင်နိုင်တယ်။

နတ်ဆိုးနဲ့ဆက်နွယ်နေတဲ့ ပစ္စည်းပစ္စယတွေကို ရှင်းထုတ်ပစ်ပါ။ (တမန်တော် ၁၉:၁၉) ရှင်းထုတ်ပစ်ရမယ့်အရာတွေထဲမှာ နတ်ဆိုးပညာ၊ ဂမ္ဘီရပညာကို အားပေးအားမြှောက်ပြုတဲ့ အဆောင်လက်ဖွဲ့၊ စာအုပ်စာပေ၊ ဗီဒီယို၊ တေးသီချင်းနဲ့ ကွန်ပျူတာမှာ ထည့်ထားတဲ့အရာအားလုံး ပါဝင်တယ်။

“မာရ်နတ်ကို ခုခံတွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်သွားလိမ့်မည်” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ယာကုပ် ၄:၇) သမ္မာကျမ်းစာမှာပါတဲ့ ပညာရှိအကြံဉာဏ်ကို နာခံပြီး မာရ်နတ်ရဲ့ စဉ်းလဲတဲ့ပရိယာယ်တွေကနေ သင့်ကိုယ်သင် ကာကွယ်နိုင်ပါတယ်။—ဧဖက် ၆:၁၁-၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ