ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bh စာ. ၁၉၉-စာ. ၂၀၁ ပိုဒ်. ၄
  • ယေရှုခရစ်—ကျမ်းစာမှာကြိုဟောထားတဲ့မေရှိယ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုခရစ်—ကျမ်းစာမှာကြိုဟောထားတဲ့မေရှိယ
  • သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုဟာ မေရှိယ ဖြစ်ကြောင်း မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေက သက်သေထူပါသလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • မေရှိယနှင့်ပတ်သက်၍ ကြိုဟောခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သူတို့ မေရှိယကို စောင့်မျှော်ခဲ့ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေရှုခရစ်ဘုရားသခင်အားသိကျွမ်းခြင်းပညာ၏သော့ချက်
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
bh စာ. ၁၉၉-စာ. ၂၀၁ ပိုဒ်. ၄

နောက်ဆက်တွဲ

ယေရှုခရစ်—ကျမ်းစာမှာကြိုဟောထားတဲ့မေရှိယ

ယေဟောဝါဘုရားသခင်က မေရှိယကို ကျွန်ုပ်တို့ ခွဲခြားသိရှိနိုင်ဖို့ သူ့ရဲ့မွေးဖွားခြင်း၊ အမှုဆောင်ခြင်း၊ သေခြင်းတို့နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြတဲ့ ကြိုတင်ဟောကြားချက်များစွာကို စွမ်းအားတော်တိုက်တွန်းမှုနဲ့ ကျမ်းစာမှာ မှတ်တမ်းတင်ရေးသားစေခဲ့တယ်။ အဲဒီကြိုတင်ဟောကြားချက်အားလုံးက ယေရှုခရစ်မှာ ပြည့်စုံခဲ့တယ်။ အဲဒါတွေက အံ့ဖွယ်ကောင်းလောက်အောင် တိကျမှန်ကန်ပြီး အသေးစိတ်ပြည့်စုံခဲ့တယ်။ သာဓကအနေနဲ့ မေရှိယမွေးဖွားခြင်း၊ ကလေးဘဝ စတဲ့အချက်တွေနဲ့သက်ဆိုင်တဲ့ ကြိုဟောထားချက်အနည်းငယ်ကို သုံးသပ်ကြည့်ကြစို့။

ပရောဖက်ဟေရှာယက မေရှိယဟာ ဘုရင်ဒါဝိဒ်မျိုးရိုးကနေ ဆင်းသက်လာမယ်လို့ ကြိုဟောခဲ့တယ်။ (ဟေရှာယ ၉:၇) ယေရှုဟာ အမှန်ပဲ ဒါဝိဒ်ရဲ့ဆွေစဉ်မျိုးဆက်ကနေ မွေးဖွားလာတယ်။—မဿဲ ၁:၁၊ ၆-၁၇။

ဘုရားသခင်ရဲ့ ပရောဖက်နောက်တစ်ဦးဖြစ်သူ မိက္ခာက အုပ်စိုးရှင်ဖြစ်လာမယ့် ကလေးငယ်ဟာ “ဗက်လင်ဧဖရတ်မြို့” မှာဖွားမြင်မယ်လို့ ကြိုဟောခဲ့တယ်။ (မိက္ခာ ၅:၂) ယေရှုမွေးဖွားချိန်မှာ အစ္စရေးနိုင်ငံမှာ ဗက်လင်လို့ခေါ်တဲ့မြို့နှစ်မြို့ရှိခဲ့တယ်။ တစ်မြို့က နိုင်ငံရဲ့မြောက်ပိုင်းမှာရှိတဲ့ နာဇရက်မြို့အနီးမှာ တည်ရှိပြီး နောက်တစ်မြို့က ယုဒပြည်၊ ဂျေရုဆလင်မြို့အနီးမှာ တည်ရှိတယ်။ ဂျေရုဆလင်မြို့အနီးမှာရှိတဲ့ ဗက်လင်မြို့ကို အရင်က ဧဖရတ်မြို့လို့ခေါ်တယ်။ ယေရှုဟာ ကြိုဟောထားတဲ့အတိုင်း အတိအကျပဲ အဲဒီမြို့မှာ ဖွားမြင်ခဲ့တယ်။—မဿဲ ၂:၁။

ကျမ်းစာကြိုတင်ဟောကြားချက် နောက်တစ်ခုမှာ ဘုရားသခင့်သားတော်ကို “အဲဂုတ္တု [အီဂျစ်] ပြည်မှခေါ်ခဲ့” မယ်လို့ ကြိုဟောထားတယ်။ သူငယ်ယေရှုကို အီဂျစ်ပြည်ကို ခေါ်သွားကြတယ်။ ဟေရုဒ်မင်းသေဆုံးပြီးတဲ့နောက်မှာ ယေရှုကို ပြန်ခေါ်လာကြခြင်းအားဖြင့် အဲဒီကြိုတင်ဟောထားချက် ပြည့်စုံခဲ့တယ်။—ဟောရှေ ၁၁:၁; မဿဲ ၂:၁၅။

“မေရှိယနဲ့ပတ်သက်တဲ့ ကြိုတင်ဟောထားချက်တွေ” ကဇယားမှာပါတဲ့ “ကြိုတင်ဟောထားချက်” ခေါင်းစဉ်အောက်ကကျမ်းချက်တွေမှာ မေရှိယနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ပါတယ်။ အဲဒီကျမ်းချက်တွေကို “ပြည့်စုံချက်” ခေါင်းစဉ်အောက်မှာရှိတဲ့ကျမ်းချက်တွေနဲ့ ကျေးဇူးပြု၍ နှိုင်းယှဉ်ကြည့်ပါ။ အဲဒီလိုနှိုင်းယှဉ်တာက ဘုရားသခင့်တရားစကားတော် စစ်မှန်ကြောင်း သင့်ယုံကြည်ချက်ကို ပိုခိုင်ခံ့စေမှာဖြစ်တယ်။

အဲဒီကျမ်းချက်တွေကို ဆန်းစစ်တဲ့အခါ ကြိုတင်ဟောကြားချက်တစ်ခုစီကို ယေရှုမမွေးဖွားမီ နှစ်ပေါင်းရာနဲ့ချီပြီး ကြိုတင်ရေးခဲ့တယ်ဆိုတာကို စိတ်စွဲမှတ်ပါ။ ယေရှုက “မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းတို့တွင် ငါ၏အကြောင်းရေးထားသမျှသည် ပြည့်စုံရမည်” လို့ပြောခဲ့တယ်။ သင့်ကိုယ်ပိုင်ကျမ်းစာနဲ့ ဆန်းစစ်ကြည့်မယ်ဆိုရင် ကြိုတင်ဟောကြားချက်တွေက အသေးစိတ်ကစ ပြည့်စုံကြောင်း တွေ့ရပါလိမ့်မယ်။

မေရှိယနဲ့ပတ်သက်တဲ့ ကြိုတင်ဟောထားချက်တွေ

အဖြစ်အပျက်

ကြိုတင်ဟောထားချက်

ပြည့်စုံချက်

ယုဒအနွယ်ကနေ မွေးဖွားလာ

ကမ္ဘာဦး ၄၉:၁၀

လုကာ ၃:၂၃-၃၃

အပျိုကညာက မွေးဖွား

ဟေရှာယ ၇:၁၄

မဿဲ ၁:၁၈-၂၅

ဘုရင်ဒါဝိဒ်မျိုးရိုးကနေ ဆင်းသက်

ဟေရှာယ ၉:၇

မဿဲ ၁:၁၊ ၆-၁၇

မိမိရဲ့သားဖြစ်ကြောင်း ယေဟောဝါကြေညာ

ဆာလံ ၂:၇

မဿဲ ၃:၁၇

သူ့ကို မယုံကြည်ကြ

ဟေရှာယ ၅၃:၁

ယောဟန် ၁၂:၃၇၊ ၃၈

ဂျေရုဆလင်မြို့ထဲကို မြည်းစီးပြီးဝင်

ဇာခရိ ၉:၉

မဿဲ ၂၁:၁-၉

ရင်းနှီးတဲ့အဖော်တစ်ဦးရဲ့ သစ္စာဖောက်ခြင်းခံရ

ဆာလံ ၄၁:၉

ယောဟန် ၁၃:၁၈၊ ၂၁-၃၀

ငွေ ၃၀ နဲ့သစ္စာဖောက်ခံရ

ဇာခရိ ၁၁:၁၂

မဿဲ ၂၆:၁၄-၁၆

စွပ်စွဲသူများရှေ့ နှုတ်ဆိတ်နေခြင်း

ဟေရှာယ ၅၃:၇

မဿဲ ၂၇:၁၁-၁၄

ယေရှုရဲ့ဝတ်လုံကို မဲနှိုက်ယူကြ

ဆာလံ ၂၂:၁၈

မဿဲ ၂၇:၃၅

သစ်တိုင်ပေါ်မှာရှိနေစဉ် ကဲ့ရဲ့ပြစ်တင်ခံရ

ဆာလံ ၂၂:၇

မဿဲ ၂၇:၃၉-၄၃

အရိုးတစ်ချောင်းမှ မကျိုးခဲ့

ဆာလံ ၃၄:၂၀

ယောဟန် ၁၉:၃၃၊ ၃၆

သူဌေးတစ်ယောက်က သင်္ဂြိုဟ်ပေး

ဟေရှာယ ၅၃:၉

မဿဲ ၂၇:၅၇-၆၀

မပုပ်ခင်မှာ ရှင်ပြန်ထမြောက်

ဆာလံ ၁၆:၁၀

တမန်တော် ၂:၂၄၊ ၂၇

ဘုရားသခင့်လက်ယာဘက်မှာ ချီးမြှောက်ခံရ

ဆာလံ ၁၁၀:၁

တမန်တော် ၇:၅၆

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ