ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားစီရင်ရာနေ့ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
    • ပြဋ္ဌာန်းချက်အသစ်တွေ အပါအဝင် ဘုရားသခင့်မိန်မှာချက်တွေကို နာခံရမယ်။ ဒါကြောင့် တရားစီရင်ရာနေ့အတွင်းမှာ သူတို့ပြုလုပ်ရာတွေအပေါ် အခြေခံပြီး တစ်ဦးချင်းစီကို တရားစီရင်မှာဖြစ်တယ်။

      တရားစီရင်ရာနေ့မှာ သန်းထောင်နဲ့ချီတဲ့လူတွေဟာ ဦးဆုံး ဘုရားသခင့်အလိုတော်အကြောင်းကို သင်ယူပြီး အဲဒါတွေကို လိုက်နာဆောင်ရွက်ဖို့ အခွင့်အရေးရရှိကြမယ်။ အဲဒါက ကျယ်ပြန့်တဲ့ပညာပေးရေးလုပ်ငန်း ရှိမယ်ဆိုတာ ဖော်ပြတယ်။ မှန်ပါတယ်၊ “မြေကြီးပေါ်မှာနေထိုင်သူတွေက ဖြောင့်မတ်ခြင်းကို သင်ယူကြလိမ့်မယ်။” (ဟေရှာယ ၂၆:၉၊ ကဘ) ဒါပေမဲ့ အားလုံးကတော့ ဘုရားသခင့်အလိုတော်ကို လုပ်ဆောင်ချင်ကြမှာမဟုတ်ဘူး။ ဟေရှာယ ၂၆:၁၀ (ကဘ) မှာ ဒီလိုပြောတယ်– “လူဆိုးက မျက်နှာသာခံစားရရင်တောင် ဖြောင့်မတ်ခြင်းကို သင်ယူမှာမဟုတ်ဘူး။ သူက ရိုးသားဖြောင့်မတ်တဲ့ပြည်မှာ မတရားသဖြင့် ပြုမူလိမ့်မယ်။ ယေဟောဝါရဲ့ကြီးမြတ်မှုကို သူ မြင်တွေ့ရမှာမဟုတ်ဘူး။” အဲဒီလူဆိုးတွေက တရားစီရင်ရာနေ့အတွင်းမှာ ထာဝရသေဆုံးသွားကြမှာဖြစ်တယ်။—ဟေရှာယ ၆၅:၂၀။

      တရားစီရင်ရာနေ့မှာ လွတ်မြောက်ကပ်ကျော်သူတွေဟာ အဲဒီနေ့ကုန်ဆုံးချိန်မှာ လုံးဝ စုံလင်တဲ့လူသားတွေအဖြစ် ‘အသက်ရှင်’ လွတ်မြောက်ကြမယ်။ (ဗျာဒိတ် ၂၀:၅) ဒါကြောင့် တရားစီရင်ရာနေ့က လူသားတွေကို မူလစုံလင်တဲ့အခြေအနေကို ပြန်ရောက်ရှိစေမယ်။ (၁ ကောရိန္သု ၁၅:၂၄-၂၈) အဲဒီနောက် နောက်ဆုံး စမ်းသပ်မှုရှိမှာဖြစ်တယ်။ စာတန်ဟာ ချုပ်နှောင်မှုကနေလွတ်လာပြီး နောက်ဆုံးအကြိမ်အဖြစ် လူသားတွေကို လှည့်ဖြားခွင့်ရရှိမယ်။ (ဗျာဒိတ် ၂၀:၃၊ ၇-၁၀) စာတန်ကို ဆန့်ကျင်တွန်းလှန်တဲ့သူတွေဟာ “ဖြောင့်မတ်သူတွေက မြေကြီးကို ပိုင်ဆိုင်ရပြီး အဲဒီမှာ ထာဝစဉ်နေထိုင်ရလိမ့်မယ်” ဆိုတဲ့ ကျမ်းစာကတိ လုံးဝပြည့်စုံတာကို တွေ့မြင်ခံစားကြရမယ်။ (ဆာလံ ၃၇:၂၉၊ ကဘ) တရားစီရင်ရာနေ့ဟာ သစ္စာရှိလူသားအားလုံးအတွက် ကောင်းချီးတစ်ခုဖြစ်ပါလိမ့်မယ်။

  • ၁၉၁၄ ခုနှစ်—ကျမ်းစာကြိုတင်ဟောကြားချက်မှာ ထူးခြားတဲ့နှစ်တစ်နှစ်
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
    • နောက်ဆက်တွဲ

      ၁၉၁၄ ခုနှစ်—ကျမ်းစာကြိုတင်ဟောကြားချက်မှာ ထူးခြားတဲ့နှစ်တစ်နှစ်

      ကျမ်းစာကျောင်းသားတွေက ၁၉၁၄ ခုနှစ်မှာ ထူးခြားတဲ့ဖြစ်ရပ်တွေဖြစ်မယ်လို့ အနှစ်လေးဆယ်နီးပါး ကြိုတင်ပြီး ကြေညာခဲ့ကြတယ်။ ဘယ်ဖြစ်ရပ်တွေလဲ။ ဘယ်အရာက ၁၉၁၄ ခုနှစ်ကို ထူးခြားတဲ့နှစ်ဖြစ်စေသလဲ။

      လုကာ ၂၁:၂၄ မှာ “လူမျိုးခြားတို့သည် မိမိတို့အချိန်ကာလ ပြည့်စုံသည့်တိုင်အောင် ဂျေရုဆလင်မြို့ကို ခြေဖြင့်နင်းကြလိမ့်မည်” ဆိုတဲ့ ယေရှုပြောခဲ့တဲ့စကားကို မှတ်တမ်းတင်ထားတယ်။ ဂျေရုဆလင်မြို့ဟာ ဂျူးလူမျိုးတွေရဲ့မြို့တော်၊ ဒါဝိဒ်မင်းဆက်ကနေဆင်းသက်တဲ့ ဘုရင်တွေအုပ်ချုပ်တဲ့မြို့ဖြစ်တယ်။ (ဆာလံ ၄၈:၁၊ ၂) ဒါပေမဲ့ အဲဒီဘုရင်တွေက လူမျိုးခြားခေါင်းဆောင်တွေနဲ့ မတူဘူး။ သူတို့က ယေဟောဝါရဲ့ ကိုယ်စားလှယ်တွေအဖြစ် “ထာဝရဘုရား၏ ရာဇပလ္လင်တော်” ပေါ်မှာထိုင်ကြသူတွေဖြစ်တယ်။ (၁ ရာဇဝင်ချုပ် ၂၉:၂၃) ဒါကြောင့် ဂျေရုဆလင်မြို့ဟာ ယေဟောဝါရဲ့အုပ်ချုပ်မှု အမှတ်အသားဖြစ်တယ်။

      ဒါပေမဲ့ ဘုရားသခင်ရဲ့အုပ်ချုပ်မှုကို ဘယ်လိုနည်းနဲ့ ဘယ်အချိန်မှာ ‘လူမျိုးခြားတို့က ခြေဖြင့်နင်း’ ခဲ့ကြသလဲ။ ဂျေရုဆလင်မြို့ကို ဗာဗုလုန်တွေ ဝင်ရောက်သိမ်းပိုက်တဲ့ ဘီစီ ၆၀၇ မှာဖြစ်တယ်။ ‘ယေဟောဝါရဲ့ရာဇပလ္လင်’ မှာ နန်းထိုင်တဲ့သူမရှိဖြစ်ခဲ့ပြီး ဒါဝိဒ်ကဆင်းသက်တဲ့ ဘုရင်မင်းဆက် ပြတ်တောက်သွားခဲ့တယ်။ (၄ ဓမ္မရာဇဝင် ၂၅:၁-၂၆) အမြဲပဲ ဒီလို “ခြေဖြင့်နင်း” ခံနေရမှာလား။ မဟုတ်ပါဘူး။ ဂျေရုဆလင်မြို့ရဲ့ နောက်ဆုံးဘုရင် ဇေဒကိနဲ့ပတ်သက်ပြီး ယေဇကျေလ ဒီလို ကြိုတင်ဟောခဲ့တယ်– “ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကိုချွတ်လော့။ . . . အစိုးပိုင်သောသူ မရောက်မီတိုင်အောင် . . . ငါမှောက်လှန်မည်။ . . . အစိုးပိုင်သောသူ၌ ငါအပ်မည်။” (ယေဇကျေလ ၂၁:၂၆၊ ၂၇) ဒါဝိဒ်မင်းဆက်ရဲ့သရဖူကိုရထိုက်တဲ့ “အစိုးပိုင်သောသူ” ဟာ ယေရှုခရစ်ဖြစ်တယ်။ (လုကာ ၁:၃၂၊ ၃၃) ဒါကြောင့် “ခြေဖြင့်နင်း” ခံရတာဟာ ယေရှုဘုရင်ဖြစ်လာတဲ့အချိန်မှာ ပြီးဆုံးသွားတယ်။

      အဲဒီအရေးပါတဲ့အဖြစ်အပျက် ဘယ်အချိန်မှာ ဖြစ်ပျက်ခဲ့သလဲ။ လူမျိုးခြားတွေက သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုအထိသာ အုပ်ချုပ်ကြမယ်လို့ ယေရှုပြောခဲ့တယ်။ ဒံယေလ အခန်းကြီး ၄ မှာပါတဲ့မှတ်တမ်းက အဲဒီအချိန်ကာလ ဘယ်လောက်ကြာမယ်ဆိုတာ သိရှိစေတဲ့သော့ချက်ဖြစ်တယ်။ အဲဒါက ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမက်ခဲ့တဲ့ အိပ်မက်နဲ့ ဆက်စပ်နေတယ်။ ခုတ်လှဲခံရတဲ့ သစ်ပင်ကြီးတစ်ပင်ကို သူမြင်မက်ခဲ့တယ်။ အဲဒီသစ်ပင်ရဲ့အငုတ်ကို သံ၊ ကြေးဝါတို့နဲ့ စည်းနှောင်ထားလို့ မကြီးထွားနိုင်ဘူး။ “ဒီလိုနဲ့ ခုနစ်ကာလ ကုန်လွန်သွားပါစေ” လို့ကောင်းကင်တမန်တစ်ပါးက ပြောခဲ့တယ်။—ဒံယေလ ၄:၁၀-၁၆၊ ကဘ။

      သမ္မာကျမ်းစာမှာ သစ်ပင်တွေကို အုပ်ချုပ်ရေးကိုပုံဖော်ဖို့ တစ်ခါတလေ အသုံးပြုခဲ့ကြတယ်။ (ယေဇကျေလ ၁၇:၂၂-၂၄; ၃၁:၂-၅) ဒါကြောင့် ပုံဆောင်သစ်ပင်ကိုခုတ်လှဲခြင်းက ဂျေရုဆလင်မြို့မှာရှိတဲ့ ဘုရင်တွေကိုယ်စားပြုတဲ့ ဘုရားသခင့်အုပ်ချုပ်မှု ဘယ်လိုပြတ်တောက်သွားမယ်ဆိုတာ ဖော်ပြတယ်။ ဒါပေမဲ့ ‘ဂျေရုဆလင်မြို့ကို ခြေဖြင့်နင်း’ တာက ခေတ္တယာယီဖြစ်တဲ့ “ခုနစ်ကာလ” ကြာမယ်လို့ ရူပါရုံမှာဖော်ပြထားတာကို သတိပြုပါ။ အဲဒီအချိန်ဟာ ဘယ်လောက်ကြာရှည်သလဲ။

      ဗျာဒိတ် ၁၂:၆၊ ၁၄ က သုံးကာလခွဲဟာ “ရက်ပေါင်း တစ်ထောင့်နှစ်ရာခြောက်ဆယ်” နဲ့ညီမျှတယ်လို့ ဖော်ပြတယ်။ ဒါကြောင့် သုံးကာလခွဲရဲ့ နှစ်ဆဖြစ်တဲ့ “ခုနစ်ကာလ” က ရက်ပေါင်း ၂,၅၂၀ ဖြစ်မယ်။ ဒါပေမဲ့ လူမျိုးခြားတွေက ဂျေရုဆလင်မြို့ကျဆုံးပြီးနောက် ရက်ပေါင်း ၂,၅၂၀ လောက်ပဲ ဘုရားသခင့်အုပ်ချုပ်မှုကို “ခြေဖြင့်နင်း” ခဲ့ကြတာမဟုတ်ဘူး။ ဒါကြောင့် ဒီကြိုတင်ဟောကြားချက်က ပိုပြီးကြာရှည်တဲ့ကာလဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ တောလည်ရာ ၁၄:၃၄ နဲ့ ယေဇကျေလ ၄:၆ ကိုအခြေခံပြီး “တစ်ရက်ကိုတစ်နှစ်” ထားမယ်ဆိုရင် “ခုနစ်ကာလ” က နှစ်ပေါင်း ၂,၅၂၀ ဖြစ်မယ်။

      နှစ်ပေါင်း ၂,၅၂၀ က ဗာဗုလုန်လူမျိုးလက်ထဲ ဂျေရုဆလင်မြို့ကျဆုံးပြီး ဒါဝိဒ်မင်းဆက်ကို ရာဇပလ္လင်ကနေ ချခဲ့တဲ့ ဘီစီ ၆၀၇၊ အောက်တိုဘာလမှာစပြီး ၁၉၁၄၊ အောက်တိုဘာလမှာ ကုန်ဆုံးတယ်။ ၁၉၁၄၊ အောက်တိုဘာလမှာ ‘လူမျိုးခြားတို့ရဲ့အချိန်ကာလ’ ကုန်ဆုံးပြီး ဘုရားသခင်ရဲ့ကောင်းကင်ဘုရင်အဖြစ် ယေရှုခရစ် နန်းတင်ခံခဲ့ရတယ်။a—ဆာလံ ၂:၁-၆; ဒံယေလ ၇:၁၃၊ ၁၄။

      ကောင်းကင်ဘုရင်အဖြစ် ယေရှု ‘ရောက်ရှိ’ တဲ့အခါ ထူးခြားတဲ့ကမ္ဘာ့ဖြစ်ရပ်တွေဖြစ်တဲ့ စစ်ပွဲ၊ အစာခေါင်းပါးခြင်း၊ မြေငလျင်၊ ကပ်ရောဂါတွေ ဖြစ်မယ်လို့ ယေရှုကြိုပြောခဲ့တယ်။ (မဿဲ ၂၄:၃-၈; လုကာ ၂၁:၁၁) အဲဒီဖြစ်ရပ်တွေက ၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်ကောင်းကင်နိုင်ငံတော် တကယ် စတင်အုပ်ချုပ်ကြောင်း၊ ဒီလောကစနစ်ဆိုးရဲ့ ‘နောက်ဆုံးကာလ’ စတင်ကြောင်း အခိုင်အမာသက်သေထူပါတယ်။—၂ တိမောသေ ၃:၁-၅။

      ဇယား-ခုနစ်ကာလ ဒါမှမဟုတ် လူမျိုးခြားအချိန်၊ ဂျေရုရှလင်မြို့ကျဆုံးချိန်ကနေ စတင်တွက်ချက်တဲ့အခါ နှစ်ပေါင်း ၂,၅၂၀ ဟာ ၁၉၁၄ အောက်တိုဘာလမှာ ကုန်ဆုံး

      a ဘီစီ ၆၀၇၊ အောက်တိုဘာကနေ ဘီစီ ၁၊ အောက်တိုဘာအထိက ၆၀၆ နှစ်ဖြစ်တယ်။ သုညနှစ်မရှိတဲ့အတွက် ဘီစီ ၁၊ အောက်တိုဘာကနေ အေဒီ ၁၉၁၄၊ အောက်တိုဘာအထိက ၁,၉၁၄ နှစ်ဖြစ်တယ်။ ၆၀၆ နှစ်နဲ့ ၁,၉၁၄ နှစ်ကိုပေါင်းရင် ၂,၅၂၀ နှစ်ရတယ်။ ဘီစီ ၆၀၇မှာ ဂျေရုဆလင်မြို့ကျဆုံးခြင်းကိုဖော်ပြတဲ့ အချက်အလက်တွေအတွက် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင် [အင်္ဂလိပ်] စာအုပ်မှ “သက္ကရာဇ်စဉ်” ဆောင်းပါးနဲ့ ‘ကျမ်းစာတစ်ကျမ်းလုံး’ စစ်မှန်ပြီးအကျိုးပြု (bsio4-BU) စာမျက်နှာ ၃၊ ၄ တို့ကိုကြည့်ပါ။

  • ကောင်းကင်တမန်မင်း မိက္ခလေက ဘယ်သူလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
    • နောက်ဆက်တွဲ

      ကောင်းကင်တမန်မင်း မိက္ခလေက ဘယ်သူလဲ

      မိက္ခေလအမည်ရှိတဲ့ ဝိညာဉ်သတ္တဝါအကြောင်းကို သမ္မာကျမ်းစာမှာ မကြာခဏ မဖော်ပြဘူး။ ဒါပေမဲ့ သူ့ကိုရည်ညွှန်းတဲ့အခါ သူ့ရဲ့လုပ်ဆောင်မှုနဲ့တွဲပြီး ဖော်ပြတယ်။ ဒံယေလကျမ်းမှာ မိက္ခေလက ကောင်းကင်တမန်ဆိုးတွေနဲ့ တိုက်ခိုက်နေတယ်၊ ယုဒကျမ်းမှာ စာတန်နဲ့ငြင်းခုံနေတယ်၊ ဗျာဒိတ်ကျမ်းမှာ မာရ်နတ်၊ နတ်ဆိုးတွေနဲ့ စစ်တိုက်နေတယ်လို့ ဖော်ပြထားတယ်။ ယေဟောဝါရဲ့အုပ်ချုပ်မှုကို ကာကွယ်ရာမှာ၊ ဘုရားသခင့်ရန်သူတွေကို တိုက်ခိုက်ရာမှာ မိက္ခေလက “ဘုရားသခင်နှင့် မည်သူတူသနည်း” ဆိုတဲ့ သူ့နာမည်ရဲ့အဓိပ္ပာယ်နဲ့အညီ လုပ်ဆောင်တယ်။ ဒါဆိုရင် မိက္ခေလက ဘယ်သူလဲ။

      တစ်ခါတလေ လူတစ်ယောက်မှာ နာမည်တစ်မျိုးထက်မက ရှိတယ်။ ဥပမာ၊ ဘိုးဘေးယာကုပ်ကို ဣသရေလ (အစ္စရေး)၊ တမန်တော်ပေတရုကို ရှိမုန်ဆိုပြီး သိခဲ့ကြတယ်။ (ကမ္ဘာဦး ၄၉:၁၊ ၂; မဿဲ ၁၀:၂) အဲဒီလိုပဲ မိက္ခေလဆိုတာ ယေရှုခရစ်ရဲ့နာမည် နောက်တစ်မျိုးဖြစ်ပြီး မြေကြီးပေါ်မလာခင်နဲ့ မြေကြီးအသက်တာနောက်ပိုင်းမှာ အသုံးပြုတဲ့ အမည်ဖြစ်တယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။ အဲဒီလိုကောက်ချက်ချရတဲ့ အကြောင်းရင်းတွေကို သုံးသပ်ကြည့်ကြစို့။

      ကောင်းကင်တမန်မင်း။ သမ္မာကျမ်းစာမှာ “ကောင်းကင်တမန်မင်း” မိက္ခေလဆိုပြီး ဖော်ပြတယ်။ (ယုဒ ၉) မိက္ခေလကို ကောင်းကင်တမန်မင်းလို့ ခေါ်ထားတာကို သတိပြုပါ။ ဒါက အဲဒီလိုမျိုး ကောင်းကင်တမန်တစ်ပါးတည်းပဲ ရှိတယ်ဆိုတာ ဖော်ပြတယ်။ “ကောင်းကင်တမန်မင်း” ဆိုတဲ့ အသုံးအနှုန်းကို သမ္မာကျမ်းစာမှာ အနည်းကိန်းနဲ့ သုံးနှုန်းထားပြီး “ကောင်းကင်တမန်မင်းများ” ဆိုတဲ့ အများကိန်းကို ဘယ်တော့မှအသုံးမပြုဘူး။ ဒါ့အပြင် ယေရှုကို ကောင်းကင်တမန်မင်းရာထူးနဲ့ ဆက်စပ်ဖော်ပြတယ်။ ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ သခင်ယေရှုခရစ်နဲ့ပတ်သက်ပြီး ၁ သက်သာလောနိတ် ၄:၁၆ မှာ ‘သခင်ကိုယ်တော်တိုင်သည် အမိန့်ပေးသံ၊ ကောင်းကင်တမန်မင်း၏အသံတို့နှင့် ကောင်းကင်ဘုံမှဆင်းသက်’ တယ်လို့ဖော်ပြထားတယ်။ ယေရှုရဲ့အသံကို ကောင်းကင်တမန်မင်းရဲ့အသံအဖြစ် ဖော်ပြ

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ