ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၁၄ စာ. ၁၂-၁၃
  • မျက်ရည်ရဲ့ နက်နဲသိမ်မွေ့မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မျက်ရည်ရဲ့ နက်နဲသိမ်မွေ့မှု
  • နိုးလော့!—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု မျက်ရည်ကျတာကနေ ဘာတွေ သင်ယူနိုင်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • သင့်မျက်ရည်တွေကို ယေဟောဝါ မှတ်ထားပေး
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • “ငါသည် အရာခပ်သိမ်းကို အသစ်ပြုလုပ်လျက်ရှိ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၃/၁၄ စာ. ၁၂-၁၃
မျက်ရည်ကျနေတဲ့ အမျိုးသား

မျက်ရည်ရဲ့ နက်နဲသိမ်မွေ့မှု

ကလေးတစ်ယောက် မွေးပြီဆိုတာနဲ့ အူဝဲ၊ အူဝဲ လို့ ငိုကြွေးကြတယ်။ ကလေးတွေငိုကြွေးရတဲ့အကြောင်းရင်းကို ကျွမ်းကျင်သူတစ်ယောက်က “ကလေးရဲ့ ချက်ကြိုးကို” ဖြတ်လိုက်တဲ့အတွက် ကလေးငယ်ဟာ သူလိုအပ်ရာကိုပေးဖို့ တောင်းဆိုတဲ့သဘောနဲ့ ငိုကြွေးတာဖြစ်တယ်လို့ ရှင်းပြထားတယ်။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့အခါ တခြားနည်းလမ်းတွေနဲ့ ပြောဆိုဆက်ဆံလို့ ရနေရဲ့သားနဲ့ ဘာဖြစ်လို့ မျက်ရည်ဆက်ကျနေကြတာလဲ။

အကြောင်းအမျိုးမျိုးကြောင့် စိတ်လှုပ်ရှားပြီး မျက်ရည်ကျတတ်ပါတယ်။ ဝမ်းနည်းနေချိန်၊ စိတ်ဓာတ်ကျနေချိန်၊ ကိုယ်စိတ်ဆင်းရဲနေချိန်မှာ ငိုကြွေးမိနိုင်ပါတယ်။ ဝမ်းသာပီတိဖြစ်တဲ့အခါ၊ အောင်မြင်မှုတွေရတဲ့အခါမှာလည်း ဝမ်းသာမျက်ရည်ကျကြပါတယ်။ မျက်ရည်က တခြားသူတွေကိုလည်း ကူးစက်တတ်ပါတယ်။ “တစ်ယောက်ယောက်ငိုနေတာကို ကျွန်မမြင်ရတဲ့အခါ မထိန်းနိုင်ဘဲ ကျွန်မလည်း မျက်ရည်ကျလာတယ်” လို့ မာရီယာက ပြောပြတယ်။ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်ပြီးတော့လည်း မျက်ရည်ကျမိနိုင်ပါတယ်။

မျက်ရည်ကျနေတဲ့မိန်းကလေး၊ ငိုနေတဲ့ကလေးငယ်နဲ့ မျက်ရည်ကျနေတဲ့ အမျိုးသမီးတစ်ဦး

ဘာအကြောင်းကြောင့်ပဲဖြစ်ပါစေ မျက်ရည်က စကားလုံး မပါတဲ့ အစွမ်းထက်တဲ့ ဘာသာစကားတစ်ခုပါပဲ။ “မျက်ရည်လောက် အချိန်တိုလေးအတွင်းမှာ ခံစားချက်ကို ဖော်ပြနိုင်တဲ့ တခြားနည်းလမ်းတွေ သိပ်မရှိဘူး” လို့ စာအုပ်တစ်အုပ်(Adult Crying) မှာ ဖော်ပြထားပါတယ်။ မျက်ရည်က ကိုယ်ချင်းစာနာမှုကို တင်ပြစေပါတယ်။ ဥပမာ၊ တစ်ယောက်ယောက်က ဝမ်းနည်းပြီးမျက်ရည်ကျနေတာကို မြင်ရင် လျစ်လျူရှုဖို့ ခက်တတ်ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ မျက်ရည်တွေက သူဒုက္ခရောက်နေတယ်ဆိုတာ ဖော်ပြနေလို့ပါ။ ဒါကြောင့် ငိုကြွေးနေသူကို ကြိုးစားပြီး အားပေးနှစ်သိမ့်၊ ကူညီပေးလိုပါတယ်။

ငိုလိုက်တာက စိတ်ပေါ့ပါးသွားဖို့ အထောက်အကူပြုပြီး မငိုဘဲ ချုပ်တည်းထားတဲ့အကျင့်ရှိမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း ကျွမ်းကျင်သူတချို့က ယုံကြည်ကြတယ်။ ဒါပေမဲ့ တချို့က ငိုတာဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေရတယ်ဆိုတဲ့အချက်ကို သိပ္ပံနည်းကျအတည်မပြုနိုင်သေးဘူးလို့ ထောက်ပြကြတယ်။ ဒါပေမဲ့ လေ့လာမှုအရ အမျိုးသမီး ၈၅ ရာခိုင်နှုန်း၊ အမျိုးသား ၇၂ ရာခိုင်နှုန်းက ငိုပြီးတဲ့နောက် စိတ်သက်သာရာရကြောင်း ပြောကြတယ်။ “တစ်ခါတလေ ကျွန်မ စိတ်ထဲမှာအရမ်းတင်းကျပ်နေရင် ငိုချလိုက်တယ်။ ငိုပြီးတဲ့နောက် တော်တော်လေးစိတ်ပေါ့သွားတယ်။ ပြီးတော့ ပြဿနာကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်လာတယ်” လို့ နောမိ ဆိုတဲ့ အမျိုးသမီးက ပြောပြတယ်။

လေ့လာမှုအရ အမျိုးသမီး ၈၅ ရာခိုင်နှုန်း၊ အမျိုးသား ၇၂ ရာခိုင်နှုန်းက ငိုပြီးတဲ့နောက် စိတ်သက်သာရာရကြောင်း ပြောကြတယ်

ဒါပေမဲ့ ငိုတိုင်း စိတ်သက်သာမှုရတယ်လို့ ဆိုလိုနေတာတော့ မဟုတ်ပါဘူး။ ငိုတဲ့အခါ တခြားသူတွေ ဘယ်လိုတုံ့ပြန်သလဲ ဆိုတဲ့အချက်ကလည်း အရေကြီးပါတယ်။ ဥပမာ၊ ငိုချလိုက်လို့ တခြားသူတွေက နှစ်သိမ့်ပေးတယ်၊ ကူညီဖေးမပေးတယ်ဆိုရင်တော့ စိတ်သာမှုရရှိပါတယ်။ ဒါပေမဲ့ ငိုတာကို တခြားသူတွေက အပျက်သဘောတုံ့ပြန်တယ်ဆိုရင် ရှက်ရွံ့မှု၊ သိမ်ငယ်မှုတွေကိုပဲ ခံစားရနိုင်ပါတယ်။

မျက်ရည်နဲ့ပတ်သက်ပြီး နက်နဲသိမ်မွေ့မှုတွေ ဆက်ရှိနေဆဲပါ။ သေချာတာတစ်ခုကတော့ မျက်ရည်ကျတယ်ဆိုတာက စိတ်ခံစားချက်ကိုဖော်ပြနိုင်တဲ့ ဘုရားပေးဆုတစ်ခုပါပဲ။

ဒီအချက်ကို သိပါသလား။

မွေးကင်းစကလေးတွေ ငိုတဲ့အခါ မျက်ရည်မကျပါဘူး။ သူတို့ရဲ့မျက်လုံးကို ကာကွယ်ဖို့အတွက် မျက်လုံးမှာ စိုစွတ်မှုအလုံအလောက်ရှိတယ်။ ဒါပေမဲ့ ရက်သတ္တပတ်အတော်ကြာပြီးနောက် မျက်ရည်ပြွန်တွေ အပြည့်အဝဖွံ့ဖြိုးလာတဲ့အခါ မျက်ရည်ကျလာပါတယ်။

မျက်ရည်သုံးမျိုး

  • အလိုလိုရှိနေတဲ့မျက်ရည်။ မျက်လုံးကိုကာကွယ်ဖို့နဲ့ မျက်လုံးစိုပြေပြီး အမြင်အာရုံကြည်လင်စေဖို့ မျက်ရည်ပြွန်ကနေ မျက်ရည်ကြည်လေးတွေ မကြာမကြာ ထုတ်ပေးတယ်။ မျက်တောင်ခတ်တဲ့အခါ ဒီအရည်ကြည်လေးတွေက မျက်လုံးတစ်ခုလုံးကို ပျံ့နှံ့စေပါတယ်။

  • တုံ့ပြန်မှု မျက်ရည်။ ယားယံ၊ နာကျင် စေတဲ့ အမှုန်လေးတွေ မျက်စိထဲဝင်သွားတဲ့အခါ မျက်ရည်ကျလာပါတယ်။ သမ်းဝေလိုက်တဲ့အချိန်၊ ရယ်မောလိုက်တဲ့အချိန်မှာ ကျလာတဲ့မျက်ရည်ကလည်း ဒီမျက်ရည်အမျိုးအစားဖြစ်ပါတယ်။

  • စိတ်လှုပ်ရှားမှုကြောင့် ကျတဲ့မျက်ရည်။ ဝမ်းနည်းတဲ့အချိန်၊ ဝမ်းသာတဲ့အချိန်တွေမှာ စိတ်လှုပ်ရှားပြီး ကျလာတဲ့ “တစ်မူထူးခြားပြီး လူသားတွေပဲကျတဲ့ မျက်ရည်” ဖြစ်ပါတယ်။ ဒီမျက်ရည်ဟာ တုံ့ပြန်မှုကြောင့် ကျလာတဲ့မျက်ရည်ထက် ပရိုးတင်ဓာတ် ၂၄ ရာခိုင်နှုန်း ပိုပါဝင် ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ