ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bm အပိုင်း ၁၂ စာ. ၁၅
  • ဘဝအသက်တာကို လမ်းညွှန်ပေးသော ဘုရားသခင်၏ဉာဏ်ပညာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘဝအသက်တာကို လမ်းညွှန်ပေးသော ဘုရားသခင်၏ဉာဏ်ပညာ
  • သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပညာအလိမ္မာ ၃:၅၊ ၆—“ကိုယ့်ရဲ့ သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ဉာဏ်ပညာကိုရယူကာ ဆုံးမပဲ့ပြင်မှုကိုလက်ခံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ပညာအလိမ္မာ ၂၂:၆—“သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ပညာရှိဘုရင် ရှောလမုန်
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
bm အပိုင်း ၁၂ စာ. ၁၅
ကျမ်းစာခေတ်ကသူတွေ အတူတကွ ကောက်သင်းကောက်နေ

အပိုင်း ၁၂

ဘဝအသက်တာကို လမ်းညွှန်ပေးသော ဘုရားသခင်၏ဉာဏ်ပညာ

နယပုံပြင်ကျမ်းသည် ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုဖြင့် ရေးသားထားသော အကြံဉာဏ်ပေါင်းချုပ်ကျမ်းဖြစ်သည်။ နေ့စဉ်ဘဝအသက်တာကို လမ်းညွှန်ပေးသည့် ထိုအကြံဉာဏ်အများစုကို ရှောလမုန် ရေးသားသည်

ယေဟောဝါသည် ဉာဏ်ပညာရှိသောအုပ်စိုးရှင်လော။ ထိုမေးခွန်းကို ယတိပြတ်ဖြေဆိုနိုင်သည့် နည်းလမ်းတစ်ခုမှာ ကိုယ်တော်ပေးသောအကြံဉာဏ်ကို ဆန်းစစ်ကြည့်ခြင်းဖြစ်သည်။ ယင်းသည် ကျွန်ုပ်တို့ကို အကျိုးပြုသလော။ ယင်းအကြံဉာဏ်ကို လိုက်နာခြင်းက ပို၍ကောင်းသော၊ ပို၍အဓိပ္ပာယ်ပြည့်ဝသောအသက်တာကို ရရှိစေသလော။ ပညာရှိဘုရင်ရှောလမုန်သည် ရာနှင့်ချီသော ပညာရှိစကားများကို ရေးသားခဲ့သည်။ ယင်းတို့သည် ဘဝကဏ္ဍတိုင်းနှင့် သက်ဆိုင်မှုရှိသည်။ ဥပမာအချို့ကို သုံးသပ်ကြည့်ပါ။

ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်း။ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းသည် ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးရရှိစေသည့် အဓိကအချက်ဖြစ်သည်။ ရှောလမုန် ဤသို့ရေး၏– ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ယေဟောဝါကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။’ (သု. ၃:၅၊ ၆) ဘုရားသခင်၏လမ်းညွှန်မှုကို ရှာခြင်းနှင့် ကိုယ်တော့်ကိုနာခံခြင်းဖြင့် ယုံကြည်ကိုးစားကြောင်း တင်ပြခြင်းက အသက်တာကို များစွာအဓိပ္ပာယ်ရှိစေသည်။ ထိုသို့ပြုခြင်းဖြင့် လူသားတစ်ဦးသည် ယေဟောဝါ၏စိတ်နှလုံးကို ရွှင်လန်းစေနိုင်သည့်အပြင် ယေဟောဝါအနေဖြင့်လည်း မိမိ၏မဟာရန်သူဖြစ်သောစာတန် ပေါ်ပေါက်စေခဲ့သည့် အရေးကိစ္စများကို ပြန်ချေပနိုင်မည်ဖြစ်သည်။—သု. ၂၇:၁၁။

အခြားသူများနှင့် ပညာရှိစွာဆက်ဆံခြင်း။ လင်ယောက်ျား၊ ဇနီးနှင့် သားသမီးများအတွက် ဘုရားသခင်၏အကြံဉာဏ်သည် အခြားအချိန်များထက် ယခုအချိန်တွင် ပို၍အချိန်သင့်အခါသင့်ဖြစ်သည်။ ဘုရားသခင်သည် လင်ယောက်ျားများအား “အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့” ဟုအကြံပေးပြီး ယင်းက ဇနီးအပေါ် ဆက်သစ္စာရှိနေရန်ဆိုလိုသည်။ (သု. ၅:၁၈-၂၀) လင်ယောက်ျားနှင့်သားသမီးများ၏ ချစ်ခင်လေးစားမှုကိုရရှိသော လုပ်ရည်ကိုင်ရည်ရှိဇနီးတစ်ဦးနှင့်ပတ်သက်သည့် အလွန်နှစ်သက်ဖွယ်သရုပ်ဖော်ချက်ကို နယပုံပြင်ကျမ်းတွင် အိမ်ထောင်သည်အမျိုးသမီးများ တွေ့နိုင်သည်။ (အခန်းကြီး ၃၁) သားသမီးများသည်လည်း မိဘကိုနာခံခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်ကို တွေ့ရှိနိုင်သည်။ (သု. ၆:၂၀) ထို့ပြင် မိတ်ဆွေအပေါင်းအသင်းရှိခြင်းသည် အလွန်အရေးကြီးပြီး အခြားသူများနှင့် မပေါင်းသင်းဘဲ တစ်သီးပုဂ္ဂလနေခြင်းက တစ်ကိုယ်ကောင်းဆန်လာစေကြောင်းကိုလည်း ဤကျမ်းကဖော်ပြသည်။ (သု. ၁၈:၁၊ ကဘ) အပေါင်းအသင်းများသည် ကျွန်ုပ်တို့အပေါ် ကောင်းသောသြဇာလွှမ်းမိုးနိုင်သကဲ့သို့ မကောင်းသောသြဇာလည်း လွှမ်းမိုးနိုင်သည်ဖြစ်ရာ ပညာရှိစွာရွေးချယ်ရန် လိုအပ်သည်။—သု. ၁၃:၂၀; ၁၇:၁၇။

မိမိကိုယ်ကို ကောင်းစွာဂရုစိုက်ခြင်း။ ဤကျမ်းတွင် အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ခြင်း၊ စိတ်ကောင်းမွေးခြင်း၊ စိတ်ပုပ်စိတ်ယုတ်များကို တိုက်လှန်ခြင်း၊ လုံ့လရှိသောလုပ်သားတစ်ဦးဖြစ်ခြင်းတို့နှင့်ပတ်သက်၍ အဖိုးမဖြတ်နိုင်သောအကြံဉာဏ် ပါရှိသည်။ (သု. ၆:၆; ၁၄:၃၀; ၂၀:၁) ထို့ပြင် ဘုရားသခင့်အကြံဉာဏ်အစား လူ့ဝေဖန်ဆုံးဖြတ်ချက်များကို ကိုးစားခြင်းက ဘေးဒုက္ခရောက်စေကြောင်း သတိပေးထားသည်။ (သု. ၁၄:၁၂) ကျွန်ုပ်တို့၏စိတ်နှလုံးကို အကျင့်ယိုယွင်းစေသော ဩဇာလွှမ်းမိုးမှုများမှ ကာကွယ်စောင့်ရှောက်ရန် တိုက်တွန်းထားပြီး “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်” ကြောင်း သတိပေးထားသည်။—သု. ၄:၂၃။

ထိုအကြံဉာဏ်များနှင့်အညီနေထိုင်ခြင်းသည် ပို၍ကောင်းသောအသက်တာကို ရရှိစေကြောင်း ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာ တွေ့ရှိခဲ့ကြပြီ။ ရလဒ်အနေနှင့် ယေဟောဝါကို သူတို့၏အုပ်စိုးရှင်အဖြစ် လက်ခံရန် အကြောင်းကောင်းများစွာ သူတို့ရရှိထားကြသည်။

—နယပုံပြင်ကျမ်းကို အခြေခံသည်။

  • သု.ကျမ်းကို လေ့လာခြင်းမှ အဘယ်အရာ သင်ယူနိုင်သနည်း။

  • ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်း၊ အခြားသူများနှင့် ပညာရှိစွာဆက်ဆံခြင်း၊ မိမိကိုယ်ကို ကောင်းစွာဂရုစိုက်ခြင်းတို့နှင့်ပတ်သက်၍ သု.ကျမ်းတွင် အဘယ်လမ်းညွှန်ချက်ပေးထားသနည်း။

ဒေဿနာကျမ်း

ကျေနပ်ရောင့်ရဲမှုနှင့် ဘဝအဓိပ္ပာယ်ကို အဘယ်နေရာတွင် တွေ့ရှိနိုင်သနည်း။ ရှောလမုန်သည် ထိုမေးခွန်း၏အဖြေကိုရှာဖွေရန် အလွန်ကောင်းသောအနေအထားတွင်ရှိ၏။ အတိုင်းမသိကြွယ်ဝမှု၊ ဉာဏ်ပညာနှင့် အခွင့်အာဏာတို့ သူ့တွင်ရှိပြီး ယင်းတို့မှ စစ်မှန်သောပျော်ရွှင်မှု ရရှိနိုင်မနိုင်ကို စမ်းကြည့်နိုင်သည်။ စည်းစိမ်ဥစ္စာ၏ဇိမ်ကျမှုနောက် လိုက်ခဲ့သည်၊ လှပသောမိန်းမများစွာနှင့် ထိမ်းမြားခဲ့သည်၊ အကောင်းဆုံးနည်းဖြင့် အပန်းဖြေခဲ့သည်။ ကြီးကျယ်လှသော ဆောက်လုပ်ရေး စီမံကိန်းများကိုလည်း အကောင်အထည်ဖော်ခဲ့သည်။ ပညာရှင်တို့၏စာပေကျမ်းဂန်များကိုလည်း လေ့လာလိုက်စားခဲ့သည်။ အဘယ်အရာကို သူတွေ့ရှိခဲ့သနည်း။ ‘အလုံးစုံတို့သည် အချည်းနှီးဖြစ်ကြသည်’ ဟုသူပြောသည်။ သို့သော် ဤအရေးပါ အမှန်တရားကို သူတွေ့ရှိခဲ့သည်– “အချုပ်အခြာစကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။”—ဒေ. ၁၂:၈၊ ၁၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ