ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁/၁၃ စာ. ၁၄-၁၅
  • ပရဒိသု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပရဒိသု
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပရဒိသုဆိုတာ ဘာလဲ
  • ပရဒိသုက ဘယ်နေရာမှာလဲ
  • ပရဒိသုမှာ ဘယ်သူတွေ နေထိုင်ရမလဲ
  • သမ္မာကျမ်းစာပါ သာယာအေးချမ်းတဲ့ဥယျာဉ် ပရဒိသုက ဘယ်မှာရှိသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • “ပရဒိသုမှာ ပြန်တွေ့မယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ကမ္ဘာကို ဘုရားသခင် ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ
    လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဘုရားသခင့်မိတ်ဆွေများ ပရဒိသု၌ နေထိုင်ကြမည်
    သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၁/၁၃ စာ. ၁၄-၁၅

သမ္မာကျမ်းစာရှုထောင့်

ပရဒိသု

ပရဒိသုဆိုတာ ဘာလဲ

လူတွေပြောဆိုရာ–

ပရဒိသုဆိုတာ ဒဏ္ဍာရီပါ၊ တကယ်မရှိပါဘူးလို့ တချို့ထင်ကြတယ်။ တချို့ကျပြန်တော့ လိုလေသေးမရှိ ပြည့်ဝစုံလင်တဲ့ ဥယျာဉ်လိုနေရာဖြစ်ပြီး လူကောင်းတွေက အဲဒီမှာ ထာဝစဉ်အသက်ရှင်ကြမယ်၊ ရွှင်လန်းစရာကောင်းတဲ့၊ လူတွေအတွက် အကျိုးဖြစ်ထွန်းတဲ့အလုပ်တွေကို လုပ်ကိုင်ရမယ်လို့ ယုံကြည်ကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

“ပရဒိသု” ဆိုတဲ့စကားလုံးကို လူသားတွေရဲ့ ပထမဆုံးစံအိမ်ဖြစ်တဲ့ ဧဒင်ဥယျာဉ်ကို ရည်ညွှန်းတဲ့အခါမှာ သုံးတယ်။ (ကမ္ဘာဦး ၂:၇-၁၅) ကျမ်းစာမှာဖော်ပြတဲ့ အဲဒီဥယျာဉ်က ပထမဆုံး လူသားမောင်နှံ၊ အာဒံနဲ့ဧဝနေထိုင်ခဲ့တဲ့ တကယ့်နေရာတစ်ခုဖြစ်ပြီး အဲဒီမှာ ရောဂါဘယနဲ့ သေခြင်းမရှိဘူး။ (ကမ္ဘာဦး ၁:၂၇၊ ၂၈) သူတို့က ဘုရားသခင့်စကားနားမထောင်တဲ့အတွက် ပရဒိသုမှာ ဆက်နေထိုင်ခွင့်မရကြဘူး။ ဒါပေမဲ့ ကျမ်းစာပရောဖက်ပြုချက် (ကြိုဟောချက်) များစွာက အနာဂတ်မှာ လူသားတွေဟာ ပြန်လည်တည်ထောင်မယ့်ပရဒိသုမှာ နေထိုင်ခွင့်ရမယ်လို့ ဖော်ပြထားတယ်။

သင့်အတွက်အရေးပါသလား–

ဘုရားသခင်ဟာ မေတ္တာရှင်ဖြစ်တဲ့အတွက် ကိုယ်တော့်ကို သစ္စာရှိရှိဝတ်ပြုကိုးကွယ်သူတွေကို ပရဒိသုလိုနေရာမှာ ကောင်းတဲ့အသက်တာနဲ့ဆုချမယ်ဆိုတာက အဓိပ္ပာယ်ရှိပါတယ်။ ဘုရားသခင့်မျက်နှာသာရဖို့ ဘာလုပ်ရမလဲဆိုတာ ဘုရားသခင်က လူတွေကို အသိပေးမယ်ဆိုတာကလည်း အဓိပ္ပာယ်ရှိပါတယ်။ ဘုရားသခင်နဲ့ပတ်သက်တဲ့ အသိပညာကိုဆည်းပူးပြီး ကိုယ်တော့်ပညတ်တွေကို နာခံမယ်ဆိုရင် ကိုယ်တော့်မျက်နှာသာရရှိနိုင်တယ်လို့ ကျမ်းစာမှာပြောထားတယ်။—ယောဟန် ၁၇:၃; ၁ ယောဟန် ၅:၃။

“ထာဝရအရှင်ဘုရားသခင်သည်လည်း . . . ဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင် ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။”—ကမ္ဘာဦး ၂:၈။

ပရဒိသုက ဘယ်နေရာမှာလဲ

လူတွေပြောဆိုရာ–

တချို့သူတွေက ပရဒိသုဆိုတာ ကောင်းကင်မှာလို့ ယုံကြည်နေချိန်မှာ တချို့သူတွေကျတော့ အနာဂတ်မြေကြီးပေါ်မှာ ထူထောင်လိမ့်မယ်လို့ အခိုင်အမာဆိုကြပြန်တယ်။

သမ္မာကျမ်းစာပြောဆိုရာ–

လူသားတွေအတွက် မူလပရဒိသုက ကမ္ဘာမြေကြီးပေါ်မှာရှိခဲ့တယ်။ ကမ္ဘာမြေကြီးကို လူသားတွေရဲ့ ထာဝရစံအိမ်အဖြစ် ဘုရားသခင်ရည်ရွယ်ခဲ့တယ်။ ကျွန်ုပ်တို့ရဲ့ ကမ္ဘာဂြိုဟ်ကို ထာဝစဉ်တည်ရှိဖို့ ဘုရားသခင်ပြုလုပ်ထားတဲ့အကြောင်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာလံ ၁၀၄:၅) ဒီလိုလည်း ဖော်ပြတယ်– ‘ကောင်းကင်ကား ထာဝရဘုရားသခင်၏ကောင်းကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အားပေးတော်မူပြီ။’—ဆာလံ ၁၁၅:၁၆။

ဒါကြောင့် ကျမ်းစာက မြေကြီးပေါ်မှာ ပရဒိသုလုပ်ပေးမယ်လို့ ကတိပေးထားတာ အံ့ဩစရာ မဟုတ်ပါဘူး။ အဲဒီမှာ ဘုရားသခင်က လူသားတွေကို ထာဝစဉ်အသက်ရှင်ခွင့် ပေးပါလိမ့်မယ်။ သင့်တင့်မျှတမှုရှိပြီး ငြိမ်သက်ခြင်း လွှမ်းမိုးပါလိမ့်မယ်။ နာကျင်မှုနဲ့ ဆင်းရဲဒုက္ခတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။ လူသားတွေက သဘာဝအံ့ချီးဖွယ်တွေနဲ့ ပြည့်နေတဲ့ကမ္ဘာမှာ ပျော်ရွှင်စွာနဲ့ နေထိုင်ရပါလိမ့်မယ်။—ဟေရှာယ ၆၅:၂၁-၂၃။

“ဘုရားသခင်၏ တဲတော်သည် လူသားတို့နှင့်အတူရှိ၍ . . . သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။”—ဗျာဒိတ် ၂၁:၃၊ ၄။

ပရဒိသုမှာ ဘယ်သူတွေ နေထိုင်ရမလဲ

လူတွေပြောဆိုရာ–

ဘာသာတရားများစွာက ပရဒိသုမှာ လူကောင်းတွေပဲနေထိုင်ရလိမ့်မယ်လို့ သွန်သင်ကြတယ်။ ဒါပေမဲ့ လူကောင်းဆိုတာ ဘာကိုပြောတာလဲ ဆိုတာနဲ့ပတ်သက်ပြီး ရှုပ်ထွေးနေကြတယ်။ တချို့က ဘာသာရေးအခမ်းအနားတွေနဲ့ ဝတ်ပြုဆုတောင်းမှုတွေမှာပါဝင်ရင် လုံလောက်ပြီလို့ ထင်ကြတယ်။

သမ္မာကျမ်းစာပြောဆိုရာ–

“ဖြောင့်မတ်သောသူတို့” က ပရဒိသုမှာနေရလိမ့်မယ်လို့ သမ္မာကျမ်းစာက သွန်သင်တယ်။ ဒါပေမဲ့ ဘယ်သူက ဘုရားသခင့်အမြင်မှာ ဖြောင့်မတ်သလဲ။ ဘုရားသခင့်အလိုတော်ကို မသိကျေးကျွန်ပြုပြီး ဝတ်ပြုရေးထုံးတမ်းစဉ်လာမှာ ပါဝင်နေသူတွေကို ပြောတာမဟုတ်ဘူး။ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– ‘ထာဝရဘုရားသခင်၏အမိန့်တော်ကိုနားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကိုပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ကောင်း၏။’ (၁ ဓမ္မရာဇဝင် ၁၅:၂၂) ရိုးရိုးလေးပြောရရင် ပရဒိသုမှာ ထာဝစဉ် နေထိုင်ခွင့်ရမယ့် “ဖြောင့်မတ်သောသူတို့” ဆိုတာ သမ္မာကျမ်းစာမှာပါတဲ့ ဘုရားသခင်တောင်းဆိုရာတွေကို နာခံတဲ့သူတွေဖြစ်တယ်။

သင်လုပ်ဆောင်နိုင်ရာ–

ဘုရားသခင့်တောင်းဆိုရာတွေကို နားထောင်တယ်ဆိုတာ ဘာသာရေးအခမ်းအနားတွေမှာ ပါဝင်ရုံနဲ့ မလုံလောက်ဘူး။ သင့်ရဲ့ နေ့စဉ်အပြုအမူတွေက ဘုရားသခင်ရဲ့ မျက်နှာသာရစေသလို၊ မျက်နှာသာဆုံးရှုံးစေနိုင်တယ်။ ကျမ်းစာကို စေ့စေ့ဆန်းစစ်ခြင်းအားဖြင့် ဘုရားသခင့် နှစ်သက်မှုရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင် သင်ယူနိုင်တယ်။ ဘုရားသခင်က အလိုမကျနိုင်တဲ့ဘုရား မဟုတ်ပါဘူး။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “ကိုယ်တော်၏ပညတ်များသည် ဝန်ထုပ်ဝန်ပိုးဖြစ်သည်မဟုတ်။” (၁ ယောဟန် ၅:၃) သင်သာနာခံမယ်ဆိုရင် ဘုရားသခင်က သင့်ကို ပရဒိသုမှာ ထာဝစဉ်အသက်ရှင်ခွင့် ပေးချင်နေပါတယ်။

“ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ