ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၂/၁၃ စာ. ၁၄-၁၅
  • ဆင်းရဲချို့တဲ့သူများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆင်းရဲချို့တဲ့သူများ
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆင်းရဲချို့တဲ့နေသူတွေကို ဘုရားသခင် ဂရုစိုက်သလား။
  • ဆင်းရဲချို့တဲ့နေသူတွေက မိမိတို့ရဲ့အခြေအနေကောင်းလာဖို့ ဘယ်လိုလုပ်နိုင်သလဲ။
  • ကျမ်းစာပါ ပညာရှိစကားတွေက ဆင်းရဲချို့တဲ့သူတွေကို အကူအညီဖြစ်စေတဲ့ အထောက်အထားရှိသလား။
  • ငွေနှင့်ပတ်သက်သည့် ပညာရှိအမြင်ကား အဘယ်နည်း
    နိုးလော့!—၂၀၀၇
  • ယေရှု၏ပုံသက်သေကိုလိုက်ပြီး နွမ်းပါးသူများကို စိုးရိမ်ကြောင့်ကြမှုပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ‘အထက်မှဉာဏ်ပညာ’ သည် သင့်ဘဝတွင် အကျိုးသြဇာသက်ရောက်သလော
    ယေဟောဝါထံ ချဉ်းကပ်လော့
  • စစ်မှန်တဲ့ ဉာဏ်ပညာ ဟစ်အော်နေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၂/၁၃ စာ. ၁၄-၁၅

သမ္မာကျမ်းစာရှုထောင့်

ဆင်းရဲချို့တဲ့သူများ

ဆင်းရဲချို့တဲ့နေသူတွေကို ဘုရားသခင် ဂရုစိုက်သလား။

“သင်တို့၏ဘဝပုံစံတွင် ငွေတပ်မက်ခြင်းကင်း . . . လော့။ အကြောင်းမူကား [ဘုရားသခင်]က ‘ငါသည် သင့်ကို အလျှင်းမစွန့်၊ အလျှင်းပစ်၍မထား’ ဟုမိန့်တော်မူ၏။” —ဟေဗြဲ ၁၃:၅။

ဂရုစိုက်ကြောင်း ဘုရားသခင်ဖော်ပြပုံ–

ယေဟောဝါဘုရားသခင်ကို ကိုးကွယ်တဲ့သူတစ်ဦး အခက်အခဲကြုံရတဲ့အခါ ဘုရားသခင်က သူ့ကိုဂရုစိုက်ကြောင်း နည်းအမျိုးမျိုးနဲ့ ဖော်ပြနိုင်တယ်။ အဲဒါတွေထဲက တစ်ခုကတော့ ခရစ်ယာန်ချင်းတွေရဲ့ မေတ္တာပါတဲ့ထောက်မမှု ဖြစ်တယ်။a ယာကုပ် ၁:၂၇ ကဒီလိုပြောတယ်– “ငါတို့အဖ ဘုရားသခင်၏ရှေ့တော်၌ သန့်ရှင်း၍ အညစ်အကြေးကင်းစင်သော ဝတ်ပြုမှုဟူမူကား မိဘမဲ့ကလေးများနှင့် မုဆိုးမများ ဒုက္ခရောက်ချိန်တွင် ကြည့်ရှုစောင့်ရှောက်ခြင်း၊ မိမိကိုယ်ကို လောကအညစ်အကြေးနှင့် ကင်းစင်စေခြင်းဖြစ်၏။”

အစောပိုင်းခရစ်ယာန်တွေဟာ တစ်ယောက်ကိုတစ်ယောက် ကူညီပေးကြတယ်။ ဥပမာ၊ ကြိုဟောထားတဲ့ငတ်မွတ်ခြင်းဘေး ကျရောက်တဲ့အခါ ယုဒပြည် အကြီးအကျယ် ထိခိုက်ခဲ့တယ်။ အဲဒီအခါ ရှုရိပြည် အန္တိအုတ်မြို့က ခရစ်ယာန်တွေက “ယုဒပြည်၌နေသော ညီအစ်ကိုတို့ထံ . . . ကယ်ဆယ်ရေးအထောက်အပံ့ ပေးပို့” ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ (တမန်တော် ၁၁:၂၈-၃၀) ဒါကြောင့် ဆင်းရဲချို့တဲ့နေတဲ့ညီအစ်ကိုတွေ လိုအပ်တဲ့ အခြေခံအထောက်အပံ့ ရရှိခဲ့ကြတယ်။ ဒီလိုစေတနာစိတ်နဲ့ ပေးကမ်းခြင်းအားဖြင့် ခရစ်ယာန်မေတ္တာကို ဖော်ပြကြတယ်။—၁ ယောဟန် ၃:၁၈။

ဆင်းရဲချို့တဲ့နေသူတွေက မိမိတို့ရဲ့အခြေအနေကောင်းလာဖို့ ဘယ်လိုလုပ်နိုင်သလဲ။

“ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင် . . . သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။”—ဟေရှာယ ၄၈:၁၇၊ ၁၈။

ကိုယ့်ကိုယ်ကိုယ် ထောက်မတတ်ဖို့ ဘုရားသခင်ကူညီပေး–

သမ္မာကျမ်းစာမှာဖော်ပြထားတဲ့ ဉာဏ်ပညာက လက်တွေ့ကျပြီး အကောင်းဆုံးလမ်းညွှန်မှုပေးတယ်ဆိုတာကို သန်းနဲ့ချီတဲ့သူတွေ တွေ့ ရှိခဲ့ကြတယ်။ သုတ္တံ ၂:၆၊ ၇ [ကဘ] မှာ ဒီလိုပြောထားတယ်– “ဉာဏ် ပညာကို ယေဟောဝါကိုယ်တိုင်ပေးတယ်။ အသိပညာနဲ့ပိုင်းခြားသိမြင်မှုက ကိုယ်တော့်နှုတ်ကနေ ထွက်လာတယ်။ ကိုယ်တော်က စိတ်ရိုးဖြောင့်သူတွေအတွက် လက်တွေ့ကျ ဉာဏ်ပညာကို သိမ်းဆည်းထားတယ်။” လူတွေက အဲဒီပညာကိုရှာမယ်၊ လက်တွေ့ကျင့်သုံးမယ်ဆိုရင် သူတို့ကိုယ်တိုင် အကျိုးရရှိမှာဖြစ်တယ်။

ဥပမာ၊ သူတို့က မူးယစ်ဆေးသုံးခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းလိုမျိုး အန္တရာယ်ရှိပြီး ငွေကုန်စေတဲ့အကျင့်တွေကို ရှောင်ကြမှာဖြစ်တယ်။ (၂ ကောရိန္သု ၇:၁) ရိုးသားသူ၊ ပိုပြီးတာဝန်သိတတ်သူ၊ တာဝန်ယူတတ်သူတွေလည်းဖြစ်လာမယ်။ ဒါကြောင့် အလုပ်ရဖို့ အလားအလာကောင်းသလို အလုပ်သမားတွေထဲမှာလည်း ပိုအားကိုးရတဲ့သူဖြစ်လာတယ်။ ဧဖက် ၄:၂၈ မှာ ဒီလိုပြောထားတယ်– “ခိုးတတ်သောသူသည် နောက်တစ်ဖန် မခိုးတော့ဘဲ . . . ကြိုးစားလုပ်ကိုင်ပါစေ။ သို့မှသာ အကူအညီလိုအပ်သူကို ပေးကမ်းဝေငှနိုင်မည်။”

ကျမ်းစာပါ ပညာရှိစကားတွေက ဆင်းရဲချို့တဲ့သူတွေကို အကူအညီဖြစ်စေတဲ့ အထောက်အထားရှိသလား။

“ဘုရားသခင်၏ ဉာဏ်ပညာတော်သည် မှန်ကန်ကြောင်းကို ထိုပညာတော်မှသက်ရောက်လာသည့် အကျိုးတရားများက သက်သေပြကြ၏။”—မဿဲ ၁၁:၁၉၊ ခမ။

ဘုရားသခင့်ဉာဏ်ပညာကရရှိစေတဲ့ အကျိုးတရားများ–

ဂါနာမှာနေထိုင်တဲ့ ဝီလ်ဆင် က ယာယီအလုပ်သမားဖြစ်ပြီး သူ့ရဲ့အလုပ်က သက်တမ်းကုန်တော့မယ်။ သူ့ရဲ့နောက်ဆုံးအလုပ်တက်ရက်မှာ ဦးဆောင်ညွှန်ကြားရေးမှူးရဲ့ကားကို ရေဆေးနေချိန် ကားထဲမှာ ပိုက်ဆံတွေ့လိုက်တယ်။ သူ့ရဲ့ကြီးကြပ်မှူးက အဲဒီပိုက်ဆံကို ယူထားဖို့ပြောတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ ဝီလ်ဆင်က မယူခဲ့ဘူး။ ပိုင်ရှင်ကို ပိုက်ဆံပြန်ပေးလိုက်တယ်။ ဒါကြောင့် အလုပ်ဖြုတ်ခံရမယ့်အစား အချိန်ပြည့်ဝန်ထမ်းအဖြစ် အလုပ်ရရှိသွားပြီး နောက်ပိုင်းမှာ အကြီးတမ်းအရာရှိဖြစ်လာတယ်။

ဥရောပမှာရှိတဲ့ ဇာရီဒန်ဟာ ယေဟောဝါသက်သေတွေကိုမကြိုက်တဲ့ အလုပ်ရှင်ကြောင့် အလုပ်ပြုတ်သွားတယ်။ အလုပ်ရှင်ရဲ့အမေက သူ့သမီးကို တော်တော်ကြီးတဲ့အမှား လုပ်မိပြီလို့ပြောတယ်။ “အလုပ်ကို အလေးအနက်ထားပြီး ယုံကြည်စိတ်ချရတဲ့ အလုပ်သမားလိုချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထက် ကောင်းတဲ့သူရှာတွေ့နိုင်မှာမဟုတ်ဘူး” လို့လည်းပြောတယ်။ သမီးက သက်သေခံတွေအကြောင်း လေ့လာပြီးတဲ့နောက် ဇာရီဒန် ကို အလုပ်ပြန်ပေးတယ်။

အာဖရိက,က ကြင်ဖော်မဲ့မိခင် စာရာက အခက်အခဲကြုံနေရတဲ့အချိန်မှာ အသင်းတော်က ညီအစ်ကို၊ ညီအစ်မတွေက သူတို့မိသားစုလိုအပ်တဲ့ အစားအသောက်နဲ့ သွားရေးလာရေးကို စီစဉ်ပေးတဲ့ ခရစ်ယာန်မေတ္တာကို ခံစားခဲ့ရတယ်။ နောက်ပိုင်း၊ သူ့ကလေးတွေက ဒီလိုပြောတယ်– “ကျွန်မတို့မှာ မိဘနဲ့တူတဲ့သူတွေ အသင်းတော်မှာ အများကြီးရှိတယ်။”

အဲဒီလိုတွေ့ကြုံမှုတွေ အများကြီးရှိပါတယ်။ ဒီဥပမာတွေက သုတ္တံ ၁:၃၃ ကို ပြန်သတိရစေတယ်– “ငါ့စကားကိုနားထောင်သောသူမူကား လုံခြုံစွာနေ၍ ဘေးကိုမကြောက်ဘဲ ငြိမ်ဝပ်လိမ့်မည်။” တကယ့်ကိုမှန်ကန်ပါတယ်။

a နိုင်ငံတချို့မှာ အစိုးရက ဆင်းရဲချို့တဲ့သူတွေကို ငွေကြေးကူညီပေးတယ်။ အဲဒီလိုအစီအစဉ်မရှိတဲ့နေရာတွေမှာဆိုရင် ချို့တဲ့သူတွေရဲ့ ဆွေမျိုးတွေမှာ အထူးသဖြင့် တာဝန်ရှိတယ်။—၁ တိမောသေ ၅:၃၊ ၄၊ ၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ