ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၈၉
  • ဘာသာတရားအားလုံး အတူတူပဲလား၊ ဘုရားသခင်ကော လက်ခံသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာသာတရားအားလုံး အတူတူပဲလား၊ ဘုရားသခင်ကော လက်ခံသလား
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • မှားယွင်းတဲ့ဘာသာက ဘုရားကို ဂုဏ်ဖျက်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဘုရားသခင်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်ပုံ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • မဟာဗာဗုလုန်နှင့်ကင်းကင်းရှင်းရှင်းနေလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၈၉
ကမ္ဘာတစ်၀န်းမှာရှိတဲ့ ဝတ်ပြုကိုးကွယ်မှုပုံစံအမျိုးမျိုးကို ကိုယ်စားပြုတဲ့ ဘာသာတရားတွေရဲ့ အထိမ်းအမှတ်များ

ဘာသာတရားအားလုံး အတူတူပဲလား၊ ဘုရားသခင်ကော လက်ခံသလား

ကျမ်းစာအဖြေ

ဘာသာတရားအားလုံး မတူကြပါဘူး။ ဘုရားသခင် လက်မခံတဲ့ဘာသာတရားများစွာကို ကျမ်းစာမှာ ဖော်ပြထားပါတယ်။ ဘုရားသခင်လက်မခံရတဲ့ အခြေခံအကြောင်းရင်း ၂ ချက်ရှိပါတယ်။

အကြောင်းရင်း ၁- ဘုရားအတုအယောင်တွေကို ဝတ်ပြုကိုးကွယ်ခြင်း

ဘုရားအတုအယောင်တွေကို “အချည်းနှီး”၊ “အသုံးမဝင်၊ အကျိုးမပေး” စတဲ့ စကားလုံးတွေနဲ့ ဆက်စပ်ပြီး ကျမ်းစာမှာဖော်ပြထားတယ်။ (ယေရမိ ၁၀:၃–၅; ၁၆:၁၉၊ ၂၀၊ ခမ) ယေဟောဝါဘုရားaက “ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်” နဲ့လို့ ရှေးခေတ်အစ္စရေးလူမျိုးကို မိန့်မှာခဲ့တယ်။ (ထွက်မြောက်ရာ ၂၀:၃၊ ၂၃; ၂၃:၂၄) ရှေးခေတ်အစ္စရေးတွေက တခြားဘုရားတွေကို ကိုးကွယ်တဲ့အခါ “ထာဝရဘုရား [ယေဟောဝါဘုရား] သည် အမျက်ထွက်” ခဲ့တယ်။—တောလည်ရာ ၂၅:၃; ဝတ်ပြုရာ ၂၀:၂; တရားသူကြီး ၂:၁၃၊ ၁၄။

ခုချိန်မှာလည်း “နာမည်ခံ ဘုရား” တွေကို ကိုးကွယ်တာနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့စိတ်သဘောထားက အဲဒီအတိုင်းပါပဲ။ (၁ ကောရိန္သု ၈:၅၊ ၆၊ ခမ; ဂလာတိ ၄:၈) ဘုရားအတုအယောင်တွေ ကိုးကွယ်တဲ့သူတွေနဲ့ ရင်းရင်းနှီးနှီး မပေါင်းသင်းဖို့ ဘုရားသခင်မိန့်မှာခဲ့တယ်။ ဒါ့အပြင် “ထိုသူတို့အထဲမှထွက်၍ တသီးတခြားနေကြ” ဖို့လည်း ပြောခဲ့တယ်။ (၂ ကောရိန္သု ၆:၁၄–၁၇) တကယ်လို့ ဘာသာတရားအားလုံးအတူတူဖြစ်ပြီး ဘုရားသခင်လက်ခံတယ်ဆိုရင် ဘာကြောင့် ကိုယ်တော် အဲဒီလို မိန့်မှာခဲ့ရတာလဲ။

အကြောင်းရင်း ၂- စစ်မှန်တဲ့ဘုရားသခင် မနှစ်သက်တဲ့ပုံစံနဲ့ ဝတ်ပြုကိုးကွယ်ခြင်း

တစ်ခါတလေ ရှေးခေတ်အစ္စရေးတွေက ဘာသာရေးအတုအယောင်တွေကနေ ဆင်းသက်လာတဲ့ ယုံကြည်ချက်တွေနဲ့ ဓလေ့ထုံးစံတွေကို အသုံးပြုပြီး ယေဟောဝါဘုရားကို ဝတ်ပြုကိုးကွယ်ကြတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ဘာသာတရားကို အတုအယောင်နဲ့ ကြိုးစားရောနှောတာကို ဘုရားသခင် လုံးဝလက်မခံဘူး။ (ထွက်မြောက်ရာ ၃၂:၈; တရားဟောရာ ၁၂:၂–၄) ယေရှုက သူ့ခေတ်မှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ ဝတ်ပြုကိုးကွယ်မှုပုံစံကြောင့် ပြစ်တင်ရှုတ်ချခဲ့တယ်။ သူတို့က ဘာသာတရားကို ဗန်းပြပြီး “တရားမျှတခြင်း၊ သနားခြင်း၊ သစ္စာရှိခြင်း စသည့် ပညတ်ကျမ်းတွင် သာ၍အရေးပါသောအရာများကိုမူကား လျစ်လျူရှုကြ” တဲ့ ဘာသာရေးအရေခြုံသမားတွေလို့ ယေရှုပြောခဲ့တယ်။—မဿဲ ၂၃:၂၃။

ဒီနေ့မှာလည်း အလားတူပါပဲ။ အမှန်တရားကို အခြေခံထားတဲ့ စစ်မှန်တဲ့ဘာသာတရားတစ်ခုတည်းကိုပဲ ဘုရားသခင်လက်ခံပါတယ်။ အဲဒီအမှန်တရားကို ကျမ်းစာထဲမှာ တွေ့နိုင်ပါတယ်။ (ယောဟန် ၄:၂၄; ၁၇:၁၇; ၂ တိမောသေ ၃:၁၆၊ ၁၇) ကျမ်းစာနဲ့မကိုက်ညီတဲ့ သွန်သင်ချက်တွေကို သင်ပေးနေတဲ့ ဘာသာတရားတွေဟာ လူတွေကို ဘုရားသခင်နဲ့ဝေးကွာသွားအောင် လုပ်ဆောင်နေကြတယ်။ သုံးပါးပေါင်းတစ်ဆူ၊ မသေနိုင်တဲ့ဝိညာဉ်၊ ထာဝစဉ်ညှဉ်းဆဲခြင်း စတဲ့ သွန်သင်ချက်တွေဟာ ကျမ်းစာအပေါ် အခြေခံထားတယ်လို့ လူတွေ ယူမှတ်နေကြတယ်။ တကယ်တော့ အဲဒီသွန်သင်ချက်တွေက အတုအယောင်ဘုရားတွေကို ကိုးကွယ်တဲ့ ဘာသာတရားကနေ ဆင်းသက်လာတာဖြစ်တယ်။ အဲဒီသွန်သင်ချက်တွေကို သင်ပေးနေတဲ့ ဘာသာတရားတွေက ဘုရားသခင်တောင်းဆိုချက်တွေအစား ဘာသာရေးထုံးတမ်းစဉ်လာတွေကိုပဲ ဦးစားပေးနေတာကြောင့် အသုံးမကျပဲ “အချည်းနှီး” ဖြစ်သွားတယ်။—မာကု ၇:၇၊ ၈။

ဘုရားသခင်က ဘာသာရေးကြောင်သူတော်တွေကို လုံးဝ မနှစ်သက်ပါဘူး။ (တိတု ၁:၁၆) ဘာသာတရားက ထုံးတမ်းစဉ်လာတွေ၊ ကျင့်စဉ်တွေကိုသာ အဓိကဦးစားမထားဘဲ လူတွေရဲ့နေ့စဉ်အသက်တာအပေါ် အကျိုးသက်ရောက်မှုရှိပြီး ဘုရားသခင်နဲ့ သူတို့ရင်းနှီးလာအောင် ကူညီပေးနိုင်ရမယ်။ ဥပမာ၊ ကျမ်းစာမှာ ဒီလို ဖော်ပြထားတယ်- “မှန်ကန်စွာဝတ်ပြုနေသည်ဟု မိမိကိုယ်ကိုထင်မှတ်သော်လည်း မိမိလျှာကို မထိန်းနိုင်၊ မိမိစိတ်နှလုံးကို လှည့်ဖြားနေသူဖြစ်လျှင် ထိုသူ၏ ဝတ်ပြုမှုသည် အချည်းနှီးဖြစ်၏။ ငါတို့အဖ ဘုရားသခင်၏ရှေ့တော်၌ သန့်ရှင်း၍ အညစ်အကြေးကင်းစင်သော ဝတ်ပြုမှုဟူမူကား မိဘမဲ့ကလေးများနှင့် မုဆိုးမများ ဒုက္ခရောက်ချိန်တွင် ကြည့်ရှုစောင့်ရှောက်ခြင်း၊ မိမိကိုယ်ကို လောကအညစ်အကြေးနှင့် ကင်းစင်စေခြင်းဖြစ်၏။” (ယာကုပ် ၁:၂၆၊ ၂၇) အညစ်အကြေးကင်းစင်သောဝတ်ပြုမှုကို King James Version ကျမ်းမှာ “သန့်ရှင်းစင်ကြယ်သော ဘာသာတရား” လို့ ပြန်ဆိုထားပါတယ်။ အကြောင်းက သန့်ရှင်းစင်ကြယ်ပြီး ဟန်ဆောင်မှု၊ အရေခြုံမှု မပါတဲ့ဝတ်ပြုကိုးကွယ်မှုဖြစ်လို့ပါ။

a ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ စစ်မှန်တဲ့ဘုရားသခင်ရဲ့ နာမည်ဖြစ်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ