ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • nwt စာ. ၁၂-စာ. ၁၃
  • မေးခွန်း ၅- ကျမ်းစာရဲ့ အဓိက သတင်းစကားက ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်း ၅- ကျမ်းစာရဲ့ အဓိက သတင်းစကားက ဘာလဲ
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
မေးခွန်း ၅- ကျမ်းစာရဲ့ အဓိက သတင်းစကားက ဘာလဲ

မေးခွန်း ၅

ကျမ်းစာရဲ့ အဓိကသတင်းစကားက ဘာလဲ

“မင်းနဲ့ မိန်းမကိုရော မင်းရဲ့မျိုးနွယ်နဲ့ မိန်းမရဲ့မျိုးနွယ်ကိုပါ ငါရန်ငြိုးဖွဲ့စေမယ်။ သူက မင်းရဲ့ခေါင်းကို ကြိတ်လိမ့်မယ်။ မင်းလည်း သူ့ဖနောင့်ကို ပေါက်ရလိမ့်မယ်။”

ကမ္ဘာဦး ၃:၁၅

“ငါ့စကားကို မင်းနားထောင်တဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအားလုံးဟာ မင်းရဲ့မျိုးနွယ်ကြောင့် ကောင်းချီးရလိမ့်မယ်။”

ကမ္ဘာဦး ၂၂:၁၈

“နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ။”

မဿဲ ၆:၁၀

“ငြိမ်သက်ခြင်း ပေးသနားတဲ့ ဘုရားသခင်က မကြာခင် စာတန်ကို ခင်ဗျားတို့ရဲ့ခြေအောက်မှာ ချေမှုန်းတော့မယ်။”

ရောမ ၁၆:၂၀

“အရာခပ်သိမ်းကို သားတော်ရဲ့ခြေအောက်မှာ ချထားပြီးတဲ့အခါ အရာခပ်သိမ်းကို ချထားတဲ့ ဘုရားသခင်ကို သားတော်ကိုယ်တိုင် လက်အောက်ခံလိမ့်မယ်။ အဲဒီအခါ ဘုရားသခင်ဟာ လူအားလုံးရဲ့ တစ်ပါးတည်းသော အုပ်စိုးရှင် ဖြစ်လိမ့်မယ်။”

၁ ကောရိန္သု ၁၅:၂၈

“ဘုရားသခင်က အာဗြဟံနဲ့ သူ့မျိုးနွယ်ကို ကတိပေးခဲ့တယ်။ . . .  ခရစ်တော်ကို ရည်ညွှန်းပြီး ‘မင်းရဲ့မျိုးနွယ်’ လို့ပြောထားတယ်။ ဒါ့အပြင် ခင်ဗျားတို့ဟာ ခရစ်တော်ပိုင်ဆိုင်သူတွေ ဖြစ်တဲ့အတွက် အာဗြဟံရဲ့ မျိုးနွယ်စစ်စစ်ပဲ။”

ဂလာတိ ၃:၁၆၊ ၂၉

“လောကနိုင်ငံဟာ ဘုရားသခင်ရဲ့နိုင်ငံနဲ့ ခရစ်တော်ရဲ့နိုင်ငံ ဖြစ်ပြီ။ ဘုရားသခင်က ဘုရင်အဖြစ် အစဉ်ထာဝရ အုပ်စိုးတော့မယ်။”

ဗျာဒိတ် ၁၁:၁၅

“ဒါကြောင့် လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စားသူ၊ မာရ်နတ် စာတန်လို့ခေါ်တဲ့ ရှေးမြွေဟောင်း၊ နဂါးကြီးဟာ မြေကြီးပေါ် ပစ်ချခံရတယ်။ သူနဲ့အတူ သူ့ရဲ့ ကောင်းကင်တမန်တွေလည်း ပစ်ချခံရတယ်။”

ဗျာဒိတ် ၁၂:၉

“သူက မာရ်နတ် စာတန်လို့ခေါ်တဲ့ ရှေးမြွေဟောင်း နဂါးကြီးကို ဖမ်းပြီး အနှစ် ၁,၀၀၀ ချည်နှောင်လိုက်တယ်။”

ဗျာဒိတ် ၂၀:၂

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ